ထိုင်းဗီဇာလျှောက်ထားမှုများနေခြင်းကြောင့် ထိုင်းသံရုံးက လူဦးရေကန့်သတ်လိုက်

ထိုင်းဗီဇာလျှောက်ထားမှုများနေခြင်းကြောင့် ထိုင်းသံရုံးက လူဦးရေကန့်သတ်လိုက် - Property Knowledge in Myanmar from iMyanmarHouse.com
15 Feb 2024 11:09 am တွင် တင်ခဲ့သည်
1155 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံထိုင်းသံရုံးတွင် Tourist Visa, Non Immigrant Visa ( ED , Business ), Language school, Work permit စသည်ဖြင့် နေ့စဉ်ဗီဇာလာရောက်လျှောက်ထားသူများ အလွန်များပြားလာသည့်အတွက်ကြောင့် ဗီဇာလျှောက်ထားခြင်းကို တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်ကြေငြာလိုက်သည်။

ယင်းအပြင် ထိုင်းဗီဇာလျှောက်ထားရာတွင် လာရောက်သူများကို တိုကင်စနစ်ဖြင့်သွားမည်ဖြစ်ရာ တိုကင်နံပါတ် အလွဲသုံးစားပြုခြင်းနှင့် တိုကင်အတုအပ ပြုလုပ်ပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ထိုင်းသံရုံးက သိရသည်။

ထို့ပြင် ဗီဇာလျှောက်ထားရာ၌ တန်းစီစနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး တိုကင်နံပါတ်အား ရုံးဖွင့်ချိန် မတိုင်မီ နံနက် ၈ နာရီခွဲမှ စတင်၍ ဗီဇာလျှောက်ထားမည့်သူများအား ပေးဝေမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ပတ်စ်ပို့နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်မည့်လူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်း ရေးမှတ်ရမည်ဖြစ်သောကြောင့် အဆိုပါ တိုကင်နံပါတ်ကို တခြားသူထံ လွှဲပြောင်းခြင်း ပြုလုပ်၍ မရကြောင်း ဖော်ပြထားသည်။

တိုကင်နံပါတ်တစ်ခုလျှင် လျှောက်ထားမည့်သူတစ်ဦးအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုကင်နံပါတ်အား အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် တိုကင်အတုအပပြုလုပ်သည်ကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်မည်ဖြစ်ကာ Blacklist ထဲ၌ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း၊ ဗီဇာလျှောက်လွှာများအား ရုံးဖွင့်ချိန် နံနက် ၉ နာရီမှ စတင်လက်ခံမည်ဖြစ်ပြီး လျှောက်လွှာမတင်မီ လျှောက်လွှာတင်မည့်သူနှင့် တိုကင်နာမည်စာရင်းပေးထားသူ၏ ပတ်စ်ပို့နှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးပြီးမှသာ ဗီဇာလျှောက်လွှာများအား လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဗီဇာကောင်တာတွင် လျှောက်လွှာတင်ပြီးပါက တိုကင်နံပါတ်များအား ဗီဇာကောင်တာရှိ တာဝန်ရှိသူများထံ ပြန်ပေးရမည်ဖြစ်ပြီး ဗီဇာလျှောက်ထားရာ၌ လိုအပ်သော အချက်အလက်များအား QR Code တွင် Scan ဖတ်၍ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် အကယ်၍ စာရွက်စာတမ်းအချက်အလက်များ မပြည့်စုံပါက လျှောက်လွှာများအား လက်ခံမည်မဟုတ်ကြောင်း၊ တိုကင်နံပါတ်များအား ပျောက်ဆုံး သို့မဟုတ် ပျက်စီးပါက ထိုင်းသံရုံးမှ ဗီဇာလျှောက်လွှာများကို လက်ခံမည်မဟုတ်ကြောင်း ကြေညာထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Photo Credit: Aung Kyaw Soe (FB)

 

 

 

 

[Zawgyi]

ထိုင္းဗီဇာေလွ်ာက္ထားမႈမ်ားေနျခင္းေၾကာင့္ ထိုင္းသံ႐ုံးက လူဦးေရကန္႔သတ္လိုက္

 

ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံထိုင္းသံ႐ုံးတြင္ Tourist Visa, Non Immigrant Visa ( ED , Business ), Language school, Work permit စသည္ျဖင့္ ေန႔စဥ္ဗီဇာလာေရာက္ေလွ်ာက္ထားသူမ်ား အလြန္မ်ားျပားလာသည့္အတြက္ေၾကာင့္ ဗီဇာေလွ်ာက္ထားျခင္းကို တစ္ရက္လွ်င္ လူဦးေရ ၄၀၀ သာ လက္ခံမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕႐ွိ ထိုင္းသံ႐ုံးက ထုတ္ျပန္ေၾကျငာလိုက္သည္။ ယင္းအျပင္ ထိုင္းဗီဇာေလွ်ာက္ထားရာတြင္ လာေရာက္သူမ်ားကို တိုကင္စနစ္ျဖင့္သြားမည္ျဖစ္ရာ တိုကင္နံပါတ္ အလြဲသုံးစားျပဳျခင္းႏွင့္ တိုကင္အတုအပ ျပဳလုပ္ပါက ဗီဇာေလွ်ာက္ထားခြင့္ ပိတ္ပင္ခံရမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ ထိုင္းသံ႐ုံးက သိရသည္။

ထို႔ျပင္ ဗီဇာေလွ်ာက္ထားရာ၌ တန္းစီစနစ္ကို က်င့္သုံးမည္ျဖစ္ၿပီး တိုကင္နံပါတ္အား ႐ုံးဖြင့္ခ်ိန္ မတိုင္မီ နံနက္ ၈ နာရီခြဲမွ စတင္၍ ဗီဇာေလွ်ာက္ထားမည့္သူမ်ားအား ေပးေဝမည္ျဖစ္ေၾကာင္း၊ တာဝန္႐ွိသူမ်ားက ပတ္စ္ပို႔ႏွင့္ ေသခ်ာစစ္ေဆးၿပီး မွန္ကန္မွသာလွ်င္ ဗီဇာေလွ်ာက္မည့္လူကိုယ္တိုင္ တိုကင္ထုတ္ယူၿပီး နာမည္စာရင္း ေရးမွတ္ရမည္ျဖစ္ေသာေၾကာင့္ အဆိုပါ တိုကင္နံပါတ္ကို တျခားသူထံ လႊဲေျပာင္းျခင္း ျပဳလုပ္၍ မရေၾကာင္း ေဖာ္ျပထားသည္။

တိုကင္နံပါတ္တစ္ခုလွ်င္ ေလွ်ာက္ထားမည့္သူတစ္ဦးအတြက္သာ အက်ံဳးဝင္မည္ျဖစ္ေၾကာင္း၊ အကယ္၍ တိုကင္နံပါတ္အား အလြဲသုံးစားလုပ္ျခင္း သို႔မဟုတ္ တိုကင္အတုအပျပဳလုပ္သည္ကို ေတြ႕႐ွိပါက ဗီဇာေလွ်ာက္ထားခြင့္ ပိတ္ပင္မည္ျဖစ္ကာ Blacklist ထဲ၌ မွတ္တမ္းတင္သြားမည္ျဖစ္ေၾကာင္း၊ ဗီဇာေလွ်ာက္လႊာမ်ားအား ႐ုံးဖြင့္ခ်ိန္ နံနက္ ၉ နာရီမွ စတင္လက္ခံမည္ျဖစ္ၿပီး ေလွ်ာက္လႊာမတင္မီ ေလွ်ာက္လႊာတင္မည့္သူႏွင့္ တိုကင္နာမည္စာရင္းေပးထားသူ၏ ပတ္စ္ပို႔ႏွင့္ ကိုက္ညီမႈ ႐ွိ မ႐ွိ စစ္ေဆးၿပီးမွသာ ဗီဇာေလွ်ာက္လႊာမ်ားအား လက္ခံမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ဗီဇာေကာင္တာတြင္ ေလွ်ာက္လႊာတင္ၿပီးပါက တိုကင္နံပါတ္မ်ားအား ဗီဇာေကာင္တာ႐ွိ တာဝန္႐ွိသူမ်ားထံ ျပန္ေပးရမည္ျဖစ္ၿပီး ဗီဇာေလွ်ာက္ထားရာ၌ လိုအပ္ေသာ အခ်က္အလက္မ်ားအား QR Code တြင္ Scan ဖတ္၍ စစ္ေဆးႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ အကယ္၍ စာ႐ြက္စာတမ္းအခ်က္အလက္မ်ား မျပည့္စုံပါက ေလွ်ာက္လႊာမ်ားအား လက္ခံမည္မဟုတ္ေၾကာင္း၊ တိုကင္နံပါတ္မ်ားအား ေပ်ာက္ဆုံး သို႔မဟုတ္ ပ်က္စီးပါက ထိုင္းသံ႐ုံးမွ ဗီဇာေလွ်ာက္လႊာမ်ားကို လက္ခံမည္မဟုတ္ေၾကာင္း ေၾကညာထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Photo Credit: Aung Kyaw Soe (FB)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service