ကမ္ဘာ့အရက်ရောဆုံး ပုဂ္ဂိုလ်မှာ အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်ပြီး ရူပီး ၈၂၉၇၃၄ ကုဋေ လှူဒါန်းခဲ့
ကမ္ဘာ့အရက်ရောဆုံး ပုဂ္ဂိုလ်မှာ အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်ပြီး ရူပီး ၈၂၉၇၃၄ ကုဋေ လှူဒါန်းခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
1 Feb 2024 11:57 am တွင် တင်ခဲ့သည်
965 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
Tata Group တည်ထောင်သူသည် ပြီးခဲ့သော ရာစုနှစ်အတွင်း ကမ္ဘာပေါ်တွင် အရက်ရောဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ ကြောင်း EdleGive Foundation နှင့် Hurun Report 2021 တို့တွင် ဖော်ပြသည်။
Tata Group တည်ထောင်သူ ဂျမ်းဆက်ဂျီ တာတာ (Jamsetji Tata) (မွေး ၁၈၃၉- ကွယ်လွန် ၁၉၀၄)သည် ရူပီး ၈၂၉၇၃၄ ကုဋေ (ကန်ဒေါ်လာ ၁၀၂ ဒသမ ၄ ဘီလီယံခန့်) လှူဒါန်းခဲ့ပြီး ကမ္ဘာ့အရက်ရောဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ ကာ ထိုစာရင်းတွင် ဘီလ်ဂိတ်မှာ ဒုတိယနေရာတွင် ရပ်တည်နေသည်။
ဂျမ်းဆက်ဂျီ တာတာကို အိန္ဒိယ စက်မှုလုပ်ငန်း နယ်ပယ်၏ ဖခင်ကြီးအဖြစ် ရည်ညွှန်းလေ့ရှိသည်။
ဂျမ်းဆက်ဂျီ တာတာကို ခေတ်သစ်အိန္ဒိယနိုင်ငံအား တည်ထောင်သူများတွင် တစ်ဦးအပါအဝင်အဖြစ် ဂုဏ်ပြုထိုက်ကြောင်း အိန္ဒိခေါင်းဆောင်ကြီး ဂျဝါဟလာ နေရူးက ပြောခဲ့ဖူးသည်။
ဂျမ်းဆက်ဂျီ တာတာသည် အဓိကအားဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အများဆုံး လှူဒါန်းခဲ့သည်။
တာတာသည် လှူဒါန်းမှုများကို ၁၈၉၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။
ဂျမ်းဆက်ဂျီ တာတာသည် ၁၉၀၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း Tata Group ၏ ဥက္ကဌ Emeritus Ratan Tata က ယခုအခါ Tata Group ၏ ပရဟိတလုပ်ငန်းများကို ကွပ်ကဲလျက် ရှိသည်။
“ပရဟိတ သမားတွေ များစွာဟာ ပထမမျိုးဆက်ထက် ဒုတိယမျိုးဆက်မှာ လှူဒါန်းကြတာ များပါတယ်။ ဥပမာ အားဖြင့် ဖို့ဒ်ဖောင်ဒေးရှင်းလိုပေါ့။ ဖို့ဒ်ဖောင်ဒေးရှင်းကို ဟင်နရီဖို့ဒ်ရဲ့ သားက တည်ထောင်ခဲ့တာပါ”ဟု Hurun Report ၏ ဥက္ကဌ Rupert Hoogewerf က ပြောသည်။
ကမ္ဘာ့ထိပ်တန်း လှူဒါန်းသူ ၅၀ ဦးစာရင်းတွင် တာတာအပြင် အခြားအိန္ဒိယနိုင်ငံသား တစ်ဦးသာ ပါဝင်သည်။
၎င်းမှာ Wipro တည်ထောင်သူ Azim Premji ဖြစ်ပြီး ကန်ဒေါ်လာ ၂၂ ဘီလီယံ လှူဒါန်းခဲ့သည်။
ဂျမ်းဆက်ဂျီ တာတာသည် ဂူဂျာရတ်ပြည်နယ်တွင် နေထိုင်သော ဖာရစီ မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။
ပါရှားကို မူစလင်တို့ သိမ်းပိုက်ပြီးနောက်ပိုင်း တာတာတို့ မိသားစုမှာ အခြားသူများစွာနှင့်အတူ အိန္ဒိယသို့ ထွက်ပြေး ခိုလှုံခဲ့ကြသည်။
သူ၏ မိသားစုမှာ ဘုန်းတော်ကြီးများ ဖြစ်ကြသည်။
ထိုအချိန်က သူ့မိသားစုမှာ စီးပွားရေးမကောင်း။
ဂျမ်းဆက်ဂျီ တာတာက ဘုန်းကြီးဘဝခံယူလေ့ရှိသော မိသားစု၏ ဓလေ့ကို ချိုးဖျက်ခဲ့ကာ သူ၏ မိသားစုတွင် ပထမဆုံး စီးပွားရေးလုပ်သူတစ်ဦး ဖြစ်ခဲ့သည်။
တာတာသည် Hirabao Daboo နှင့် လက်ထပ်ခဲ့ပြီး Dorabji Tata နှင့် Ratanji Tata ဟူသော သား ၂ ဦး ထွန်းကားသည်။
Ratanji Tata မှာ နောင်အခါတွင် ဖခင်၏ လုပ်ငန်းများကို ဆက်ခံခဲ့သည်။ ဂျမ်းဆက်ဂျီ တာတာသည် ၁၉၀၀ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံသို့ လုပ်ငန်းအတွက် ခရီးထွက်စဉ် အပြင်းအထန် နာမကျန်း ဖြစ်ခဲ့သည်။
ယင်းနောက် ၁၉၀၄ ခုနှစ် ၊ မေလ ၁၉ ရက်တွင် ဂျာမနီနိုင်ငံ ၊ Bad Nauheim မြို့တွင် ကွယ်လွန်သွားခဲ့သည်။
သူ၏ ကြွင်းကျန်သော ရုပ်အလောင်းကို အင်္ဂလန်နိုင်ငံ ၊ Woking မြို့ရှိ Brookwood သုဿန်ရှိ ဖာရစီသင်္ချိုင်း တွင် မြှုပ်နှံခဲ့သည်။
(Brookwood သုဿန်ရှိ ဂျမ်းဆက်ဂျီ တာတာ ဂူဗိမာန်။ ဓာတ်ပုံ-Wikipedia)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World's most charitable man, an Indian, donated Rs 829734 crore, not Mukesh Ambani, Ratan Tata, Azim Premji, Shiv Nadar (dnaindia)
Photo Credit: DNA , wikipedia
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service