Amazon တည်ထောင်သူ ဂျက်ဘေဇော့စ် ကုမ္ပဏီတည်ထောင်စက ငွေကုန်သက်သာစေရန် တံခါးပေါက်ဖြင့် စားပွဲခုံ ပြုလုပ်အသုံးပြုခဲ့ပြီး ယနေ့တိုင် အသုံးပြုနေဆဲဖြစ်
Amazon တည်ထောင်သူ ဂျက်ဘေဇော့စ် ကုမ္ပဏီတည်ထောင်စက ငွေကုန်သက်သာစေရန် တံခါးပေါက်ဖြင့် စားပွဲခုံ ပြုလုပ်အသုံးပြုခဲ့ပြီး ယနေ့တိုင် အသုံးပြုနေဆဲဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2024 11:16 am တွင် တင်ခဲ့သည်
931 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
Amazon တည်ထောင်သူ ဂျက်ဘေဇော့စ်သည် ကုမ္ပဏီတည်ထောင်စက ငွေကုန်သက်သာစေရန် တံခါးပေါက် ဖြင့် စားပွဲခုံ ပြုလုပ်အသုံးပြုခဲ့ပြီး ထိုစားပွဲကို ယနေ့တိုင် အသုံးပြုနေဆဲဖြစ်ကြောင်း သူ၏ ချစ်သူမိန်းကလေး လော်ရန်ဆန်းချက်ဇ်၏ လူမှုကွန်ရက်ပို့စ်တွင် ဖော်ပြထားသည်ဟု Foxbusiness သတင်းတစ်ရပ်တွင် ဖော်ပြသည်။
လော်ရန်ဆန်းချက်ဇ်သည် ပြီးခဲ့သော တနင်္ဂနွေနေ့က အင်စတာဂရမ်တွင် ဓာတ်ပုံတစ်ပုံတင်ခဲ့သည်။
ထိုဓာတ်ပုံတွင် ဂျက်ဘေဇော့စ်သည် Amazon စတင်တည်ထောင်ချိန်က အသုံးပြုခဲ့သော မူရင်းစားပွဲတွင် အလုပ်လုပ်နေပုံ တွေ့ရသည်။
ထိုစားပွဲသည် ကုန်ကျစရိတ်သက်သာစေရန် အိမ်တံခါးဟောင်းတစ်ခုကို အသုံးပြုပြီး ဂျက်ဘေဇော့စ်နှင့် သူငယ်ချင်းများက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က Amazon မှာ ထွန်းသစ်စ ကုမ္ပဏီငယ်ဘဝတွင်သာ ရှိသေးသည်။
(တံခါးဟောင်းတစ်ခုဖြင့် ပြုလုပ်ထားသော စားပွဲတွင် ဂျက်ဘေဇော့စ် အလုပ်လုပ်နေပုံ။ ဓာတ်ပုံ-Lauren Sanchez/Instagram)
“ဒီနှစ်ကာလတွေ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ခုမနက်မှာ သူအလုပ်လုပ်နေတဲ့နေရာကို ကျွန်မဝင်လာခဲ့ပြီး ဒီဓာတ်ပုံကို ရိုက်ခဲ့ပါတယ်”ဟု လော်ရန်ဆန်းချက်ဇ်က ရေးသားထားသည်။
ကုမ္ပဏီ စတင်ချိန်ကတည်းက အသုံးပြုခဲ့သော ပထမဆုံး စားပွဲများမှတစ်ခုတွင် ယနေ့တိုင် အလုပ်လုပ်နေ သည့်အပေါ် သဘောကျမိကြောင်းလည်း ဆန်းချက်ဇ်က ရေးသားဖော်ပြထားသည်။
အဆိုပါ နေရာတွင် နာရီပေါင်း မရေမတွက်နိုင်အောင် အပြင်းအထန် အလုပ်လုပ်ခဲ့ပြီး ကုမ္ပဏီစတင်သည့် နေ့ရက်မှ စိတ်ဓာတ်မျိုးအတိုင်း ရှိခဲ့ကြောင်းလည်း သူမက ရေးသားထားသည်။
(Amazon တည်ထောင်သူ ဂျက်ဘေဇော့စ်ကို ဝါရှင်တန်ပြည်နယ် ၊ ဆီယက်တဲမြို့ရှိ Amazon ၏ ဂိုဒေါင်တွင် စာအုပ်ပုံများနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Getty Images)
ဂျက်ဘေဇော့စ်သည် Amazon ကို ၁၉၉၄ ခုနှစ် ၊ ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့ပြီး စာအုပ်များအတွက် အွန်လိုင်းအရောင်းနေရာအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။
ဝါရှင်တန်ပြည်နယ် Bellevue ရှိ နေအိမ်ဂိုဒေါင်မှ စတင်ခဲ့သည်။
Amazon ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ တံခါးဖြင့် ပြုလုပ်ထားသော စားပွဲများမှာ ၁၉၉၅ ခုနှစ် နွေရာသီ တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဂျက်ဘေဇော့စ်နှင့် ဝန်ထမ်းလက်တစ်ဆုပ်စာမှာ စားပွဲခုံများ လိုအပ်နေချိန်တွင် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဂျက်ဘေဇော့စ်၏ သူငယ်ချင်း ၊ Amazon ၏ ပဉ္စမမြောက်ဝန်ထမ်းဖြစ်သူ Nico Lovejoy က ပြောသည်မှာ “ကျွန်တော်တို့နေရာရဲ့ မျက်နှာချင်းဆိုင်မှာ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ခု ရှိပါတယ်။ သူက ရောင်းဖို့ရှိတဲ့ စားပွဲခုံတွေနဲ့ တံခါးတွေကို သွားကြည့်တယ်။ တံခါးတွေက တော်တော်လေး ဈေးပိုသက်သာနေတယ်။ ဒါကြောင့် သူက တံခါးတစ်ခုဝယ်ပြီး ခြေထောက်တွေ တပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်”ဟု ပြောသည်။
(ဂျက်ဘေဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့ကို ၂၀၂၂ ခုနှစ် ၊ မေလ ၉ ရက်က နယူးယောက်မြို့ Jacob Javits စင်တာတွင် အတူတွေ့ရပုံ။ ဓာတ်ပုံ-Getty Images)
ယနေ့အခါတွင် ကမ္ဘာတစ်ဝန်းရှိ Amazon ရုံးများ၌ ဝန်ထမ်းထောင်ပေါင်းများစွာသည် ဂျက်ဘေဇော့စ် အသုံးပြု ခဲ့သော တံခါးစားပွဲပုံစံမျိုးကို အသုံးပြုလျက်ရှိကြကြောင်း Amazon ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
Amazon ၏ ဝက်ဘ်ဆိုက်တွင် Amazon တွင် အသုံးပြုနေသော တံခါးစားပွဲမျိုး မည်သို့ လုပ်ရမည်ကို ရေးသား ထားသည့် စာအုပ်တစ်အုပ်လည်း ဖော်ပြထားသည်။
ထိုစာအုပ်ကို ရေးသူမှာ Lovejoy ဖြစ်သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos still using homemade door desk from Amazon’s early days (foxbusiness)
Photo Credit: Getty Images
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CarsDB
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service