အမေရိကန်တွင် နံပါတ်တူ ထီလက်မှတ် အစောင် ၃၀ ကို ဝယ်ယူကံစမ်းသော အမျိုးသား ဒေါ်လာ ၁၅၀၀၀၀ ထီပေါက်၊ ထိုနည်းလမ်းဖြင့် ဒုတိယအကြိမ် ကံထူးခြင်းဖြစ်

အမေရိကန်တွင် နံပါတ်တူ ထီလက်မှတ် အစောင် ၃၀ ကို ဝယ်ယူကံစမ်းသော အမျိုးသား ဒေါ်လာ ၁၅၀၀၀၀ ထီပေါက်၊ ထိုနည်းလမ်းဖြင့် ဒုတိယအကြိမ် ကံထူးခြင်းဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2024 10:15 am တွင် တင်ခဲ့သည်
783 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားတစ်ဦးသည် Pick 4 ထီမှ ဂဏန်းတူ ထီလက်မှတ် အစောင် ၃၀ ကို ၁ စောင်လျှင် ၁ ဒေါ်လာဖြင့် ဝယ်ယူကံစမ်းခဲ့သည်။

၎င်းက 1-1-2-9 ဟူသော ဂဏန်း ၄ လုံးတွဲ တစ်မျိုးတည်းကိုသာ အစောင် ၃၀ လုံး ကံစမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂဏန်းတွဲမှာ ဒေါ်လာ ၅၀၀၀ ဆု ထီပေါက်ခဲ့ရာ အစောင် ၃၀ လုံး ပေါက်မဲလက်မှတ်များ ဖြစ်ခဲ့သည်။

ထို့ကြောင့် Dana Bickham အမည်ရှိ ထိုအမျိုးသားမှာ စုစုပေါင်း ဆုကြေးငွေ ကန်ဒေါ်လာ ၁၅၀၀၀၀ ရရှိသွားသည်။

အဆိုပါထီသည် ဗာဂျီးနီးယားပြည်နယ်တွင် ဖွင့်လှစ်သော ထီဖြစ်ပြီး ကံထူးနိုင်ခြေမှာ အပုံ ၁၀၀၀၀ ပုံလျှင် ၁ ပုံ ဖြစ်သည်။

Bickham သည် ယခင်ကလည်း ဤနည်းလမ်းဖြင့်ပင် ကံစမ်းကာ ထီပေါက်ခဲ့ဖူးသည်။

ဗာဂျီးနီးယား ထီဌာနက ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် Bickham သည် ပြီးခဲ့သောနှစ် မေလကလည်း ဂဏန်းတူ ထီလက်မှတ် ၂၅ စောင် ကံစမ်းကာ ထီပေါက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုစဉ်က ဒေါ်လာ ၁၂၅၀၀၀ ဆုငွေ ရရှိခဲ့သည်။

ယခုကံထူးခြင်းနှင့် စပ်လျဉ်းပြီး Bickham က ထီရုံးအရာရှိတို့အား ပြောခဲ့သည်မှာ “ခင်ဗျားတို့က ကျွန်တော့်ကို နောက်ပြောင်နေတယ်လို့ ထင်ခဲ့တာ”ဟု ဆိုသည်။

ဗာဂျီးနီးယားထီရုံး၏ ထုတ်ပြန်ချက်တွင် Bickham က ၎င်း၏ ဆုငွေများကို စုဆောင်းထားရန် ရည်ရွယ်ထားပြီး အချို့ကိုမူ အပန်းဖြေခရီးထွက်ခြင်းအတွက် အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြသည်။

Bickham ၏ နည်းလမ်းသည် ကံကောင်းမှုအပေါ်တွင်သာ မူတည်နေသည်ဆိုသော်လည်း အချို့သော သင်္ချာပညာရှင်များကမူ ထီစနစ်ကို ချိုးဖောက်နိုင်သည့် နည်းလမ်းများရှိကြောင်း ပြောသည်။

ပြီးခဲ့သောလအတွင်း Business Insider က ဖော်ပြခဲ့သော သတင်းတစ်ရပ်တွင် ဗြိတိန်သင်္ချာပညာရှင်တို့က ဗြိတိန်အမျိုးသားထီတွင် ထီလက်မှတ် ၂၇ စောင် ဝယ်လျှင် ထီပေါက်ရန် အာမခံချက်ရှိကြောင်း တွက်ချက်ပြသခဲ့ကြသည်ဟု ဆိုသည်။

သို့သော် ထီပေါက်မည်ဟုသာ အာမခံခြင်းဖြစ်ပြီး ထီထိုးသူများအနေဖြင့် ထီလက်မှတ်ဖိုး ကုန်ကျစရိတ် ကာမိစေမည့် ဆုကြီးမျိုး ပေါက်လိမ့်မည်ဟု အာမ မခံချေ။

အခြားသင်္ချာပညာရှင်တစ်ဦးဖြစ်သော Stefan Mandel သည် ထီဆုကြီးပေါက်စေမည့် အဆင့် ၆ ဆင့် ဖော်မြူလာကို ချပြခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ၁၄ ကြိမ် ထီပေါက်ခဲ့သည်။

၎င်းသည် ယခုအခါ လူသူအလှမ်းကွာသော ကျွန်းတစ်ကျွန်းတွင် လုပ်ငန်းများမှ အနားယူကာ အေးချမ်းစွာဘဝဖြတ်သန်းလျက်ရှိသည်။

Mandel ၏ နည်းလမ်းမှာ ထိုအချိန်က တရားဝင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အမေရိကန်နှင့် သြစတေးလျတို့၌ သူ၏ နည်းလမ်းမျိုးကို ကာကွယ်ရန် ဥပဒေများ ချမှတ်ထားရာ ထိုနည်းဖြင့် ထီထိုးရန် မဖြစ်နိုင်တော့ချေ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: A man bought 30 identical lottery tickets for $1 each and won $150,000. It's the second time the strategy has worked for him. (news.yahoo)

 

 

 

 

 

 

[Zawgyi]

 

အေမရိကန္တြင္ နံပါတ္တူ ထီလက္မွတ္ အေစာင္ ၃၀ ကို ဝယ္ယူကံစမ္းေသာ အမ်ဳိးသား ေဒၚလာ ၁၅၀၀၀၀ ထီေပါက္၊ ထိုနည္းလမ္းျဖင့္ ဒုတိယအၾကိမ္ ကံထူးျခင္းျဖစ္

 

အေမရိကန္ျပည္ေထာင္စု ဗာဂ်ီးနီးယားျပည္နယ္မွ အမ်ဳိးသားတစ္ဦးသည္ Pick 4 ထီမွ ဂဏန္းတူ ထီလက္မွတ္ အေစာင္ ၃၀ ကို ၁ ေစာင္လွ်င္ ၁ ေဒၚလာျဖင့္ ဝယ္ယူကံစမ္းခဲ့သည္။

၎က 1-1-2-9 ဟူေသာ ဂဏန္း ၄ လံုးတြဲ တစ္မ်ဳိးတည္းကိုသာ အေစာင္ ၃၀ လံုး ကံစမ္းခဲ့ျခင္း ျဖစ္သည္။

အဆုိပါ ဂဏန္းတြဲမွာ ေဒၚလာ ၅၀၀၀ ဆု ထီေပါက္ခဲ့ရာ အေစာင္ ၃၀ လံုး ေပါက္မဲလက္မွတ္မ်ား ျဖစ္ခဲ့သည္။

ထို႔ေၾကာင့္ Dana Bickham အမည္ရွိ ထိုအမ်ဳိးသားမွာ စုစုေပါင္း ဆုေၾကးေငြ ကန္ေဒၚလာ ၁၅၀၀၀၀ ရရွိသြားသည္။

အဆုိပါထီသည္ ဗာဂ်ီးနီးယားျပည္နယ္တြင္ ဖြင့္လွစ္ေသာ ထီျဖစ္ျပီး ကံထူးႏိုင္ေျခမွာ အပံု ၁၀၀၀၀ ပံုလွ်င္ ၁ ပံု ျဖစ္သည္။

Bickham သည္ ယခင္ကလည္း ဤနည္းလမ္းျဖင့္ပင္ ကံစမ္းကာ ထီေပါက္ခဲ့ဖူးသည္။

ဗာဂ်ီးနီးယား ထီဌာနက ထုတ္ျပန္ခဲ့သည့္ သတင္းထုတ္ျပန္ခ်က္တြင္ Bickham သည္ ျပီးခဲ့ေသာႏွစ္ ေမလကလည္း ဂဏန္းတူ ထီလက္မွတ္ ၂၅ ေစာင္ ကံစမ္းကာ ထီေပါက္ခဲ့ေၾကာင္း ေဖာ္ျပသည္။

ထုိစဥ္က ေဒၚလာ ၁၂၅၀၀၀ ဆုေငြ ရရွိခဲ့သည္။

ယခုကံထူးျခင္းႏွင့္ စပ္လ်ဥ္းျပီး Bickham က ထီရံုးအရာရွိတို႔အား ေျပာခဲ့သည္မွာ “ခင္ဗ်ားတို႔က ကၽြန္ေတာ့္ကို ေနာက္ေျပာင္ေနတယ္လို႔ ထင္ခဲ့တာ”ဟု ဆိုသည္။

ဗာဂ်ီးနီးယားထီရံုး၏ ထုတ္ျပန္ခ်က္တြင္ Bickham က ၎၏ ဆုေငြမ်ားကို စုေဆာင္းထားရန္ ရည္ရြယ္ထားျပီး အခ်ဳိ႕ကိုမူ အပန္းေျဖခရီးထြက္ျခင္းအတြက္ အသံုးျပဳဖြယ္ရွိေၾကာင္း ေဖာ္ျပသည္။

Bickham ၏ နည္းလမ္းသည္ ကံေကာင္းမႈအေပၚတြင္သာ မူတည္ေနသည္ဆိုေသာ္လည္း အခ်ဳိ႕ေသာ သခ်ၤာပညာရွင္မ်ားကမူ ထီစနစ္ကို ခ်ဳိးေဖာက္ႏိုင္သည့္ နည္းလမ္းမ်ားရွိေၾကာင္း ေျပာသည္။

ျပီးခဲ့ေသာလအတြင္း Business Insider က ေဖာ္ျပခဲ့ေသာ သတင္းတစ္ရပ္တြင္ ျဗိတိန္သခ်ၤာပညာရွင္တို႔က ျဗိတိန္အမ်ဳိးသားထီတြင္ ထီလက္မွတ္ ၂၇ ေစာင္ ဝယ္လွ်င္ ထီေပါက္ရန္ အာမခံခ်က္ရွိေၾကာင္း တြက္ခ်က္ျပသ ခဲ့ၾကသည္ဟု ဆိုသည္။

သို႔ေသာ္ ထီေပါက္မည္ဟုသာ အာမခံျခင္းျဖစ္ျပီး ထီထုိးသူမ်ားအေနျဖင့္ ထီလက္မွတ္ဖိုး ကုန္က်စရိတ္ ကာမိေစမည့္ ဆုၾကီးမ်ဳိး ေပါက္လိမ့္မည္ဟု အာမ မခံေခ်။

အျခားသခ်ၤာပညာရွင္တစ္ဦးျဖစ္ေသာ Stefan Mandel သည္ ထီဆုၾကီးေပါက္ေစမည့္ အဆင့္ ၆ ဆင့္ ေဖာ္ျမဴလာကို ခ်ျပခဲ့ျပီး ၎ကိုယ္တုိင္လည္း ၁၄ ၾကိမ္ ထီေပါက္ခဲ့သည္။

၎သည္ ယခုအခါ လူသူအလွမ္းကြာေသာ ကၽြန္းတစ္ကၽြန္းတြင္ လုပ္ငန္းမ်ားမွ အနားယူကာ ေအးခ်မ္းစြာ ဘဝျဖတ္သန္းလ်က္ရွိသည္။

Mandel ၏ နည္းလမ္းမွာ ထုိအခ်ိန္က တရားဝင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္မူ အေမရိကန္ႏွင့္ ၾသစေတးလ်တို႔၌ သူ၏ နည္းလမ္းမ်ဳိးကို ကာကြယ္ရန္ ဥပေဒမ်ား ခ်မွတ္ထားရာ ထုိနည္းျဖင့္ ထီထုိးရန္ မျဖစ္ႏိုင္ေတာ့ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိ

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A man bought 30 identical lottery tickets for $1 each and won $150,000. It's the second time the strategy has worked for him. (news.yahoo)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service