ပဋိညာဉ်ဥပဒေနှင့် သက်ဆိုင်သည့် အကြောင်းအရာများအကြောင်း ဥပဒဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ပဋိညာဉ်ဥပဒေနှင့် သက်ဆိုင်သည့် အကြောင်းအရာများအကြောင်း ဥပဒဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
28 Jan 2024 11:57 am တွင် တင်ခဲ့သည်
990 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်း ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းများပြုရာတွင် ပဋိညာဉ်အက်ဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ တံဆိပ်ခေါင်း ခွန်ဥပဒေများနှင့် ညီညွတ်မှုရှိရန် လိုအပ်ပါသည်။
အရွယ်ရောက်ပြီးသူ ရူးသွပ်သူမဟုတ်လျှင် ပဋိညာဉ်ပြုနိုင်ကာ ပစ္စည်းလွှဲပြောင်းခြင်း ပြုနိုင်ပါသည်။ ပဋိညာဉ်စာချုပ်တစ်စောင် ချုပ်ဆိုရာ၌ ထည့်သွင်းထားသည့် ရေးသားချက်များထက် ပဋိဉာဉ်၏ ရည်ရွယ်ချက်မှာ ပိုမို၍ အရေးကြီးသည်။ စာချုပ်ချုပ်ဆိုခြင်းသည် မည်သည့်ရည်ရွယ်ချက်ရှိကြောင်း စာချုပ်ပါအချက်အလက် ရေးသားချက်များအပေါ် မူတည်၍ သုံးသပ်ကြည့်ရပါသည်။ သဘောတူကတိပြုချက်များအရ ချုပ်ဆိုသောစာချုပ်မှာ ဖောက်ဖျက်ပါက ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်သော စာချုပ်ဖြစ်ရန် လိုအပ်ပြီး သို့မှသာ ပဋိဉာဉ်အဆင့်ရောက်ရှိသည်ဖြစ်သည်။
အဆိုပြုသူ တစ်ဖက်မှ ကမ်းလှမ်းချက်ကို တစ်ဖက်မှ လက်ခံလျှင် ကတိဖြစ်လာမည်ဖြစ်သည်။ ကတိဖြစ် မြောက်ရန်အတွက် ကမ်းလှမ်းချက်ရှိရန် လိုအပ်ပြီး အရောင်းအဝယ်အတွက် ကြေညာခြင်းများမှာ ဖိတ်ခေါ်ခြင်း သက်သက်သာဖြစ်ပြီး ရောင်းချသူ၏ ကမ်းလှမ်းခြင်းမဟုတ်သေးပါ။ ထို့အပြင် စာဖြင့် ကမ်းလှမ်းချက်ရှိလျှင် စာဖြင့် လက်ခံကြောင်း အကြောင်းပြန်ရန် လိုအပ်ပြီး နှုတ်ဖြင့် ကမ်းလှမ်းပါက လက်ခံကြောင်း စာဖြင့် အကြောင်းပြန်ရန် မလိုသေးပါ။
စာချုပ်တွင် အပြန်အလှန်ထားရှိသော ကတိများသည် အဖိုးစားနားပင်ဖြစ်ပါသည်။ ဥပမာ- နှစ်ကုန်စာရင်း ရှင်းလင်းပေးပါမည်ဟု ကတိပြုကြသော ရှယ်ယာအစုစပ်လုပ်ငန်းများ၏ စာချုပ်ပါ ကတိပြုချက်အရ နှစ်ကုန်စာရင်း ရှင်းလင်းပေးရသော ငွေသည် အဖိုးစားနားတစ်ရပ်ပင်ဖြစ်သည်။
အောက်ပါအချက်အလက်များနှင့် ညီညွတ်ကိုက်ညီပါက ဥပဒေအရ အရေးယူဆောင်ရွက်နေသော ပဋိညာဉ် တစ်စောင်ဖြစ်လာမည်ဖြစ်သည်။
- ပဋိညာဉ်တစ်စောင်တွင် လွတ်လပ်သော သဘောတူညီချက်ရှိရမည်။
- အဖိုးစားနားမှာ ဥပဒေနှင့် ဆန့်ကျင်မှု မဖြစ်ရန် လိုပါသည်။
- ပဋိညာဉ်၏ ရည်ရွယ်ချက်မှာ ဥပဒေနှင့်ညီညွတ်မှုရှိရမည်။
- ပဋိညာဉ်ပြုလုပ်နိုင်သော အသက်ပြည့်သူဖြစ်ရမည်။ ရူးသွပ်သူမဖြစ်ရ။
မှတ်ပုံတင်ဥပဒေပုဒ်မ-၁၇ တွင် ဖော်ပြထားသော ပဋိညာဉ်များသည် မှတ်ပုံတင်ခြင်းပြုလုပ်မှသာ တရားဝင် ဖြစ်ကာ မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ တရားဝင်ပိုင်ဆိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်။
ပဋိညာဉ်ဥပဒေ - ၁၉ အရ လိမ်လည်ခြင်း၊ အလွှဲပြောဆိုခြင်း၊ အနိုင်အထက်ခြင်းဖြင့် ပဋိညာဉ်သဘောတူညီချက်ကို ရယူခဲ့လျှင် ပဋိညာဉ်ပြုလုပ်ခြင်းခံရသူမှ အဆိုပါ ပဋိညာဉ်အား ပျက်ပြယ်စေလိုက ပျက်ပြယ်ခွင့်ရှိကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service