Burger King တွင် ၂၇ နှစ်တာကာလအတွင်း တစ်ရက်မှ အလုပ်မပျက်ခဲ့သော ဝန်ထမ်းတစ်ဦးအား ကုမ္ပဏီက ရုပ်ရှင်လက်မှတ်တစ်စောင် ၊ ကော်ဖီတစ်ခွက် ၊ ချိုချဉ် ၊ ဘောပင် ၂ ချောင်းနှင့် သော့ချိတ်အချို့ ဆုချ

Burger King တွင် ၂၇ နှစ်တာကာလအတွင်း တစ်ရက်မှ အလုပ်မပျက်ခဲ့သော ဝန်ထမ်းတစ်ဦးအား ကုမ္ပဏီက ရုပ်ရှင်လက်မှတ်တစ်စောင် ၊ ကော်ဖီတစ်ခွက် ၊ ချိုချဉ် ၊ ဘောပင် ၂ ချောင်းနှင့် သော့ချိတ်အချို့ ဆုချ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2024 11:22 am တွင် တင်ခဲ့သည်
895 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

Burger King ၏ ဝန်ထမ်းတစ်ဦးဖြစ်သူ ကီဗင်ဖို့ဒ်သည် ၂၇ နှစ်တာအတွင်း တစ်ရက်မှ အလုပ်မပျက်ခဲ့ချေ။

သူ၏ ရည်မှန်းချက်မှာ အိမ်လခ မှန်မှန်ပေးနိုင်ရန်နှင့် Single ဖခင်တစ်ဦးအနေဖြင့် သမီး ၂ ဦးအား ပျိုးထောင်ပေးနိုင်ရန်သာ ဖြစ်သည်။

“ကျွန်တော် အိမ်လခတောင် အနိုင်နိုင် ရပ်တည်ခဲ့ရပါတယ်”ဟု ကီဗင်ဖို့ဒ်က သူ၏ဘဝ ဇာတ်ကြောင်းကို USA Today သတင်းဌာနသို့ ပြောပြသည်။

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်သူ ကီဗင်ဖို့ဒ်သည် လာ့စ်ဗီးဂပ်စ်မြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး Harry Reid နိုင်ငံတကာလေဆိပ်ရှိ Buger King ဆိုင်တွင် ၁၉၉၅ ခုနှစ်ကတည်းက စတင်အလုပ်လုပ်ခဲ့သူ ဖြစ်သည်။

နှစ် ၃၀ နီးပါး ပျက်ရက်မရှိ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် ကီဗင်ဖို့ဒ်ကို ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီက လက်ဆောင်အိတ်တစ်ခု ဆုချီးမြှင့်ခဲ့ရာ ရုပ်ရှင်လက်မှတ်တစ်စောင် ၊ Starbucks ကော်ဖီတစ်ခွက် ၊ ချိုချဉ် ၊ ဘောပင် ၂ ချောင်းနှင့် သော့ချိတ်အချို့ ပါဝင်ခဲ့သည်။

ကီဗင်ဖို့ဒ်က မန်နေဂျာထံမှ ရရှိသော လက်ဆောင်များကို ကျေးဇူးတင်စွာဖြင့် TikTok ဗွီဒီယိုဖိုင် တစ်ခုတွင် ချပြခဲ့ရာ သူ၏ ဗွီဒီယိုမှာ တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။

သူ၏ သမီးများမှ တစ်ဦးက GoFundMe ဝက်ဘ်ဆိုက်တွင် ဖခင်ကြီးအတွက် အလှူခံမှုတစ်ရပ်ပြုလုပ်ခဲ့မှုနှင့် ကီဗင်ဖို့ဒ်၏ ဗွီဒီယိုကို ကြည့်ရှုရသူတို့က ၎င်း၏ အလုပ်ကြိုးစားမှုနှင့် ရိုးသားမှုတို့ကို နှစ်သက်သောကြောင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့အထိ အလှူငွေစုစုပေါင်း ကန်ဒေါ်လာ ၄၅၀,၀၀၀ ရရှိထားပြီ ဖြစ်သည်။

ကီဗင်ဖို့ဒ်က သူ၏ဘဝကို ပြောင်းလဲစေလောက်သော အဆိုပါငွေဖြင့် ကြွေးမြီများ ပေးဆပ်ခဲ့သည်။

ထို့အပြင် မြေးများရှိရာသို့ သွားရောက်လည်ပတ်ရန် လေယာဉ်လက်မှတ်များ ဝယ်ယူခြင်း ၊ အလုပ်မှ အနားယူ ချိန်တွင် သုံးစွဲနိုင်ရန် စုဆောင်းထားခြင်း ၊ လာ့စ်ဗီးဂပ်စ်မြို့ပြင် ၁၅ မိနစ်ခရီးအကွာတွင် နေအိမ်တစ်လုံး ဝယ်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း USA Today သတင်းဌာနက ဖော်ပြသည်။

“ဒီအိမ်က ခမ်းနားတဲ့ စံအိမ်ကြီးတစ်လုံး မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့် ကိုယ်ပိုင်အိမ်ပါ”ဟု ကီဗင်ဖို့ဒ်က ဒီဇင်ဘာလ ၂၉ ရက်တွင် သူ၏ နေအိမ်ကို ရိုက်ကူးပြသထားသည့် ဗွီဒီယိုဖိုင် တစ်ခု၌ ပြောကြားခဲ့သည်။

“ကျွန်တော့်အတွက် လှူဒါန်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးတဲ့ တကမ္ဘာလုံးက တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အိမ်ပိုင်ဆိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် ဘယ်တော့မှ မဖြစ်နိုင်တဲ့အရာ လို့ ယူဆထားခဲ့တာ ဖြစ်ပါတယ်။”

ကီဗင်ဖို့ဒ်သည် လေဆိပ်ရှိ Buger King ဆိုင်တွင် စတင်လုပ်ကိုင်ချိန်၌ ယခု ဒုတိယဇနီးဖြစ်သူနှင့် လက်ထပ်ခဲ့သည်။

ဒုတိယဇနီးနှင့် သမီး ၂ ဦး ထွန်းကားထားသည်။

ငွေအချို့ကို ကလေးများအတွက် စုဆောင်းထားကြောင်း USA Today သတင်းဌာနက ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Burger King employee who never missed a day of work in 27 years got a goodie bag for his service. The internet gave him $450K. How to meet your financial goals without relying on strangers (finance)

Photo Credit: finance

 

 

 

[Zawgyi]

Burger King တြင္ ၂၇ ႏွစ္တာကာလအတြင္း တစ္ရက္မွ အလုပ္မပ်က္ခဲ့ေသာ ဝန္ထမ္းတစ္ဦးအား ကုမၸဏီက ရုပ္ရွင္လက္မွတ္တစ္ေစာင္ ၊ ေကာ္ဖီတစ္ခြက္ ၊ ခ်ဳိခ်ဥ္ ၊ ေဘာပင္ ၂ ေခ်ာင္းႏွင့္ ေသာ့ခ်ိတ္အခ်ဳိ႕ ဆုခ်

 

Burger King ၏ ဝန္ထမ္းတစ္ဦးျဖစ္သူ ကီဗင္ဖို႔ဒ္သည္ ၂၇ ႏွစ္တာအတြင္း တစ္ရက္မွ အလုပ္မပ်က္ခဲ့ေခ်။

သူ၏ ရည္မွန္းခ်က္မွာ အိမ္လခ မွန္မွန္ေပးႏိုင္ရန္ႏွင့္ Single ဖခင္တစ္ဦးအေနျဖင့္ သမီး ၂ ဦးအား ပ်ဳိးေထာင္ေပးႏိုင္ရန္သာ ျဖစ္သည္။

“ကၽြန္ေတာ္ အိမ္လခေတာင္ အႏိုင္ႏိုင္ ရပ္တည္ခဲ့ရပါတယ္”ဟု ကီဗင္ဖို႔ဒ္က သူ၏ဘဝ ဇာတ္ေၾကာင္းကို USA Today သတင္းဌာနသို႔ ေျပာျပသည္။

အသက္ ၅၆ ႏွစ္အရြယ္ရွိျပီျဖစ္သူ ကီဗင္ဖုိ႔ဒ္သည္ လာ့စ္ဗီးဂပ္စ္ျမဳိ႕တြင္ ေနထုိင္သူတစ္ဦးျဖစ္ျပီး Harry Reid ႏိုင္ငံတကာေလဆိပ္ရွိ Buger King ဆိုင္တြင္ ၁၉၉၅ ခုႏွစ္ကတည္းက စတင္အလုပ္လုပ္ခဲ့သူ ျဖစ္သည္။

ႏွစ္ ၃၀ နီးပါး ပ်က္ရက္မရွိ တာဝန္ထမ္းေဆာင္ခဲ့ေသာေၾကာင့္ ကီဗင္ဖို႔ဒ္ကုိ ၂၀၂၂ ခုႏွစ္တြင္ ကုမၸဏီက လက္ေဆာင္အိတ္တစ္ခု ဆုခ်ီးျမွင့္ခဲ့ရာ ရုပ္ရွင္လက္မွတ္တစ္ေစာင္ ၊ Starbucks ေကာ္ဖီတစ္ခြက္ ၊ ခ်ဳိခ်ဥ္ ၊ ေဘာပင္ ၂ ေခ်ာင္းႏွင့္ ေသာ့ခ်ိတ္အခ်ဳိ႕ ပါဝင္ခဲ့သည္။

ကီဗင္ဖုိ႔ဒ္က မန္ေနဂ်ာထံမွ ရရွိေသာ လက္ေဆာင္မ်ားကို ေက်းဇူးတင္စြာျဖင့္ TikTok ဗီြဒီယိုဖိုင္ တစ္ခုတြင္ ခ်ျပခဲ့ရာ သူ၏ ဗြီဒီယိုမွာ တဟုန္ထိုး ပ်ံ႕ႏွံ႔သြားခဲ့သည္။

သူ၏ သမီးမ်ားမွ တစ္ဦးက GoFundMe ဝက္ဘ္ဆိုက္တြင္ ဖခင္ၾကီးအတြက္ အလွဴခံမႈတစ္ရပ္ျပဳလုပ္ခဲ့မႈႏွင့္ ကီဗင္ဖုိ႔ဒ္၏ ဗြီဒီယိုကို ၾကည့္ရႈရသူတို႔က ၎၏ အလုပ္ၾကိဳးစားမႈႏွင့္ ရိုးသားမႈတို႔ကုိ ႏွစ္သက္ေသာေၾကာင့္ လွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဇန္နဝါရီလ ၁၇ ရက္ေန႔အထိ အလွဴေငြစုစုေပါင္း ကန္ေဒၚလာ ၄၅၀,၀၀၀ ရရွိထားျပီ ျဖစ္သည္။

ကီဗင္ဖုိ႔ဒ္က သူ၏ဘဝကို ေျပာင္းလဲေစေလာက္ေသာ အဆိုပါေငြျဖင့္ ေၾကြးျမီမ်ား ေပးဆပ္ခဲ့သည္။

ထို႔အျပင္ ေျမးမ်ားရွိရာသို႔ သြားေရာက္လည္ပတ္ရန္ ေလယာဥ္လက္မွတ္မ်ား ဝယ္ယူျခင္း ၊ အလုပ္မွ အနားယူ ခ်ိန္တြင္ သံုးစြဲႏိုင္ရန္ စုေဆာင္းထားျခင္း ၊ လာ့စ္ဗီးဂပ္စ္ျမဳိ႕ျပင္ ၁၅ မိနစ္ခရီးအကြာတြင္ ေနအိမ္တစ္လံုး ဝယ္ယူျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း USA Today သတင္းဌာနက ေဖာ္ျပသည္။

“ဒီအိမ္က ခမ္းနားတဲ့ စံအိမ္ၾကီးတစ္လံုး မဟုတ္ဘူးဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ဒါေပမဲ့ ဒါက ကၽြန္ေတာ့္ ကိုယ္ပိုင္အိမ္ပါ”ဟု ကီဗင္ဖုိ႔ဒ္က ဒီဇင္ဘာလ ၂၉ ရက္တြင္ သူ၏ ေနအိမ္ကို ရုိက္ကူးျပသထားသည့္ ဗြီဒီယိုဖိုင္ တစ္ခု၌ ေျပာၾကားခဲ့သည္။

“ကၽြန္ေတာ့္အတြက္ လွဴဒါန္း ေထာက္ပံ့မႈေတြ ျပဳလုပ္ေပးတဲ့ တကမၻာလံုးက တစ္ဦးတစ္ေယာက္ခ်င္းစီတုိင္းကို ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။ အိမ္ပိုင္ဆိုင္ဖုိ႔ဆိုတာ ကၽြန္ေတာ့္အတြက္ ဘယ္ေတာ့မွ မျဖစ္ႏိုင္တဲ့အရာ လို႔ ယူဆထားခဲ့တာ ျဖစ္ပါတယ္။”

ကီဗင္ဖုိ႔ဒ္သည္ ေလဆိပ္ရွိ Buger King ဆိုင္တြင္ စတင္လုပ္ကိုင္ခ်ိန္၌ ယခု ဒုတိယဇနီးျဖစ္သူႏွင့္ လက္ထပ္ခဲ့သည္။ ဒုတိယဇနီးႏွင့္ သမီး ၂ ဦး ထြန္းကားထားသည္။

ေငြအခ်ဳိ႕ကို ကေလးမ်ားအတြက္ စုေဆာင္းထားေၾကာင္း USA Today သတင္းဌာနက ေဖာ္ျပသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: A Burger King employee who never missed a day of work in 27 years got a goodie bag for his service. The internet gave him $450K. How to meet your financial goals without relying on strangers (finance)

Photo Credit: finance

 

Burger King တွင် ၂၇ နှစ်တာကာလအတွင်း တစ်ရက်မှ အလုပ်မပျက်ခဲ့သော ဝန်ထမ်းတစ်ဦးအား ကုမ္ပဏီက ရုပ်ရှင်လက်မှတ်တစ်စောင် ၊ ကော်ဖီတစ်ခွက် ၊ ချိုချဉ် ၊ ဘောပင် ၂ ချောင်းနှင့် သော့ချိတ်အချို့ ဆုချ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service