Adidas ကုမ္ပဏီ၏ စီအီးအိုက ဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်ပေးရန်အတွက် ဝန်ထမ်းပေါင်း ၆၀,၀၀၀ အား သူ၏ ဖုန်းနံပါတ်ပေး
Adidas ကုမ္ပဏီ၏ စီအီးအိုက ဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်ပေးရန်အတွက် ဝန်ထမ်းပေါင်း ၆၀,၀၀၀ အား သူ၏ ဖုန်းနံပါတ်ပေး - Property Knowledge in Myanmar from iMyanmarHouse.com
22 Jan 2024 2:36 pm တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းနေချိန်တွင် စီအီးအိုတစ်ဦးအနေဖြင့် မည်သို့လုပ်ဆောင်ကြသနည်း။
အချို့က နေ့လည်စာ အခမဲ့ကျွေးမွေးခြင်းများ ပြုလုပ်ကြပြီး အချို့ကမူ အပျော်ခရီးပို့ဆောင်ပေးကြသည်။
Adidas ၏ စီအီးအို Bjorn Gulden ကမူ ပိုမိုထိရောက်သော နည်းလမ်းတစ်ခု သုံးလာသည်။
ဘောလုံးသမားဘဝမှ Apple ၏ စီအီးအိုဖြစ်လာသူ Bjorn Gulden က ပြောသည်မှာ ကုမ္ပဏီတွင် “ကင်ညေးဝက်စ် အကျပ်အတည်း” ပေါ်ပေါက်ခဲ့ပြီးနောက် ဝန်ထမ်းများအား စိတ်ဓာတ်မြှင့်တင်ပေးရန်အတွက် ပထမဆုံး ကုမ္ပဏီအစည်းအဝေးတွင် ဝန်ထမ်းတိုင်းအား သူ၏ ဖုန်းနံပါတ်ပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။
“တချို့လူတွေက ကျွန်တော်ရူးနေပြီလို့ ထင်နေကြတယ်”ဟု Bjorn Gulden က ဝေါစထရိဂျာနယ်သို့ ပြောသည်။
အကျပ်အတည်းကြုံရချိန်တွင် ခေါင်းဆောင်များအနေဖြင့် ပွင့်လင်းသည်မှာ ပိုမိုကောင်းမွန်သည်ဟု ယူဆကြောင်းလည်း ၎င်းက ပြောသည်။
((ကင်ညေးဝက်စ် အကျပ်အတည်း))
အမေရိကန်ပြည်ထောင်စုတွင် လူမည်းအမျိုးသားတစ်ဦးအား လူဖြူရဲအရာရှိတစ်ဦးက လည်ပင်းအား ဒူးဖြင့် ထောက်ကာ ဖမ်းဆီးစဉ် လူမည်းအမျိုးသား သေဆုံးသွားသည့် ဖြစ်ရပ်ကြောင့် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ကာ ရဲစခန်း အဆောက်အအုံများပင် မီးရှို့ခံရသည်အထိ ပြင်းထန်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့မှုကို ပြန်လည် အမှတ်ရကြဦးမည် ဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကင်ညေးဝက်စ်က ပြောသည်မှာ ရဲအရာရှိကြောင့် လူမည်းအမျိုးသား သေဆုံးရခြင်း မဟုတ်ဘဲ မူးယစ်ဆေးကြောင့် သေရခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြောဆိုမှုကြောင့် ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သော Adidas , Gap , CAA နှင့် Balenciaga တို့မှာ ကင်ညေးဝက်စ်နှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်း ကင်းညေးဝက်စ်မှာ ဘဏ္ဍာရေးအကျပ်ဆိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
Bjorn Gulden သည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလတွင် Adidas ၏ ဦးစီးပဲ့ကိုင်နေရာကို ရယူခဲ့ချိန်တွင် Adidas မှာ ကင်ညေးဝက်စ်နှင့် ၂၀၂၂ ခုနှစ် လမ်းခွဲမှု နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရဆဲဖြစ်သည်။
Adidas ဝန်ထမ်းပေါင်း ၁၄၂ ဦး အလုပ်ပြုတ်ခဲ့ပြီး ကုမ္ပဏီတွင် ကင်ညေးဝက်စ်နှင့် ပူးပေါင်းစဉ်က ထုတ်လုပ် ထားခဲ့သော မရောင်းရသေးသည့် Yeezy ရှုးဖိနပ်ပေါင်း သန်း ၃၂၀ ဖိုးခန့် ပိုက်မိနေသည်။
ကမ္ဘာ့ပြည်သူများမှာ ကင်ညေးဝက်စ်နှင့် ပတ်သက်သမျှတို့အား ဆန့်ကျင်လျက် ရှိနေကြချိန်လည်း ဖြစ်သည်။
ထိုအချိန်က Adidas က ထုတ်ပြန်ခဲ့သည်မှာ ကုမ္ပဏီအနေဖြင့် လူမျိုးရေး ဆန့်ကျင်ခွဲခြားမှုများနှင့် အမုန်းစကား များကို သည်းခံသွားမည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
“ကင်ညေးဝက်စ်ရဲ့ စကားတွေနဲ့ အပြုအမူတွေဟာ လက်ခံနိုင်စရာ မရှိပါဘူး။ မုန်းတီးစရာကောင်းပြီး အန္တရာယ် များပါတယ်။ ကွဲပြားခြားနားမှု ၊ အပြန်အလှန်လေးစားမှုနဲ့ တရားမျှတမှုတို့အပေါ် ထားရှိတဲ့ ကုမ္ပဏီရဲ့ စံနှုန်း တွေကို ချိုးဖောက်နေပါတယ်။”
ထိုသို့ ကင်ညေးဝက်စ် ပြဿနာပေါ်ပေါက်အပြီး တစ်နှစ်အကြာ၌ Adidas ဝန်ထမ်းတို့က ကုမ္ပဏီတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောဆိုမှုများ ရှိလာသည်ဟု Bjorn Gulden က ဝေါစထရိဂျာနယ်သို့ ပြောခဲ့သည်။
ထို့ကြောင့် Bjorn Gulden အနေဖြင့် ရောင်းအားမြှင့်တင်ရေးအပြင် ဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်ရေး စိန်ခေါ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဝန်ထမ်းအားလုံးကို သူ၏ ဖုန်းနံပါတ်ပေးလာခဲ့ခြင်းလည်း ဖြစ်သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Adidas CEO gave out his number to 60,000 employees to boost morale after that Kanye West crisis: ‘Some people think I’m crazy’ (fortune)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service