ငှားရမ်းခြင်းများ၌ ငှားရမ်းသူနှင့်အငှားချထားသူ လိုက်နာရမည့် အခွင့်အရေးနှင့်တာဝန်များ
ငှားရမ်းခြင်းများ၌ ငှားရမ်းသူနှင့်အငှားချထားသူ လိုက်နာရမည့် အခွင့်အရေးနှင့်တာဝန်များ - Property Knowledge in Myanmar from iMyanmarHouse.com
21 Jan 2024 11:18 am တွင် တင်ခဲ့သည်
775 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ငှားရမ်းခြင်း စာချုပ်ချုပ်ဆိုပြီးပါက စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နှစ်ဦးနှစ်ဖက် လိုက်နာရမည့်တာဝန်နှင့် အခွင့်အရေးများအား အပြန်အလှန် ထမ်းဆောင်ရန် လိုအပ်သည်။
ငှားရမ်းသည့်ပစ္စည်းတွင် သာမန်အားဖြင့် မတွေ့မမြင်နိုင်သော ချို့ယွင်းမှုတစ်စုံတရာရှိပါက အငှားချထားသူမှ ထုတ်ဖော်ပြသ ပြောဆိုရန် တာဝန်ရှိသည်။ စာချုပ်ချုပ်ဆိုပြီး ပစ္စည်းအား လက်ရောက်အပ်နှံပြီးပါက အငှားချထားသူမှ ငှားရမ်းသူအား ပစ္စည်းကို လက်ရှိထားပိုင်ခွင့် ပေးထားကြောင်း မှတ်ယူနိုင်သည်။ ပစ္စည်းအား လွှဲပြောင်းပေးသည့်အခါတွင်လဲ အငှားချထားသူမှ ငှားရမ်းသူထံ တိုက်ရိုက်လွှဲပြောင်းပေးအပ်ရန်လဲ တာဝန်ရှိသည်။
ငှားရမ်းသူမှာ ပဋိဉာဉ်ပါအတိုင်း ငှားရမ်းခြင်းပစ္စည်း၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အချို့တစ်ဝက်ကို ဖြစ်စေ အကျိုးကျေးဇူး ခံစားပိုင်ခွင့်ရှိသည်။ ငှားရမ်းသူမှလဲ ငှားရမ်းခြင်း အတည်ဖြစ်နေစဉ် ပစ္စည်းတစ်စုံတစ်ရာ တိုးပွားမှု ဖြစ်ပါက တိုးပွားဖြစ်ထွန်းမှုအပေါ်တွင်လဲ ခံစားပိုင်ခွင့်ရှိပါသည်။ ငှားရမ်းခတန်ဖိုးငွေအား သတ်မှတ်နေ့ရက်များအတိုင်း ငှားရမ်းသူမှ အငှားချထားသူထံဖြစ်စေ၊ ၎င်းကိုယ်စားလှယ်ထံတွင်ဖြစ်စေ ပေးပါမည်ဟု စာချုပ်တွင် ဝန်ခံချက်ပြုရမည်။
အငှားချထားသူမှ ပစ္စည်းအား အချိန်မရွေး ဝင်ရောက်ကြည့်ရှုလိုသည့်အခါ ငှားရမ်းသူမှ ခွင့်ပြုပေးရမည်။ ငှားရမ်းသည့်ပစ္စည်းမှာ ပြုပြင်ပေးရန်လိုအပ်ပြီး အငှားချထားသူမှ ပြုပြင်မပေးပါက ငှားရမ်းသူမှ အငှားချထားသူ၏ ခွင့်ပြုချက်ရယူပြီး မိမိစရိတ်ဖြင့် ပြုပြင်နိုင်သည်။ ထိုပြင်ဆင်မှု ကုန်ကျစရိတ်အား ငှားရမ်းခပေးငွေထဲမှ ငှားရမ်းသူမှ နုတ်ပယ်ပေးနိုင်သည်။ ငှားရမ်းခြင်းကာလပြည့်မြောက်သည့်အခါ ငှားရမ်းသူမှ စာချုပ်အတိုင်း အဆောက်အအုံတည်ဆောက်ခွင့်ရှိပြီး ဖြုတ်ယူ သယ်ဆောင်ခွင့်ရှိကြောင်း ကတိပြုချက်ရှိပါက သယ်ဆောင်သွားနိုင်သည်။ သို့ရာတွင် အငှားချထားသူ၏ မူလပစ္စည်းအခြေအနေအတိုင်း ပစ္စည်းအား ပြန်လည်အပ်နှံရန် ငှားရမ်းသူတွင် တာဝန်ရှိသည်။
မီးဘေး၊ငလျင်ဘေးကြောင့် ပျက်စီးပြီး ငှားရမ်းသည့် ပစ္စည်းမှာ ပျက်စီးမှုရှိပါက ငှားရမ်းသူမှ ဆက်လက်၍ ငှားရမ်းခြင်းမပြုလိုက မပြုလဲရသည်။ ပစ္စည်းအား လက်ရောက်ရရှိပြီးနောက်ပိုင်း ကျူးကျော်ခြင်း၊ နှောက်ယှက်ခြင်းကြောင့် တစ်စုံတစ်ရာ ဆုံးရှုံးနစ်နာမှုရှိပါက ငှားရမ်းသူမှ အငှားချထားသူထံ အကြောင်းကြားရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service