မျောက်ဘယ်လိုဖမ်းမလဲနှင့် ငွေ၏တန်ဖိုး

မျောက်ဘယ်လိုဖမ်းမလဲနှင့် ငွေ၏တန်ဖိုး - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2024 10:47 am တွင် တင်ခဲ့သည်
1241 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

တခါက ဖခင်တစ်ဦးက သူ၏ကလေးငယ်ကို ယခုကဲ့သို့ မေး၏။

“အာဖရိက မုဆိုးတွေ မျောက်ဘယ်လိုဖမ်းလဲ သားသိလား။”

အာဖရိက မုဆိုးတို့သည် မျောက်များဖမ်းရန် တမူထူးသော နည်းလမ်းကို သုံးကြ၏။

အုန်းသီးတစ်လုံးကို နှစ်ခြမ်းခွဲလိုက်ပြီးနောက် အုန်းသီးဆံကို ထုတ်လိုက်ကြသည်။

ထို့နောက် အုန်းခွံတစ်ခြမ်းတွင် မျောက်တစ်ကောင်၏လက် ဝင်နိုင်ရုံ အပေါက်တစ်ခု ဖောက်လိုက်သည်။

အုန်းခွံထဲတွင် လိမ္မော်သီးတစ်လုံးထည့်လိုက်ပြီး အုန်းခွံ ၂ ခြမ်းကို ကြိုးဖြင့်စည်း၍ ပြန်ပိတ်ကာ သစ်ပင် တစ်ပင်နှင့် ကပ်၍ ချည်ထားလိုက်၏။

ထို့နောက် မုဆိုးတို့သည် မလှမ်းမကမ်းသို့ ထွက်သွားကာ ကိုယ်ရောင်ဖျောက် စောင့်ဆိုင်းနေကြသည်။

မကြာမီတွင် လိမ္မော်သီးနံ့ ရသောကြောင့် မျောက်ရောက်လာပြီး အနံ့ခံ ရှာဖွေရာ အုန်းသီးခွံအတွင်းတွင် လိမ္မော်သီးရှိကြောင်း တွေ့သွားသည်။

ထိုအခါ မျောက်က အပေါက်ငယ်ထဲမှ လက်လျှိုကာ လိမ္မော်သီးကို ဆွဲထုတ်ရန် ကြိုးစား၏။

သို့သော် လိမ္မော်သီးမှာ ကြီးနေသောကြောင့် ဆွဲထုတ်၍ မရ။

မျောက်သည် အကြိမ်ကြိမ် ကြိုးစားသော်လည်း သူ၏လက်ကို ထုတ်၍ မရချေ။

မျောက်ဆိုသည့် သတ္တဝါမှာ အစာရလျှင် မလွှတ်တော့ချေ။

ထိုအချိန်တွင် မုဆိုးတို့ အေးအေးလူလူ လမ်းလျှောက်လာပြီး မျောက်ကို အသာဖမ်းလိုက်ရုံပင်။

လိမ္မော်သီးကို လွှတ်လိုက်ရုံဖြင့် မိမိလွတ်မြောက်နိုင်သော်လည်း မျောက်က လိမ္မော်သီးကို လွှတ်ရန် မရွေးချယ်။

လိမ္မော်သီးနှင့် မိမိ၏ လွတ်မြောက်မှု ၂ ခုလုံး မရနိုင်ချေ။

အရသာရှိသော လိမ္မော်သီးမှာ ကျဆုံးခန်းတိုင်စေမည့် ထောင်ခြောက်တစ်ခု ဖြစ်လာသည်။

 

 

 

 

ကမ္ဘာကြီးတွင် လိမ္မော်သီး မျောက်ထောင်ချောက်နှင့် ထပ်တူမဟုတ်သော အခြားထောင်ချောက်များစွာ သင်တို့အတွက် ရှိနေသည်။

စည်းအိမ်ဥစ္စာပိုင်ဆိုင်မှု များပြားခြင်း ၊ ရာထူးနေရာရှိခြင်း ၊ သြဇာအာဏာရှိခြင်းနှင့် ဂုဏ်သိက္ခာရှိခြင်းတို့ ရရှိပိုင်ဆိုင်လျှင် ဘဝတွင် ပျော်ရွှင်ရမည်ဟူသော ပြောဆိုမှုမျိုး သင့်အနေဖြင့် အမြဲကြားဖူးလိမ့်မည် ဖြစ်သည်။

ထိုသို့သော ယုံကြည်ချက်မျိုးဖြင့် လူတို့သည် မိမိတစ်ဘဝလုံးကိုရင်းကာ လိမ္မော်သီးကို အုန်းသီးခွံထဲမှ ဆွဲထုတ်ရန် ကြိုးစားကြလျက်ရှိသည်။

“ဒီတော့ သားရေ…. မင်းဟာ အဲဒီမျောက်လို မလုပ်ရဘူး။ ဘဝမှာ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာပြီး အသက်ဆက်ရှင်သန်တိုက်ပွဲဝင်နိုင်ဖို့ဆိုရင် ဘယ်အချိန်မှာ စွန့်လွှတ်ရမယ် ၊ ဘယ်အချိန်မှာ ရှေ့ဆက်ရမယ် ၊ ဘယ်အချိန်မှာ ကိုယ့်ကို ဆွဲထားတဲ့ဟာကို လွှတ်လိုက်ရမယ်ဆိုတာ သိဖို့လိုပါတယ်။”

 

(သင်ခန်းစာ)

တခါတရံတွင် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိရန်အတွက် မိမိယခု ဆုပ်ကိုင်ထားသည့်အရာကို လက်လျှော့စွန့်လွှတ်ရသည်များ ရှိသည်။

ခေါင်းမာအလျှော့မပေးမှုက သင်၏ ကျဆုံးခန်း မဖြစ်ပါစေနှင့်။

 

((ငွေ၏ တန်ဖိုး))

စာသင်နှစ်တစ်ခု၏ နှစ်စတွင် အတန်းပိုင်ဆရာမက ကျောင်းသားကျောင်းသူတို့ရှေ့တွင် ဒေါ်လာ ၁၀၀ တန် ၁ ရွက်ကို ကိုင်ထားရင်း မတ်တပ်ရပ်နေသည်။

“ဒီပိုက်ဆံ လိုချင်တဲ့လူ လက်ထောင်ကြ။”

အတန်းထဲရှိ ကလေးများအားလုံး လက်ထောင်ကြသည်။

ထိုအခါ ဆရာမက “ဒီပိုက်ဆံကို မပေးခင် အရင်ဆုံး ဒီလိုလုပ်ပါရစေ”ဟု ဆိုကာ ပိုက်ဆံကို လုံးချေလိုက်ပြီး ယခုကဲ့သို့ မေး၏။

“ဒီပိုက်ဆံကို လိုချင်သေးတဲ့လူရှိရင် လက်ထောင်ကြ။”

တစ်တန်းလုံး လက်ထောင်ကြသည်။

ထို့နောက် ဆရာမက ပိုက်ဆံကို ကြမ်းပြင်ပေါ်သို့ ပစ်ချကာ တက်နင်းပြီးနောက် ပြန်ကောက်လိုက်၏။

“ဘယ်လိုလဲ လိုချင်တဲ့လူ ရှိသေးလား။”

တစ်တန်းလုံး လက်ထောင်ကြသည်။

“သားတို့သမီးတို့ရေ ဆရာမပြောချင်တဲ့ သင်ခန်းစာကို သိကြပြီလို့ ထင်ပါတယ်။ ဆရာမက ပိုက်ဆံကို ဘယ်လိုပဲလုပ်လုပ် သားတို့သမီးတို့က လိုချင်နေကြတုန်းပဲ။ ဘာကြောင့်လဲဆိုတော့ တန်ဖိုးက အတူတူပဲလေ။ ဘယ်လိုပဲ ဟောင်းနွမ်းညစ်ပတ်နေပါစေ။ သူဟာ ဒေါ်လာ ၁၀၀ တန်နေတုန်းပဲ။”

“ဆရာမတို့ လူသားတွေမှာလည်း ဒီအတိုင်းပါပဲ။ သားတို့ သမီးတို့ရဲ့ဘဝမှာ ချနင်းခံရတာတွေ တိုက်ခိုက်ခံ ရတဲ့အချိန်တွေ ရှိပါလိမ့်မယ်။ ဘာတွေပဲဖြစ်ဖြစ် သားတို့ရဲ့တန်ဖိုးက ဘယ်တော့မှ ဆုံးရှုံးမသွားပါဘူး။”

 

(သင်ခန်းစာ)

ဘဝတွင် အခက်အခဲဟူသည်မှာ ရှောင်လွှဲ၍ မရ ရင်ဆိုင်ကြရမည့်အရာများ ဖြစ်သည်။ မိမိအမှား မဟုတ်စေကာမူ ဘဝအခိုက်အတန့် တချိန်ချိန်တွင် စိတ်ပျက်ဖွယ်များ ကြုံကြရလိမ့်မည် ဖြစ်သည်။

ထိုသို့သော စိန်ခေါ်မှုများကြောင့် မိမိကိုယ်ကို တန်ဖိုးထားမှုများ မဆုံးရှုံးပါစေနှင့်။ သင့်တွင် အခြားမည်သူနှင့်မှ မတူသော ထူးခြားချက်တစ်ခု ရှိနေပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: A Lesson on Temptation from a Monkey (gregburdine)

 

 

 

[Zawgyi]

 

ေမ်ာက္ဘယ္လိုဖမ္းမလဲႏွင့္ ေငြ၏တန္ဖုိး

 

တခါက ဖခင္တစ္ဦးက သူ၏ကေလးငယ္ကို ယခုကဲ့သို႔ ေမး၏။

“အာဖရိက မုဆိုးေတြ ေမ်ာက္ဘယ္လိုဖမ္းလဲ သားသိလား။”

အာဖရိက မုဆိုးတို႔သည္ ေမ်ာက္မ်ားဖမ္းရန္ တမူထူးေသာ နည္းလမ္းကို သံုးၾက၏။

အုန္းသီးတစ္လံုးကို ႏွစ္ျခမ္းခြဲလိုက္ျပီးေနာက္ အုန္းသီးဆံကို ထုတ္လုိက္ၾကသည္။

ထို႔ေနာက္ အုန္းခြံတစ္ျခမ္းတြင္ ေမ်ာက္တစ္ေကာင္၏လက္ ဝင္ႏိုင္ရံု အေပါက္တစ္ခု ေဖာက္လုိက္သည္။

အုန္းခြံထဲတြင္ လိေမၼာ္သီးတစ္လံုးထည့္လိုက္ျပီး အုန္းခြံ ၂ ျခမ္းကို ၾကိဳးျဖင့္စည္း၍ ျပန္ပိတ္ကာ သစ္ပင္ တစ္ပင္ႏွင့္ ကပ္၍ ခ်ည္ထားလိုက္၏။

ထို႔ေနာက္ မုဆိုးတို႔သည္ မလွမ္းမကမ္းသို႔ ထြက္သြားကာ ကိုယ္ေရာင္ေဖ်ာက္ ေစာင့္ဆိုင္းေနၾကသည္။

မၾကာမီတြင္ လိေမၼာ္သီးနံ႔ ရေသာေၾကာင့္ ေမ်ာက္ေရာက္လာျပီး အနံ႔ခံ ရွာေဖြရာ အုန္းသီးခြံအတြင္းတြင္ လိေမၼာ္သီးရွိေၾကာင္း ေတြ႔သြားသည္။

ထိုအခါ ေမ်ာက္က အေပါက္ငယ္ထဲမွ လက္လွ်ိဳကာ လိေမၼာ္သီးကို ဆြဲထုတ္ရန္ ၾကိဳးစား၏။

သို႔ေသာ္ လိေမၼာ္သီးမွာ ၾကီးေနေသာေၾကာင့္ ဆြဲထုတ္၍ မရ။

ေမ်ာက္သည္ အၾကိမ္ၾကိမ္ ၾကိဳးစားေသာ္လည္း သူ၏လက္ကို ထုတ္၍ မရေခ်။

ေမ်ာက္ဆိုသည့္ သတၱဝါမွာ အစာရလွ်င္ မလႊတ္ေတာ့ေခ်။ ထိုအခ်ိန္တြင္ မုဆိုးတို႔ ေအးေအးလူလူ လမ္းေလွ်ာက္လာျပီး ေမ်ာက္ကို အသာဖမ္းလိုက္ရံုပင္။

လိေမၼာ္သီးကို လႊတ္လိုက္ရံုျဖင့္ မိမိလြတ္ေျမာက္ႏုိင္ေသာ္လည္း ေမ်ာက္က လိေမၼာ္သီးကို လႊတ္ရန္ မေရြးခ်ယ္။

လိေမၼာ္သီးႏွင့္ မိမိ၏ လြတ္ေျမာက္မႈ ၂ ခုလံုး မရႏိုင္ေခ်။ အရသာရွိေသာ လိေမၼာ္သီးမွာ က်ဆံုးခန္းတိုင္ေစမည့္ ေထာက္ေျခာက္တစ္ခု ျဖစ္လာသည္။

ကမၻာၾကီးတြင္ လိေမၼာ္သီး ေမ်ာက္ေထာင္ေခ်ာက္ႏွင့္ ထပ္တူမဟုတ္ေသာ အျခားေထာင္ေခ်ာက္မ်ားစြာ သင္တို႔အတြက္ ရွိေနသည္။

စည္းအိမ္ဥစၥာပိုင္ဆုိင္မႈ မ်ားျပားျခင္း ၊ ရာထူးေနရာရွိျခင္း ၊ ၾသဇာအာဏာရွိျခင္းႏွင့္ ဂုဏ္သိကၡာရွိျခင္းတို႔ ရရွိပိုင္ဆိုင္လွ်င္ ဘဝတြင္ ေပ်ာ္ရႊင္ရမည္ဟူေသာ ေျပာဆိုမႈမ်ဳိး သင့္အေနျဖင့္ အျမဲၾကားဖူးလိမ့္မည္ ျဖစ္သည္။

ထိုသို႔ေသာ ယံုၾကည္ခ်က္မ်ဳိးျဖင့္ လူတုိ႔သည္ မိမိတစ္ဘဝလံုးကိုရင္းကာ လိေမၼာ္သီးကို အုန္းသီးခြံထဲမွ ဆြဲထုတ္ရန္ ၾကိဳးစားၾကလ်က္ ရွိသည္။

“ဒီေတာ့ သားေရ…. မင္းဟာ အဲဒီေမ်ာက္လုိ မလုပ္ရဘူး။ ဘဝမွာ လူၾကီးတစ္ေယာက္အျဖစ္ ၾကီးျပင္းလာျပီး အသက္ဆက္ရွင္သန္တိုက္ပြဲဝင္ႏိုင္ဖို႔ဆိုရင္ ဘယ္အခ်ိန္မွာ စြန္႔လႊတ္ရမယ္ ၊ ဘယ္အခ်ိန္မွာ ေရွ႕ဆက္ရမယ္ ၊ ဘယ္အခ်ိန္မွာ ကိုယ့္ကို ဆြဲထားတဲ့ဟာကို လႊတ္လိုက္ရမယ္ဆိုတာ သိဖို႔လုိပါတယ္။”

(သင္ခန္းစာ)

တခါတရံတြင္ ပိုမိုေကာင္းမြန္ေသာ အနာဂတ္ရရွိရန္အတြက္ မိမိယခု ဆုပ္ကိုင္ထားသည့္အရာကို လက္ေလွ်ာ့စြန္႔လႊတ္ရသည္မ်ား ရွိသည္။

ေခါင္းမာအေလွ်ာ့မေပးမႈက သင္၏ က်ဆံုးခန္း မျဖစ္ပါေစႏွင့္။

((ေငြ၏ တန္ဖိုး))

စာသင္ႏွစ္တစ္ခု၏ ႏွစ္စတြင္ အတန္းပိုင္ဆရာမက ေက်ာင္းသားေက်ာင္းသူတို႔ေရွ႕တြင္ ေဒၚလာ ၁၀၀ တန္ ၁ ရြက္ကို ကိုင္ထားရင္း မတ္တပ္ရပ္ေနသည္။

“ဒီပုိက္ဆံ လုိခ်င္တဲ့လူ လက္ေထာင္ၾက။”

အတန္းထဲရွိ ကေလးမ်ားအားလံုး လက္ေထာင္ၾကသည္။ ထိုအခါ ဆရာမက “ဒီပိုက္ဆံကုိ မေပးခင္ အရင္ဆံုး ဒီလိုလုပ္ပါရေစ”ဟု ဆိုကာ ပိုက္ဆံကို လံုးေခ်လိုက္ျပီး ယခုကဲ့သို႔ ေမး၏။

“ဒီပိုက္ဆံကုိ လိုခ်င္ေသးတဲ့လူရွိရင္ လက္ေထာင္ၾက။”

တစ္တန္းလံုး လက္ေထာင္ၾကသည္။

ထုိ႔ေနာက္ ဆရာမက ပိုက္ဆံကို ၾကမ္းျပင္ေပၚသုိ႔ ပစ္ခ်ကာ တက္နင္းျပီးေနာက္ ျပန္ေကာက္လိုက္၏။

“ဘယ္လိုလဲ လိုခ်င္တဲ့လူ ရွိေသးလား။”

တစ္တန္းလံုး လက္ေထာင္ၾကသည္။

“သားတို႔သမီးတို႔ေရ ဆရာမေျပာခ်င္တဲ့ သင္ခန္းစာကို သိၾကျပီလို႔ ထင္ပါတယ္။ ဆရာမက ပိုက္ဆံကုိ ဘယ္လိုပဲလုပ္လုပ္ သားတုိ႔သမီးတို႔က လုိခ်င္ေနၾကတုန္းပဲ။ ဘာေၾကာင့္လဲဆိုေတာ့ တန္ဖိုးက အတူတူပဲေလ။ ဘယ္လိုပဲ ေဟာင္းႏြမ္းညစ္ပတ္ေနပါေစ။ သူဟာ ေဒၚလာ ၁၀၀ တန္ေနတုန္းပဲ။”

“ဆရာမတို႔ လူသားေတြမွာလည္း ဒီအတုိင္းပါပဲ။ သားတုိ႔ သမီးတို႔ရဲ႕ဘဝမွာ ခ်နင္းခံရတာေတြ တုိက္ခိုက္ခံ ရတဲ့အခ်ိန္ေတြ ရွိပါလိမ့္မယ္။ ဘာေတြပဲျဖစ္ျဖစ္ သားတို႔ရဲ႕တန္ဖိုးက ဘယ္ေတာ့မွ ဆံုးရံႈးမသြားပါဘူး။”

(သင္ခန္းစာ)

ဘဝတြင္ အခက္အခဲဟူသည္မွာ ေရွာင္လႊဲ၍ မရ ရင္ဆိုင္ၾကရမည့္အရာမ်ား ျဖစ္သည္။ မိမိအမွား မဟုတ္ေစကာမူ ဘဝအခိုက္အတန္႔ တခ်ိန္ခ်ိန္တြင္ စိတ္ပ်က္ဖြယ္မ်ား ၾကံဳၾကရလိမ့္မည္ ျဖစ္သည္။

ထိုသို႔ေသာ စိန္ေခၚမႈမ်ားေၾကာင့္ မိမိကိုယ္ကို တန္ဖုိးထားမႈမ်ား မဆံုးရံႈးပါေစႏွင့္။ သင့္တြင္ အျခားမည္သူႏွင့္မွ မတူေသာ ထူးျခားခ်က္တစ္ခု ရွိေနပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: A Lesson on Temptation from a Monkey (gregburdine)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service