သုံးပြီးသား တခါသောက် လက်ဖက်ခြောက် အထုပ်တွေကို ဘယ်လိုပြန်သုံးမလဲ

သုံးပြီးသား တခါသောက် လက်ဖက်ခြောက် အထုပ်တွေကို ဘယ်လိုပြန်သုံးမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
18 Dec 2023 1:56 pm တွင် တင်ခဲ့သည်
923 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

“ပြန်လည်သုံးစွဲခြင်း” ဆိုတဲ့ စကားက အခုခေတ်မှာ အတော်အသုံးများလာပါပြီ။ နေ့စဉ် အသုံးပြုလိုက်တဲ့ ပစ္စည်းတွေကို တခါသုံးပြီးတာနဲ့ စွန့်ပစ်လိုက်တာထက် တခြားနေရာမှာ ပြန်အသုံးပြုတာက စားရိတ်ချွေတာရာ ရောက်သလို စွန့်ပစ်ပစ္စည်းဖောင်းပွမှုကို လျော့ချရာလည်း ရောက်ပါတယ်။

အခုလည်း နေ့တိုင်းသောက်ဖြစ်နေတဲ့ Teabags (တခါသောက် လက်ဖက်ခြောက် အထုပ်) တွေကို တခါ သောက်ပြီးတာနဲ့ လွှင့်ပစ်မယ့်အစား တခြားနေရာမှာ ပြန်အသုံးချနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

ပုံမှန်သောက်နေကျသူဆို ချွေတာတဲ့အနေနဲ့ Teabags အထုပ်လေးတွေဆို ၂ ခါလောက် ပြန်သောက်လေ့ ရှိပါတယ်။ ဒီလို ပိုက်ဆံချွေတာသလိုပဲ မီးဖိုချောင်မှာလည်း ပြန်အသုံးချလို့ ရပါသေးတယ်။

လက်ဖက်ခြောက်ထုပ်တွေဟာ တကယ်တော့ သဘာဝ အနံ့စုပ် ပစ္စည်းလေးတွေပါပဲ။ အနံ့အသက်များတဲ့နေရာတွေမှာ သောက်ပြီးသား လက်ဖက်ခြောက် ထုပ်တွေကို အနံ့စုပ်ပစ္စည်းအဖြစ် ပြန်အသုံးချနိုင်ပါတယ်။

 

 

 

အမှိုက်ပုံးလို အနံ့အသက် ဆိုးတဲ့နေရာတွေ၊ မီးဖိုချောင်မှာ၊ ဒါမှမဟုတ် ရေခဲသေတ္တာထဲ ထည့်ထားလို့ ရသလို၊ အထုပ်ကို ဖောက်ပြီး အထဲက လက်ဖက်ခြောက် အရွက်လေးတွေကိုပဲ ဘူးခွံတွေ ခြောက်သွေ့အောင် ထည့်ထားလို့ ရပါသေးတယ်။

နောက်တနည်းကတော့ ပိုးမွှားအန္တရာယ်ကနေ ကာကွယ်ဆေးအဖြစ်လည်း သုံးကြပါတယ်။ အိမ်တွင်း၊ အိမ်ပြင် အလှစိုက်တဲ့ ပန်းပင်တွေ မှိုရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေနွေးသောက်ပြီးတာနဲ့ ကျန်တဲ့ လက်ဖက်ခြောက်တွေကို မလွှင့်ပစ်ပဲ ပန်းအိုးတွေထဲ ဖြူးထားလိုက်ပါ။ တချို့ကတော့ သုံးပြီးသား လက်ဖက်ခြောက် ထုပ်တွေကို ရေနွေးနဲ့ပြန်ဖျော် အအေးခံပြီးမှ ရလာတဲ့အရည်ကို အပင်တွေကို ဖြန်းပေးကြပါတယ်။

 

 

 

အိမ်ရှင်မတွေအတွက်လည်း အရမ်းကို အသုံးဝင်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ အသားစိမ်း၊ ငါးစိမ်းတွေကိုင်ပြီးလို့ အနံ့ထွက်နေတဲ့လက်ကို ဘယ်လောက်ဆေးဆေး အနံ့မပြောင်တဲ့အခါ လက်ဖက်ခြောက်ထုပ်လေးကို လက်နဲ့ အရင် ပွတ်တိုက်ပြီးမှ ဆပ်ပြာနဲ့ဆေးလိုက်ရင် အနံ့ဆိုးတွေပျောက်ပြီး မွှေးပျံ့သွားပါလိမ့်မယ်။

 

 

 

ချက်ပြုတ် ကြော်လှော်ထားတဲ့ အိုးတွေကို ပြန်ဆေးရတဲ့အခါ အဆီတွေပြောင်အောင် နှစ်ထပ်၊ သုံးထပ် တိုက်ရတာ စိတ်ကုန်စရာပါ။ နောက်ဆို ဒီလိုစိတ်မညစ်ရအောင် ဆီတွေဝေ့နေတဲ့အိုးတွေကို မတိုက်ချွတ်ခင် Teabags တွေ ထည့်ပြီး ရေစိမ်ထားလိုက်ပါ။ ခဏနေမှ တိုက်ရင် အဆီတွေ ခဏလေးနဲ့ သန့်စင်သွားပါတယ်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Yummy

 

 

 

 

  [Zawgyi]


 




 









 

Ref: Yummy

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service