ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်း

ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
16 Dec 2023 11:45 am တွင် တင်ခဲ့သည်
1062 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ဘီနာမီ(ခ)အမည်ငှားဖြင့် ဝယ်ယူခြင်းဆိုသည်မှာ ငွေထုတ်ပေးသူ ဝယ်ယူသူကိုယ်စား ၎င်း၏ယုံကြည် စိတ်ချရသူ(သားသမီး၊မိဘ၊ဆွေမျိုး) တစ်ဦးဦးအား မိမိဝယ်ယူလိုသော မရွှေ့မပြောင်းနိုင်သောပစ္စည်း(သို့) ရွှေ့ပြောင်းနိုင်သော ပစ္စည်းအား အမည်ခံကာ ဝယ်ယူခိုင်းခြင်းပင် ဖြစ်ပါသည်။

နိုင်ငံခြားသို့ ရောက်ရှိနေသော မိသားစုများမှ ဘီနာမီစနစ်ဝယ်ယူကာ ၎င်းပြန်လည်ရောက်ရှိသည့်အချိန် လွှဲပြောင်းပေးအပ်ရန် ကတိကဝတ်ပြုလုပ်ထားကြပြီး အမည်ခံ၍ ဝယ်ယူစေခြင်းပင်ဖြစ်သည်။

ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ပါက အရောင်းအဝယ်စာချုပ်တွင် ငွေထုတ်ဝယ်ယူသူက မိမိအမည်ကို ဖော်ပြရန်မလိုပါ။

ဒေါ်ကြည်ခင်နှင့်ဦးမင်းငွေဝင်းပါ-၂ (၂၀၁၅ ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်-(၂))အမှုတွင် ဝယ်ယူသူ နာမည်နှစ်ဦးပါဝင်ကာ ဘီနာမီဖြင့် ဝယ်ယူခြင်းဖြစ်သောကြောင့် တစ်ဦးတည်းမှ ပိုင်ဆိုင်ကြောင်း မြွတ်ဟ ကြေညာပေးစေလိုမှု စွဲဆိုခြင်းဖြစ်ပါသည်။

အဆိုပါအမှုတွင် ငွေပေးချေသူ၏ အမည်များပါ ပါဝင်နေသောကြောင့် အမည်ငှားဘီနာ မီစနစ်ဖြင့် ဝယ်ယူခြင်းမဟုတ်နိုင်ကြောင်း သုံးသပ်သည်ကို တွေ့ရှိနိုင်သည်။ တရားလိုမှ ဘီနာမီစနစ်ဖြင့် ဝယ်ယူသည် ဆိုသော်လည်း အရောင်းအဝယ်စာချုပ်တွင် ဝယ်ယူသူနှစ်ဦးအနေဖြင့် ထည့်သွင်းကာ နှစ်ဦးစလုံးမှ လက်မှတ်ရေးထိုး ဝယ်ယူထားသဖြင့် တရားပြိုင် ခုခံချက်အတိုင်း ပူးတွဲပိုင်ဆိုင် ဝယ်ယူခြင်းသာဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ထားသည်။

ငွေစိုက်ထုတ်ပေးသူက တစ်စုံတစ်ယောက်၏ အကျိုးငှာငွေပေးချေခြင်းမဟုတ်လျှင် ငွေချေးခြင်း မဟုတ်လျှင် ပစ္စည်းကို ခေတ္တလွှဲပြောင်းရရှိသူသည် ဘီနာမီစနစ်ဖြင့် ဝယ်ယူပေးခြင်းပင်ဖြစ်သည်။

ဘီနာမီ စနစ်ဖြင့် ဝယ်ယူပေးသူ အမည်ငှားသည် ပစ္စည်း ခေတ္တလက်ရှိ ထားပိုင်ခွင့်လဲရှိကာ အမှန်တကယ်ဝယ်ယူသူထံ သတ်မှတ်ကတိပြုချက် အတိုင်း ပြန်လည်လွှဲပြောင်းပေးအပ်ရန် တာဝန်လဲရှိပါသည်။ အမည်ငှားစနစ်မှာ အမည်အား ငှားရမ်းအသုံးပြု၍ ဝယ်ယူခြင်းဖြစ်ကာ မိမိအကျိုးအတွက် အခြားသူ၏ အမည်ဖြင့်ပစ္စည်းအား လွှဲပြောင်းဝယ်ယူခြင်းပင်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။

 











 



 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service