အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ... - Property Knowledge in Myanmar from iMyanmarHouse.com
10 Dec 2023 1:12 pm တွင် တင်ခဲ့သည်
633 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

iMyanmarHouse ဆီကို မေးလာကြတဲ့မေးခွန်းတွေထဲက မေးမြန်းမှုအများဆုံး မေးခွန်းလေးတွေကို ဒီတစ်ပတ်အတွက် ဥပဒေအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။

 

 

မေးခွန်း (၁) - ဂရန်မြေ မိတ္တူခြမ်းကို ဝယ်ယူမည်ဆိုလျှင် ဘာလိုစာရွက်စာတမ်းတွေလိုအပ်ပါသလဲ။

 

ဂရန်မြေဆိုသည်မှာ အစိုးရမှ နှစ်ကာလအပိုင်းအခြားဖြင့် ခွင့်ပြုသတ်မှတ်ကာ စည်းကမ်းသတ်ချက်များဖြင့် အသုံးပြုခွင့်ပေးထားသော၊ နှစ်စဉ်မြေငှားခ ထမ်းဆောင်ရသော မြေအမျိုးအစားကို ဆိုလိုပါသည်။ ဂရန်မြေများတွင် သက်တမ်းကာလရှိသဖြင့် ဂရန်မြေ ဝယ်ယူသည်အခါ အမည်ပေါက်စစ်ဆေးခြင်းနှင့်အတူ မြေပိုင်ဆိုင်မှုစာရွက် စာတမ်းများနှင့် ကျန်ရှိနေသေးသော မြေငှားသက်တမ်းကာလကိုလဲ စစ်ဆေးကြည့်ရှုရန် လိုအပ်ပါသည်။

စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ စနစ်တကျမြို့ကွက် ဖော်ထုတ်ထားသည့် လူနေရပ်ကွက် အတွင်းရှိ ကျူးလွန်ခြင်းမြေ၊ ဂရန်ပေးစီမံချက်မြေတို့ကို ဂရန်မြေလျှောက်ထားလျှင် သတ်မှတ်ပေလျှင် မြေငှားဂရန်စာချုပ် ထုတ်ပေးပြီး (၁၂၀၀)စတုရန်းပေပြည့်မှ ဂရန်ခွဲစိတ် ခွင့်ပြုပါသည်။

အဆိုပါ(၁၂၀၀) စတုရန်းပေ(၂၀×၆၀) ပေထဲမှ (၁၀×၆၀)သာ ဝယ်ယူခြင်းဖြစ်ပါက ဘေးတခြမ်းနေထိုင်သူ ဂရန် အမည်ပေါက်သူထံမှ တိုက်ရိုက်ဝယ်ယူခြင်းမဟုတ်လျှင် ဝယ်ယူရန် မသင့်တော်ပါ။ အကယ်၍ ဝယ်ယူလိုပါကလဲ အမည်ပေါက်မြေရှင်အား ၎င်းတို့ပြုလုပ်သည့် မြေတခြမ်း အရောင်းအဝယ် စာချုပ်တွင် ပါဝင်ကာ လက်မှတ်ရေးထိုး စေရပါမည်။

ပူးတွဲပိုင်ဆိုင်သူမှာ အမည်ပေါက်လဲမဟုတ်ပါက မြေငှားအမည်ပေါက်ထံမှ ဝယ်ယူထားသည့် အဆက်အစပ် စာချုပ်များအားလုံးအား စစ်ဆေးပြီး မူရင်းတချို့အား တောင်းဆိုထားသင့်ပါသည်။ မူရင်းများမရရှိနိုင်ပါက မိတ္တူများ အားလုံးအား ရယူထားရန် လိုအပ်ပါသည်။ တချို့မြေကွက် ပူးတွဲပိုင်ဆိုင်သူများသည် မြေငှားဂရန်စာချုပ်အား (၆)လတစ်လှည့်စီ ရယူသိမ်းဆည်းရန် သဘောတူညီချက် ထားရှိကြပါသည်။

ထို့ပြင် တစ်ဦးမှမသိရှိဘဲ မြေကွက်တစ်ကွက်လုံးအား ပေါင်နှံခြင်း၊ ရောင်းချခြင်းမဖြစ်ပေါ်စေရန် တချို့ မြေကွက် ပူးတွဲပိုင်ဆိုင်သူများမှာ မြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် စာရွက်တမ်းများအား တဝက်စီ သိမ်းဆည်း သည်များလဲရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) - မြေကွက်တိုင်းတာခြင်းအနက်မှ ရုံးတိုင်းတာလျှောက်ထား ဆောင်ရွက်ခြင်းဆိုသည်မှာ အဘယ်နည်း။

 

မြေစာရင်းမှ ထုတ်ပေးသော မြေတိုင်းမြေပုံ ဧရိယာမကိုက်ညီ၍ ရုံးတိုင်းတာ ဆောင်ရွက်ရန်လျှောက်ထားပါက သတ်မှတ်ရုံးတိုင်းတာ ဝန်ဆောင်ခကို ပေးသွင်းစေကာ ရုံးတိုင်းတာခြင်း ဆောင်ရွက်ပေးပါသည်။

ရုံးတိုင်းတာခြင်း ဆောင်ရွက်သည့်အခါ အဆိုပါမြေကွက်နှင့်သက်ဆိုင်သည့် Block တစ်ခုလုံးအား တိုင်းတာ စစ်ဆေးခြင်း ပြုနိုင်ပါသည်။ပါမစ်မြေတွင် အမည်ပေါက်ပိုင်ရှင် ကိုယ်တိုင် ရုံးတိုင်းတာ လျှောက်ထားခြင်းမဟုတ်ပါက ခွင့်မပြုပါ။ လိုင်စင်မြေများအားလဲ ရုံးတိုင်းတာခြင်း လျှောက်ထား၍ မရပါ။

ရုံးတိုင်းတာခြင်းတွင် မြေကွက်အား ကျူးကျော်မှုများတွေ့ရှိကာ မြေစာရင်းမြေပုံပါနှင့် ပေလျော့နည်းနေပါက ကျုးလွန်ခြင်းပြမြေပုံကို လျှောက်ထားရယူနိုင်ပါသည်။ မြေပြင်ဧရိယာ အရှိအတိုင်းသာ လျှောက်ထားသူမှ ရယူလို ကြောင်း တင်ပြပါက ရုံးတွင်းမိန့်ဖြင့် ဂရန်အား ပြင်ဆင်သတ်မှတ်ပေးနိုင်ပါသည်။ထို့သို့ ရုံးတိုင်းမြေတိုင်းတာရာတွင်

(က) မြေတိုင်းအရာရှိ နှင့် မြေတိုင်းအဖွဲ့ (ခ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ (ဂ) မြို့နယ်ရဲတပ်ဖွဲ့မှ တစ်ဦး (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး (င) မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ (စ)ရုံးတိုင်းတာခြင်း လျှောက်ထားသူနှင့် ဘေးမြေကွက်ပိုင်ရှင်များတို့ စုံလင်စွာပါဝင်ကာ မြေတိုင်းတာဆောင် ရွက်ခြင်းဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၃) - စာချုပ်စာတမ်းအမျိုးအစားတိုင်းကို မှတ်ပုံတင်ရန်လိုပါသလား။

 

စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ အခန်း(၄) ပုဒ်မ-၁၆နှင့်ပုဒ်မ-၁၇ တွင် မှတ်ပုံမတင်မနေရ စာချုပ်စာ တမ်းများ နှင့် မှတ်ပုံတင်လိုက တင်နိုင်သောစာချုပ်စာတမ်းများကို ခွဲခြားဖော်ပြသတ်မှတ်ပေးထားပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို အပိုင်ပေးသည့်စာချုပ်စာတမ်းများ၊ (၁)နှင့် အထက်ရှိသော မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများကို ရောင်းချခြင်း၊ ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ဖျက်သိမ်းခြင်းတို့၌ ခိုင်မာရန်ပြုလုပ်သည့် စာချုပ်စာတမ်းများ၊ တရားရုံးကချမှတ်သည့် စီရင်ချက်၊ ဒီကရီ၊ အမိန့်တို့ အား မဖြစ်မနေ မှတ်ပုံတင်ရပါမည်။

ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတစ်ပါး အခြားပေါင်နှံခြင်းစာချုပ်နှင့် အဆိုပါစာချုပ်ကို ဖျက်သိမ်းသည့်စာချုပ်များအပြင် ငှားရမ်းခြင်းများတွင် တစ်နှစ်ထက်ပိုကာ တစ်နှစ်ပြီး တစ်နှစ်ငှားရမ်းသည့် စာချုပ် များ၊ ကုမ္ပဏီများမှ ပေါင်နှံခြင်း၊ ပေးအပ်ခြင်း၊ လွှဲပြောင်းခြင်းပြုသည့် စာချုပ်စာတမ်းများ၊ မွေးစားခြင်းစာချုပ်များ၊ နိုင်ငံတော်မှ အခါအားလျော်စွာ သတ်မှတ်သည့်စာချုပ်စာတမ်းများအား မှတ်ပုံတင်ရှိရန် လိုအပ်ပါသည်။

ပုဒ်မ-၁၇တွင် ဖော်ပြထားသော အောက်ဖော်ပြပါ စာချုပ်စာတမ်းများအား မှတ်ပုံတင်လိုက တင်နိုင်ပါသည်။

ငွေကျပ်(၁)သိန်းနှင့်အောက် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းချခြင်း၊ စွန့်လွှတ်ခြင်း၊ လွှဲအပ်ခြင်း စာချုပ်စာတမ်းများ၊ ငွေကျပ်(၁)သိန်းနှင့်အောက် ပေါင်နှံခြင်း စာချုပ်စာတမ်းများ၊ တစ်နှစ်ထက်မပိုသော ငှားရမ်းခြင်း စာချုပ်စာတမ်းများအား မှတ်ပုံတင်ခြင်း မဆောင်ရွက်လိုလျှင် ဖြစ်ပါသည်။

ထို့ပြင် ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် သက်ဆိုင်သည့် လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း စာချုပ်စာတမ်းများ၊ ၎င်းနှင့်သက်ဆိုင်သည့် သေတမ်းစာများ၊ မိသားစုစီမံခန့်ခွဲမှုဆိုင်ရာ စာချုပ်စာတမ်းများ၊ အနုညာတခုံလူကြီးတို့၏ ဆုံးဖြတ်ချက်များ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို လေလံတင်ရောင်းချပြီး နောက်ထုတ်ပေးသည့် အရောင်း သက်သေခံလက်မှတ်များ၊ ဂရန်စာချုပ် (သို့) ခွဲဝေပေးသည့်စာချုပ်စာတမ်းများအား မှတ်ပုံတင်လိုမှ တင်နိုင်သော စာချုပ်စာတမ်းများဖြစ်ကြောင်း ဖော်ပြရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အပတ္စဥ္ အိမ္ျခံေျမဥပေဒအေရး ေဆြးေႏြးအေျဖ႐ွာ...

iMyanmarHouse ဆီကို ေမးလာၾကတဲ့ေမးခြန္းေတြထဲက ေမးျမန္းမႈအမ်ားဆုံး ေမးခြန္းေလးေတြကို ဒီတစ္ပတ္အတြက္ ဥပေဒအေမးအေျဖက႑မွာ တင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - ဂရန္ေျမ မိတၱဴျခမ္းကို ဝယ္ယူမည္ဆိုလွ်င္ ဘာလိုစာ႐ြက္စာတမ္းေတြလိုအပ္ပါသလဲ။

 

ဂရန္ေျမဆိုသည္မွာ အစိုးရမွ ႏွစ္ကာလအပိုင္းအျခားျဖင့္ ခြင့္ျပဳသတ္မွတ္ကာ စည္းကမ္းသတ္ခ်က္မ်ားျဖင့္ အသုံးျပဳခြင့္ေပးထားေသာ၊ ႏွစ္စဥ္ေျမငွားခ ထမ္းေဆာင္ရေသာ ေျမအမ်ိဳးအစားကို ဆိုလိုပါသည္။ ဂရန္ေျမမ်ားတြင္ သက္တမ္းကာလ႐ွိသျဖင့္ ဂရန္ေျမ ဝယ္ယူသည္အခါ အမည္ေပါက္စစ္ေဆးျခင္းႏွင့္အတူ ေျမပိုင္ဆိုင္မႈစာ႐ြက္ စာတမ္းမ်ားႏွင့္ က်န္႐ွိေနေသးေသာ ေျမငွားသက္တမ္းကာလကိုလဲ စစ္ေဆးၾကည့္႐ႈရန္ လိုအပ္ပါသည္။

စည္ပင္သာယာေရးေကာ္မတီမွ စီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမ၊ လိုင္စင္ေျမ၊ ပါမစ္ေျမ၊ စကြာတာေျမ၊ စနစ္တက်ၿမိဳ႕ကြက္ ေဖာ္ထုတ္ထားသည့္ လူေနရပ္ကြက္ အတြင္း႐ွိ က်ဴးလြန္ျခင္းေျမ၊ ဂရန္ေပးစီမံခ်က္ေျမတို႔ကို ဂရန္ေျမေလွ်ာက္ထားလွ်င္ သတ္မွတ္ေပလွ်င္ ေျမငွားဂရန္စာခ်ဳပ္ ထုတ္ေပးၿပီး (၁၂၀၀)စတုရန္းေပျပည့္မွ ဂရန္ခြဲစိတ္ ခြင့္ျပဳပါသည္။

အဆိုပါ(၁၂၀၀) စတုရန္းေပ(၂၀×၆၀) ေပထဲမွ (၁၀×၆၀)သာ ဝယ္ယူျခင္းျဖစ္ပါက ေဘးတျခမ္းေနထိုင္သူ ဂရန္ အမည္ေပါက္သူထံမွ တိုက္႐ိုက္ဝယ္ယူျခင္းမဟုတ္လွ်င္ ဝယ္ယူရန္ မသင့္ေတာ္ပါ။ အကယ္၍ ဝယ္ယူလိုပါကလဲ အမည္ေပါက္ေျမ႐ွင္အား ၎တို႔ျပဳလုပ္သည့္ ေျမတျခမ္း အေရာင္းအဝယ္ စာခ်ဳပ္တြင္ ပါဝင္ကာ လက္မွတ္ေရးထိုး ေစရပါမည္။

ပူးတြဲပိုင္ဆိုင္သူမွာ အမည္ေပါက္လဲမဟုတ္ပါက ေျမငွားအမည္ေပါက္ထံမွ ဝယ္ယူထားသည့္ အဆက္အစပ္ စာခ်ဳပ္မ်ားအားလုံးအား စစ္ေဆးၿပီး မူရင္းတခ်ိဳ႕အား ေတာင္းဆိုထားသင့္ပါသည္။ မူရင္းမ်ားမရ႐ွိႏိုင္ပါက မိတၱဴမ်ား အားလုံးအား ရယူထားရန္ လိုအပ္ပါသည္။ တခ်ိဳ႕ေျမကြက္ ပူးတြဲပိုင္ဆိုင္သူမ်ားသည္ ေျမငွားဂရန္စာခ်ဳပ္အား (၆)လတစ္လွည့္စီ ရယူသိမ္းဆည္းရန္ သေဘာတူညီခ်က္ ထား႐ွိၾကပါသည္။

ထို႔ျပင္ တစ္ဦးမွမသိ႐ွိဘဲ ေျမကြက္တစ္ကြက္လုံးအား ေပါင္ႏွံျခင္း၊ ေရာင္းခ်ျခင္းမျဖစ္ေပၚေစရန္ တခ်ိဳ႕ ေျမကြက္ ပူးတြဲပိုင္ဆိုင္သူမ်ားမွာ ေျမပိုင္ဆိုင္မႈႏွင့္ သက္ဆိုင္သည့္ စာ႐ြက္တမ္းမ်ားအား တဝက္စီ သိမ္းဆည္း သည္မ်ားလဲ႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ေျမကြက္တိုင္းတာျခင္းအနက္မွ ႐ုံးတိုင္းတာေလွ်ာက္ထား ေဆာင္႐ြက္ျခင္းဆိုသည္မွာ အဘယ္နည္း။

 

ေျမစာရင္းမွ ထုတ္ေပးေသာ ေျမတိုင္းေျမပုံ ဧရိယာမကိုက္ညီ၍ ႐ုံးတိုင္းတာ ေဆာင္႐ြက္ရန္ေလွ်ာက္ထား ပါက သတ္မွတ္႐ုံးတိုင္းတာ ဝန္ေဆာင္ခကို ေပးသြင္းေစကာ ႐ုံးတိုင္းတာျခင္း ေဆာင္႐ြက္ေပးပါသည္။

႐ုံးတိုင္းတာျခင္း ေဆာင္႐ြက္သည့္အခါ အဆိုပါေျမကြက္ႏွင့္သက္ဆိုင္သည့္ Block တစ္ခုလုံးအား တိုင္းတာ စစ္ေဆးျခင္း ျပဳႏိုင္ပါသည္။ ပါမစ္ေျမတြင္ အမည္ေပါက္ပိုင္႐ွင္ ကိုယ္တိုင္ ႐ုံးတိုင္းတာ ေလွ်ာက္ထားျခင္းမဟုတ္ပါက ခြင့္မျပဳပါ။ လိုင္စင္ေျမမ်ားအားလဲ ႐ုံးတိုင္းတာျခင္း ေလွ်ာက္ထား၍ မရပါ။

႐ုံးတိုင္းတာျခင္းတြင္ ေျမကြက္အား က်ဴးေက်ာ္မႈမ်ားေတြ႕႐ွိကာ ေျမစာရင္းေျမပုံပါႏွင့္ ေပေလ်ာ့နည္းေနပါက က်ဳးလြန္ျခင္းျပေျမပုံကို ေလွ်ာက္ထားရယူႏိုင္ပါသည္။ ေျမျပင္ဧရိယာ အ႐ွိအတိုင္းသာ ေလွ်ာက္ထားသူမွ ရယူလို ေၾကာင္း တင္ျပပါက ႐ုံးတြင္းမိန္႔ျဖင့္ ဂရန္အား ျပင္ဆင္သတ္မွတ္ေပးႏိုင္ပါသည္။ထို႔သို႔ ႐ုံးတိုင္းေျမတိုင္းတာရာတြင္

(က) ေျမတိုင္းအရာ႐ွိ ႏွင့္ ေျမတိုင္းအဖြဲ႕ (ခ) ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္႐ွိသူ (ဂ) ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တစ္ဦး (ဃ) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး (င) ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္႐ွိသူ (စ)႐ုံးတိုင္းတာျခင္း ေလွ်ာက္ထားသူႏွင့္ ေဘးေျမကြက္ပိုင္႐ွင္မ်ားတို႔ စုံလင္စြာပါဝင္ကာ ေျမတိုင္းတာေဆာင္ ႐ြက္ျခင္းျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - စာခ်ဳပ္စာတမ္းအမ်ိဳးအစားတိုင္းကို မွတ္ပုံတင္ရန္လိုပါသလား။

 

စာခ်ဳပ္စာတမ္းမွတ္ပုံတင္အက္ဥပေဒ အခန္း(၄) ပုဒ္မ-၁၆ႏွင့္ပုဒ္မ-၁၇ တြင္ မွတ္ပုံမတင္မေနရ စာခ်ဳပ္စာ တမ္းမ်ား ႏွင့္ မွတ္ပုံတင္လိုက တင္ႏိုင္ေသာစာခ်ဳပ္စာတမ္းမ်ားကို ခြဲျခားေဖာ္ျပသတ္မွတ္ေပးထားပါသည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို အပိုင္ေပးသည့္စာခ်ဳပ္စာတမ္းမ်ား၊ (၁)ႏွင့္ အထက္႐ွိေသာ မေ႐ႊ႕ မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို ေရာင္းခ်ျခင္း၊ ေၾကညာျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လႊတ္ျခင္း၊ ဖ်က္သိမ္းျခင္းတို႔၌ ခိုင္မာရန္ျပဳလုပ္သည့္ စာခ်ဳပ္စာတမ္းမ်ား၊ တရား႐ုံးကခ်မွတ္သည့္ စီရင္ခ်က္၊ ဒီကရီ၊ အမိန္႔တို႔ အား မျဖစ္မေန မွတ္ပုံတင္ရပါမည္။

ပိုင္ဆိုင္ခြင့္စာခ်ဳပ္ကို အပ္ႏွံ၍ ေပါင္ႏွံေငြေခ်းျခင္းမွတစ္ပါး အျခားေပါင္ႏွံျခင္းစာခ်ဳပ္ႏွင့္ အဆိုပါစာခ်ဳပ္ကို ဖ်က္သိမ္းသည့္စာခ်ဳပ္မ်ားအျပင္ ငွားရမ္းျခင္းမ်ားတြင္ တစ္ႏွစ္ထက္ပိုကာ တစ္ႏွစ္ၿပီး တစ္ႏွစ္ငွားရမ္းသည့္ စာခ်ဳပ္ မ်ား၊ ကုမၸဏီမ်ားမွ ေပါင္ႏွံျခင္း၊ ေပးအပ္ျခင္း၊ လႊဲေျပာင္းျခင္းျပဳသည့္ စာခ်ဳပ္စာတမ္းမ်ား၊ ေမြးစားျခင္းစာခ်ဳပ္မ်ား၊ ႏိုင္ငံေတာ္မွ အခါအားေလ်ာ္စြာ သတ္မွတ္သည့္စာခ်ဳပ္စာတမ္းမ်ားအား မွတ္ပုံတင္႐ွိရန္ လိုအပ္ပါသည္။

ပုဒ္မ-၁၇တြင္ ေဖာ္ျပထားေသာ ေအာက္ေဖာ္ျပပါ စာခ်ဳပ္စာတမ္းမ်ားအား မွတ္ပုံတင္လိုက တင္ႏိုင္ပါသည္။

ေငြက်ပ္(၁)သိန္းႏွင့္ေအာက္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းေရာင္းခ်ျခင္း၊ စြန္႔လႊတ္ျခင္း၊ လႊဲအပ္ျခင္း စာခ်ဳပ္စာတမ္းမ်ား၊ ေငြက်ပ္(၁)သိန္းႏွင့္ေအာက္ ေပါင္ႏွံျခင္း စာခ်ဳပ္စာတမ္းမ်ား၊ တစ္ႏွစ္ထက္မပိုေသာ ငွားရမ္းျခင္း စာခ်ဳပ္စာတမ္းမ်ားအား မွတ္ပုံတင္ျခင္း မေဆာင္႐ြက္လိုလွ်င္ ျဖစ္ပါသည္။

ထို႔ျပင္ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားႏွင့္ သက္ဆိုင္သည့္ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လႊတ္ျခင္း စာခ်ဳပ္စာတမ္းမ်ား၊ ၎ႏွင့္သက္ဆိုင္သည့္ ေသတမ္းစာမ်ား၊ မိသားစုစီမံခန္႔ခြဲမႈဆိုင္ရာ စာခ်ဳပ္စာတမ္းမ်ား၊ အႏုညာတခုံလူႀကီးတို႔၏ ဆုံးျဖတ္ခ်က္မ်ား၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို ေလလံတင္ေရာင္းခ်ၿပီး ေနာက္ထုတ္ေပးသည့္ အေရာင္း သက္ေသခံလက္မွတ္မ်ား၊ ဂရန္စာခ်ဳပ္ (သို႔) ခြဲေဝေပးသည့္စာခ်ဳပ္စာတမ္းမ်ားအား မွတ္ပုံတင္လိုမွ တင္ႏိုင္ေသာ စာခ်ဳပ္စာတမ္းမ်ားျဖစ္ေၾကာင္း ေဖာ္ျပေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

 

ေမးခြန္းေပးပို႔ရန္ Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service