ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
9 Dec 2023 10:28 am တွင် တင်ခဲ့သည်
1177 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ပဋိဉာဉ်ပြုလုပ်ရန် အရည်အချင်း ပြည့်မှီသည့်သူများအား ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေနှင့်အညီ ပစ္စည်းလွှဲပြောင်းနိုင်ပါသည်။ လွှဲပြောင်းသည့်ပစ္စည်းသည် မြေဖြစ်လျှင် မြေ၌စွဲကပ်နေသော အရာများအားလုံး ပါဝင်မည်ဖြစ်ကာ လွှဲပြောင်းသည်ပစ္စည်းသည် ရွှေ့ပြောင်းနိုင်သော စက်ပစ္စည်းဖြစ်လျှင် အဆိုပါစက်ပစ္စည်းနှင့် သက်ဆိုင်သည့် အစိတ်အပိုင်းများအားလုံးပါပါဝင်မည်ဖြစ်ပါသည်။

ထို့ပြင် လွှဲပြောင်းပေးကမ်း၊ ရောင်းချခြင်း၌ မြေကွက်နှင့်အတူ အဆောက်အဦးပါပါဝင်လျှင် ၎င်းနှင့်စွဲကပ် ပူးတွဲနေသော ပစ္စည်းများအားလုံးလဲ လွှဲပြောင်းခြင်း၌ ပါဝင်ရပါမည်။ ငွေအားလွှဲပြောင်းခြင်း ဖြစ်နေလျှင် ထိုငွေနှင့် ပတ်သတ်သည့် နောင်တွင်အကျိုးအမြတ် ဖြစ်ထွန်းမည့်အတိုး (သို့) နောက်တိုးဝင်ငွေများအားလုံး လွှဲ ပြောင်းခြင်းပြုရာ၌ ပါဝင်ရပါမည်။

ပစ္စည်းလွှဲပြောင်းရောင်းချခြင်း စာချုပ်များ၌ ရောင်းချခြင်းအား အတည်ပြုသည့် အချိန်ကာလ သတ်မှတ်ဖော်ပြချက် မရှိလျှင် ထိုပစ္စည်းလွှဲပြောင်းခြင်းသည် အပြီးတိုင် လွှဲပြောင်းရောင်းချခြင်းပင်ဖြစ်ပါသည်။ ဥပဒေနှင့်မညီညွှတ်သည့် အချက်အလက်များအား ကတိပြုထားခြင်း၊ ယုံကြည်စွာ ပြောဆို၍ လိမ်လည်၍ စာချုပ်ချုပ်ဆိုထားခြင်းများမှာ ပျက်ပြယ်နေသော ပစ္စည်းလွှဲပြောင်းခြင်းပင် ဖြစ်ပါသည်။ တရားရုံးမှ အများဆိုင်ရာမှုများနှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း မှတ်ယူနိုင်သည့်ကိစ္စရပ်များတွင်လဲ ပစ္စည်းလွှဲပြောင်းခြင်းသည် အထ မြောက်မည်မဟုတ်ပါ။

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ-၂၅ အရ ပစ္စည်းလွှဲပြောင်းခြင်းမှာ စည်းကမ်းချက်များဖြင့် လွှဲပြောင်း ခြင်းဖြစ်ပြီး သဘောတူထားသည့် စည်းကမ်းချက်များမှာ ပြီးမြောက်ရန် မဖြစ်နိုင်သည့် ကိစ္စရပ်များဖြစ်နေလျှင် စတင်ကတိပြုကတည်းက ပစ္စည်းလွှဲပြောင်းခြင်းမှာ ပျက်ပြယ်နေပါသည်။

ဥပမာ - အိမ်ခြံမြေနှင့် စက်ပစ္စည်း အရစ်ကျရောင်းချခြင်းဆိုင်ရာ စာချုပ်များတွင် ပစ္စည်းလွှဲပြောင်း ခြင်းပြုရန်အတွက် စည်းကမ်းသတ်မှတ်ချက်များ အပြန်အလှန်ထားရှိခြင်းကို တွေ့ရှိနိုင်ပြီး သဘောညီချက်များမှာ ဥပဒေနှင့်ညီညွှတ်ရန်နှင့် ယေဘူရအားဖြင့် ပြီးမြောက်နိုင်သည့်ကိစ္စရပ်များ ဖြစ်ရန်လိုအပ်ပါသည်။ထို့ပြင် စာချုပ် ပါပစ္စည်းလွှဲပြောင်းခြင်းနှင့် သက်ဆိုင်သည့် သဘောတူချက် တစ်ချက်ချက်ကို တစ်ဖက်ဖက်မှ ပျက်ကွက်ပါက ပျက်ကွက်သူသည် စာချုပ်ပါအတိုင်း ဒဏ်ကြေးလဲ ပေးအပ်ရပြီး အကြိမ်ကြိမ် ပျက်ကွက်ပါက နစ်နာသူဘက်မှ စာချုပ်ဖျက်သိမ်းနိုင်ကာ ပစ္စည်းလွှဲပြောင်းခြင်းလဲ အတည်ဖြစ်မည်မဟုတ်ပါ။

တချို့သောပစ္စည်းလွှဲပြောင်းခြင်းများ၌ စာချုပ်ပါစည်းကမ်းချက်များ ပြီးမြောက်အောင်ဆောင်ရွက်ပြီးမှ သာ လွှဲပြောင်း ရောင်းချခြင်း အတည်ဖြစ်ကြောင်းထည့်ဝင်စာချုပ်ချုပ်ဆိုထားကြပြီး စာချုပ်ပါအတိုင်း တာဝန်ရှိသူမှ လိုက်နာပြီးမှသာလျှင် ပစ္စည်းလွှဲပြောင်းခြင်းလဲ အတည်ဖြစ်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ပစၥည္းလႊဲေျပာင္းျခင္းဥပေဒအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

 

ပဋိဉာဥ္ျပဳလုပ္ရန္ အရည္အခ်င္း ျပည့္မွီသည့္သူမ်ားအား ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒႏွင့္အညီ ပစၥည္းလႊဲေျပာင္းႏိုင္ပါသည္။ လႊဲေျပာင္းသည့္ပစၥည္းသည္ ေျမျဖစ္လွ်င္ ေျမ၌စြဲကပ္ေနေသာ အရာမ်ားအားလုံး ပါဝင္မည္ျဖစ္ကာ လႊဲေျပာင္းသည္ပစၥည္းသည္ ေ႐ႊ႕ေျပာင္းႏိုင္ေသာ စက္ပစၥည္းျဖစ္လွ်င္ အဆိုပါစက္ပစၥည္းႏွင့္ သက္ဆိုင္သည့္ အစိတ္အပိုင္းမ်ားအားလုံးပါပါဝင္မည္ျဖစ္ပါသည္။

ထို႔ျပင္ လႊဲေျပာင္းေပးကမ္း၊ ေရာင္းခ်ျခင္း၌ ေျမကြက္ႏွင့္အတူ အေဆာက္အဦးပါပါဝင္လွ်င္ ၎ႏွင့္စြဲကပ္ ပူးတြဲေနေသာ ပစၥည္းမ်ားအားလုံးလဲ လႊဲေျပာင္းျခင္း၌ ပါဝင္ရပါမည္။ ေငြအားလႊဲေျပာင္းျခင္း ျဖစ္ေနလွ်င္ ထိုေငြႏွင့္ ပတ္သတ္သည့္ ေနာင္တြင္အက်ိဳးအျမတ္ ျဖစ္ထြန္းမည့္အတိုး (သို႔) ေနာက္တိုးဝင္ေငြမ်ားအားလုံး လႊဲ ေျပာင္းျခင္းျပဳရာ၌ ပါဝင္ရပါမည္။

ပစၥည္းလႊဲေျပာင္းေရာင္းခ်ျခင္း စာခ်ဳပ္မ်ား၌ ေရာင္းခ်ျခင္းအား အတည္ျပဳသည့္ အခ်ိန္ကာလ သတ္မွတ္ေဖာ္ျပခ်က္ မ႐ွိလွ်င္ ထိုပစၥည္းလႊဲေျပာင္းျခင္းသည္ အၿပီးတိုင္ လႊဲေျပာင္းေရာင္းခ်ျခင္းပင္ျဖစ္ပါသည္။ ဥပေဒႏွင့္မညီၫႊတ္သည့္ အခ်က္အလက္မ်ားအား ကတိျပဳထားျခင္း၊ ယုံၾကည္စြာ ေျပာဆို၍ လိမ္လည္၍ စာခ်ဳပ္ခ်ဳပ္ဆိုထားျခင္းမ်ားမွာ ပ်က္ျပယ္ေနေသာ ပစၥည္းလႊဲေျပာင္းျခင္းပင္ ျဖစ္ပါသည္။ တရား႐ုံးမွ အမ်ားဆိုင္ရာမႈမ်ားႏွင့္ ဆန္႔က်င္ကြဲလြဲေနေၾကာင္း မွတ္ယူႏိုင္သည့္ကိစၥရပ္မ်ားတြင္လဲ ပစၥည္းလႊဲေျပာင္းျခင္းသည္ အထ ေျမာက္မည္မဟုတ္ပါ။

ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒ-၂၅ အရ ပစၥည္းလႊဲေျပာင္းျခင္းမွာ စည္းကမ္းခ်က္မ်ားျဖင့္ လႊဲေျပာင္း ျခင္းျဖစ္ၿပီး သေဘာတူထားသည့္ စည္းကမ္းခ်က္မ်ားမွာ ၿပီးေျမာက္ရန္ မျဖစ္ႏိုင္သည့္ ကိစၥရပ္မ်ားျဖစ္ေနလွ်င္ စတင္ကတိျပဳကတည္းက ပစၥည္းလႊဲေျပာင္းျခင္းမွာ ပ်က္ျပယ္ေနပါသည္။

ဥပမာ - အိမ္ျခံေျမႏွင့္ စက္ပစၥည္း အရစ္က်ေရာင္းခ်ျခင္းဆိုင္ရာ စာခ်ဳပ္မ်ားတြင္ ပစၥည္းလႊဲေျပာင္း ျခင္းျပဳရန္အတြက္ စည္းကမ္းသတ္မွတ္ခ်က္မ်ား အျပန္အလွန္ထား႐ွိျခင္းကို ေတြ႕႐ွိႏိုင္ၿပီး သေဘာညီခ်က္မ်ားမွာ ဥပေဒႏွင့္ညီၫႊတ္ရန္ႏွင့္ ေယဘူရအားျဖင့္ ၿပီးေျမာက္ႏိုင္သည့္ကိစၥရပ္မ်ား ျဖစ္ရန္လိုအပ္ပါသည္။ထို႔ျပင္ စာခ်ဳပ္ ပါပစၥည္းလႊဲေျပာင္းျခင္းႏွင့္ သက္ဆိုင္သည့္ သေဘာတူခ်က္ တစ္ခ်က္ခ်က္ကို တစ္ဖက္ဖက္မွ ပ်က္ကြက္ပါက ပ်က္ကြက္သူသည္ စာခ်ဳပ္ပါအတိုင္း ဒဏ္ေၾကးလဲ ေပးအပ္ရၿပီး အႀကိမ္ႀကိမ္ ပ်က္ကြက္ပါက နစ္နာသူဘက္မွ စာခ်ဳပ္ဖ်က္သိမ္းႏိုင္ကာ ပစၥည္းလႊဲေျပာင္းျခင္းလဲ အတည္ျဖစ္မည္မဟုတ္ပါ။

တခ်ိဳ႕ေသာပစၥည္းလႊဲေျပာင္းျခင္းမ်ား၌ စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ား ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ၿပီးမွ သာ လႊဲေျပာင္း ေရာင္းခ်ျခင္း အတည္ျဖစ္ေၾကာင္းထည့္ဝင္စာခ်ဳပ္ခ်ဳပ္ဆိုထားၾကၿပီး စာခ်ဳပ္ပါအတိုင္း တာဝန္႐ွိသူမွ လိုက္နာၿပီးမွသာလွ်င္ ပစၥည္းလႊဲေျပာင္းျခင္းလဲ အတည္ျဖစ္မည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service