လိုင်စင်မြေအား မြေငှားဂရန် လျှောက်ထားခြင်းအကြောင်း

လိုင်စင်မြေအား မြေငှားဂရန် လျှောက်ထားခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
10 Aug 2025 11:01 am တွင် တင်ခဲ့သည်
413 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

လိုင်စင်မြေဆိုသည်မှာ အစိုးရမှ မြေယာစီမံခန့်ခွဲမှုစနစ်အရ ခွင့်ပြုသတ်မှတ်ဖြင့် ထုတ်ပေးထားသော မြေအမျိုးအစား ဖြစ်ပါသည်။

ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးအပြည့်အဝမရရှိဘဲ အသုံးပြုခွင့်နှင့် ဆိုင်တဲ့အခွင့်အရေးသာရရှိသည့် မြေအမျိုးအစားဖြစ်ပါသည်။ မြေဧရိယာ၊ တည်နေရာ၊ သက်တမ်းပေါ် မူတည်၍ နှစ်စဉ်သတ်မှတ်သည့် လိုင်စင်ကြေးအား ထမ်းဆောင်ရပါသည်။

လိုင်စင်မြေအား လက်ရှိအမည်ပေါက်ကာ (၃)နှစ် သက်တမ်းဖြင့် ချပေးခြင်းခံရသူ၊ သက်တမ်းတိုးဆောင်ရွက်ထားသူမှာ မြေငှားစာချုပ်ဂရန် လျှောက်ထားနိုင်ပါသည်။ ယာယီချပေးထားသော လိုင်စင်မြေများကို မြေငှား ဂရန် လျှောက်ထားခွင့်မပြုပါ။

မြေငှားဂရန် လျှောက်ထားသည့်အခါ သတ်မှတ်လုပ်ငန်းစဉ်များအတိုင်း မြို့စာရင်းအမည်ပေါက် မှန်မမှန် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊ မြေငှားခကြွေးကျန်ကင်းရှင်းခြင်းရှိမရှိ စစ်ဆေးခြင်း၊ လိုင်စင်လက်မှတ်မိတ္တူနှင့် မူရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊ ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ငြိစွန်းမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ ကန့်ကွက်ရှိမရှိ သတင်းစာကြေငြာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကန့်ကွက်ကြေငြာစာကပ်ခြင်းတို့ ဆောင်ရွက်ပါသည်။

လိုင်စင်မူရင်းမတင်ပြနိုင်ပါက ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာတို့ တင်ပြ၍ မြေငှားဂရန် လျှောက်ထားမည်ဖြစ်ပါသည်။

လိုင်စင်မြေအား လွှဲပြောင်းရောင်းချခြင်းပြုရာတွင် ကန့်သတ်သတ်မှတ်ချက်များလဲ ရှိပါသည်။ ရောင်းချ ခြင်း၊ငှားရမ်း ခြင်းပြုလိုပါက အစိုးရ၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်အနေဖြင့် ထုတ်ပေးသော လိုင်စင်မြေရှိသလို၊ အဖွဲ့အစည်းတစ်ခု အမည်ဖြင့် ထုတ်ပေးသော လိုင်စင်မြေများလဲ ရှိပါသည်။

လိုင်စင်မြေမှာ ခွင့်ပြုလုပ်ငန်းအမျိုးအစားနှင့် သက်ဆိုင်ရာမှ လုပ်ထုံးလုပ်နည်းပေါ် မူတည်၍ ခွင့်ပြုသက်တမ်းကာလ ကွာခြားချက်ရှိပါသည်။ သက်တမ်းမပြည့်မခင် သက်တမ်းတိုးလျှောက်ထားရန်လိုပါသည်။ စိုက်ပျိုး ရေးအတွက် အသုံးပြုသော လိုင်စင်မြေများ၊ နေထိုင်ရေးအတွက် အသုံးပြုသော လိုင်စင်မြေများ၊ စီးပွား‌ရေးအတွက် အသုံးပြုသော လိုင်စင်မြေများ အမျိုးမျိုးရှိပါသည်။

အဆိုပါလိုင်စင်မြေမှာ အစိုးရမှ ခွင့်ပြုချက်အတိုင်းသာ အသုံးပြုခွင့်ရှိသော မြေအမျိုးအစားဖြစ်ပါသည်။ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသော လိုင်စင်မြေများမှာ ပြန်လည်သိမ်းဆည်းခြင်း ခံရနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service