ကုန်သွယ်လုပ်ငန်းခွန်ထမ်းဆောင်ရန် သတ်မှတ်ထားသည့် လုပ်ငန်းများအကြောင်း
ကုန်သွယ်လုပ်ငန်းခွန်ထမ်းဆောင်ရန် သတ်မှတ်ထားသည့် လုပ်ငန်းများအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
2 Dec 2023 10:46 am တွင် တင်ခဲ့သည်
1342 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ တိုက်ရိုက်ပေးဆောင်ရသည့် အခွန်အမျိုးအစားထဲတွင် မပါဝင်ပါ။ ထုတ်လုပ် ရောင်းချသူ၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ဆောင်ရွက်သူ၊ ကုန်စည်တင်သွင်းသူမှ တဆင့်ကောက်ခံသည့် သွယ်ဝိုက်ခွန် အမျိုးအစားဖြစ်ပါသည်။
ပြည်ထောင်စုအကောက်ခွန်မှ သတ်မှတ်ထားသော အထူးကုန်စည်ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်အား ကုန်စည် ထုတ်လုပ်သူ၊ တင်သွင်းသူ၊ တင်ပို့သူက ထမ်းဆောင်ရပါမည်။
ပြည်ထောင်စု အကောက်ခွန်ဥပဒေ၌ ဖော်ပြထားသည့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည် များအား ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်ရန်မလိုပါ။
အထူးကုန်စည်မဟုတ်သော အောက်ပါလုပ်ငန်းအမျိုးအစားများအား ဝယ်ယူသည့်အခါတိုင်း ဝယ်ယူသူ များမှလဲ ကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်ရန် လိုအပ်ပါသည်။
(၁)။ ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်ရောင်းချခြင်း
(၂)။ ပြည်တွင်း၌ ကုန်သွယ်မှုဆောင်ရွက်ခြင်း
(၃)။ ပြည်တွင်း၌ ဝန်ဆောင်မှုဆောင်ရွက်ခြင်း
(၄)။ ပြည်ပမှ ကုန်စည်တင်သွင်းခြင်း
(၅)။ ပြည်ပသို့ ကုန်စည်တင်ပို့ခြင်းလုပ်ငန်းများဖြစ်ပါသည်။
အဆိုပါလုပ်ငန်းများတွင် အရောင်းအဝယ်ပြုလုပ်သည့်အခါတိုင်း ထုတ်လုပ်ရောင်းချသူ၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု ဆောင်ရွက်သူ၊ ကုန်စည်တင်သွင်းသူတို့မှ ကျသင့်တန်ဖိုးငွေနှင့်အတူ ဝယ်ယူသူထံမှ ကုန်သွယ် လုပ်ငန်းခွန်ကိုပါ တပါတည်း ကောက်ခံ၍ အခွန်ပေးဆောင်ရမည်ဖြစ်သည်။
သို့ရာတွင် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသူ လုပ်ငန်းရှင်၌ မှတ်ပုံတင်လက်မှတ် ပတခ(ကသခ)-၂ ရှိရပါမည်။
ကုန်စည်ထုတ်လုပ်သူသည် လုပ်ငန်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်ထားသည်များရှိပါက ခုနှိမ်၍ ကုန်သည်လုပ်ငန်းခွန် ထမ်းဆောင်နိုင်သည်။ ထိုသို့ ကုန်စည်တင်သွင်းရောင်းချခြင်း၊ ထုတ်လုပ်ရောင်း ချခြင်း၊ ကုန်သွယ်မှု၊ဝန်ဆောင်မှု လုပ်ငန်းလုပ်သူများမှ ကုန်သွယ်ခွန်အား ခုနှိမ်ပေးသွင်းလိုပါက ပတခ(ကသခ)-၃၂၊ ပတခ(ကသခ)-၃၁ ပုံစံအား နှစ်စောင်ပြုစုပြီး မူရင်းခွဲကို ဝယ်ယူသူ/ဝန်ဆောင်မှုရယူသူနှင့် သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ပြီး ကျန်မူရင်းခွဲကို လက်ခံအဖြစ် သိမ်းဆည်းထားရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service