YouTube ဗွီဒီယိုဖိုင်တစ်ခုလျှင် ၂ မိနစ်အချိန်ပေးရုံဖြင့် တစ်နှစ်လျှင် ကန်ဒေါ်လာ ၃၃၀၀၀ အပိုဝင်ငွေ ရနေသော ၂၆ နှစ်အရွယ်လူငယ်တစ်ဦး
YouTube ဗွီဒီယိုဖိုင်တစ်ခုလျှင် ၂ မိနစ်အချိန်ပေးရုံဖြင့် တစ်နှစ်လျှင် ကန်ဒေါ်လာ ၃၃၀၀၀ အပိုဝင်ငွေ ရနေသော ၂၆ နှစ်အရွယ်လူငယ်တစ်ဦး - Property Knowledge in Myanmar from iMyanmarHouse.com
30 Nov 2023 11:33 am တွင် တင်ခဲ့သည်
1072 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
အကယ်၍ သင်သည် ပညာရပ်အမျိုးမျိုး ဆည်းပူးလေ့လာခြင်း (သို့မဟုတ်) အပန်းဖြေနားနေရင်း YouTube မှ Lo-Fi တေးသွားများကို နားဆင်ဖူးသည်ဆိုပါက သင်သည် မိုက်ကယ်တာနာ (Michael Turner) ၏ တေးဂီတ နှင့် ရင်းနှီးထိတွေ့ဖူးသူ ဖြစ်သည်။
မိုက်ကယ်တာနာသည် အသက် ၂၆ နှစ်အရွယ်သာရှိသေးပြီး ဂီတဖြင့်သာ ဘဝရပ်တည်သူတစ်ဦးဖြစ်ပြီး PLVTINUM ဟူသော အမည်ဖြင့် ပေါ့ပ်ဂီတများ ဖန်တီးသူ ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခွဲခန့်က မိုက်ကယ်တာနာသည် သူ၏ အားလပ်ရက်များတွင် အချိန်အချို့သုံးစွဲကာ အလုပ်လုပ်ရင်း နားထောင်နိုင်မည့် ဂီတတေးသွားများ စတင်ဖန်တီးခဲ့သည်။
မိုက်ကယ်တာနာ ဖန်တီးသည့် Lo-Fi ဂီတဟူသည်မှာ စတူဒီယိုကြီးများတွင် ဖန်တီးခြင်းမဟုတ်ဘဲ မိမိအိမ်တွင် သာ ဖန်တီးသော အရည်အသွေးနိမ့် အသံဖမ်း တေးဂီတများကို ဆိုလိုသည်။
မိုက်ကယ်တာနာက Lo-Fi ဂီတထုတ်လုပ်ရေးမှာ အလွန်လွယ်ကူသော ဘေးပေါက်ငွေရလမ်းတစ်ခုအဖြစ် တွေ့ရှိလာခဲ့သည်။
ထိုအလုပ်သည် အကျိုးအမြတ်လည်း ရှိ၏။
မိုက်ကယ်တာနာက ဂစ်တာသမား မိုက်ခ်ဘိုနိုနှင့် ပူးပေါင်းကာ Bonsai Beats ဟူသော YouTube ချန်နယ်ဖြင့် တေးဂီတများ လွှင့်တင်ခဲ့သည်။
ပြီးခဲ့သောနှစ်အတွင်း ထိုချန်နယ်က ဘေးပေါက် အပိုဝင်ငွေ ကန်ဒေါ်လာ ၃၃၁၃၉ (မြန်မာကျပ်ငွေ ၆၉၄ သိန်းကျော်) ရရှိခဲ့ကြောင်း CNBC Make it အစီအစဉ်က ကြည့်ရှုခွင့်ရခဲ့သော စာရွက်စာတမ်းများအရ သိရသည်။
(မှတ်ချက်။ နိုဝင်ဘာ ၂၆ ရက် သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၂၀၉၆ ဖြင့် တွက်ချက် ထားခြင်း ဖြစ်ပါသည်။)
Lo-Fi ၏ အဓိပ္ပာယ်အရှည်မှာ Low Fidelity ဖြစ်ပြီး Professional ဂီတတို့တွင် တွေ့ရလေ့ရှိသော အရည်အသွေးမြင့် ထုတ်လုပ်ထားသည့် ဂီတမျိုး မဟုတ်ချေ။
Lo-Fi ဂီတမှာ ချက်ပြုတ်ရင်း ၊ အလုပ်လုပ်ရင်း ၊ ပညာရပ်များ လေ့လာရင်း (သို့မဟုတ်) အိပ်ယာဝင်ချိန် နားထောင်ရန်အဖြစ် ရည်ရွယ်သော ဂီတဖြစ်သည်။
Lo-Fi သည် ဂီတတေးသွားများကို စတင်ဖန်တီးချိန်တွင် မိုက်ကယ်တာနာနှင့် ဘိုနိုတို့က အချိန်ကန့်သတ်ချက် Timer ဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ သီချင်းတစ်ပုဒ်ချင်းစီ ရေးသားခြင်း ၊ ထုတ်လုပ်ခြင်းနှင့် အမည်ပေးခြင်းတို့အတွက် အချိန် ၂ မိနစ်အတွင်း အပြီးသတ်ဖန်တီးကြခြင်း ဖြစ်သည်။
ပြီးခဲ့သော တစ်နှစ်တာအတွင်း တေးသွား ၈၅ ခုမှ တဆင့် ၂ ဦးပေါင်းဝင်ငွေ ကန်ဒေါ်လာ ၆၀၀၀၀ ခန့် ရရှိခဲ့ပြီး ထိုတေးသွားအားလုံး၏ စုစုပေါင်း ဖန်တီးချိန်မှာ ၃ နာရီခန့်သာ ရှိသည်။
မိုက်ကယ်တာနာသည် ၁၈ နှစ်သားအရွယ်တွင် ၎င်းကိုယ်တိုင် ရေးသားသီဆိုထားသည့် သီချင်းတစ်ပုဒ်ကို YouTube တွင် လွှင့်တင်ခဲ့ရာ ကြည့်ရှုမှုအကြိမ်ရေ ၁ သန်းကျော် ရှိခဲ့သည်။
ထိုသီချင်းမှာ အင်တာနက်နှင့် ပထမဆုံး ထိတွေ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းကတည်းက YouTube တွင် ဗွီဒီယိုများ တင်ရခြင်းကို စွဲလန်းသွားကြောင်း ၎င်းက ပြောသည်။
Bonsai Beats သည် Spotify တွင်လည်း လစဉ်နားထောင်သူ ၁၂၀၀၀ ခန့်ရှိသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 26-year-old brings in $33,000 a year from 2-minute side hustle that cost next to nothing to start (cnbc)
[Zawgyi]
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 26-year-old brings in $33,000 a year from 2-minute side hustle that cost next to nothing to start (cnbc)
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service