မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုမည်ဆိုပါက သိရှိထားသင့်သည့်အချက်အလက်များ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုမည်ဆိုပါက သိရှိထားသင့်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
26 Nov 2023 12:13 pm တွင် တင်ခဲ့သည်
1577 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းပြုမည်ဆိုပါက ဥပဒေနှင့်အညီ ပေးကမ်းမှုဖြစ်ရန် လိုအပ်တယ်။ တံဆိပ်ခေါင်းခွန်(၄%) ထမ်းဆောင်ရပါမည်။ စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုမှ ထုတ်ပေး သော အပိုင်ပေးကမ်းခြင်း မြေပုံလဲ လိုအပ်ပါသည်။ ကျန်သားသမီးများနှင့် ၎င်းတို့၏ ဇနီး၊ အသက် (၁၈)ပြည့်ပြီးသော သားသမီးများ၏ အပိုင်ပေးကမ်းခြင်းကို ကန့်ကွက်ရန်မရှိကြောင်း ကျမ်းကျိန်လွှာ လိုအပ်ပါသည်။ ထို့ပြင် အပိုင်ပေးသူနှင့် လက်ခံသူတို့ တော်စပ်ပုံ ကျမ်းကျိန်လွှာ၊ အမှန်တကယ် ပေးအပ်ကြောင်း ကျမ်းကျိန်လွှာ၊ လက်ခံသူမှ သဘောတူကြောင်း ကျမ်းကျိန်လွှာတို့လဲ ဆောင်ရွက်ပေးရပါမည်။

မိဘသည် သားသမီးတစ်ဦးထဲအား ပေးကမ်းမည်ဆိုပါက အမွေပစ္စည်းအားလုံးအား ပေးကမ်း၍ မရသလို ထိုသို့ပေးကမ်းခြင်းပြုလျှင် တရားမဝင် ပျက်ပြယ်မည်ဖြစ်ပါ သည်။ ထို့အပြင် အနိုင်အထက်ပြုခြင်း ကြောင့်၊ မတရား ဩဇာလွှဲမိုးခြင်းကြောင့်၊ လိမ်လည်မှုကြောင့်၊ အလွဲပြောဆိုခြင်းကြောင့် ပေးကမ်းခြင်း ဖြစ်ပါက ပျက်ပြယ်ပါသည်။ အနာဂတ်ပစ္စည်းကို ပေးကမ်းခြင်း ပြု၍ မရပါ။ အပိုင်ပေးသူမှ မိမိပိုင်ပစ္စည်းအားလုံးကို ပေးကမ်း ခြင်းမျိုး ဖြစ်နေလျှင် ထိုပစ္စည်းများနှင့်အညီ ပေးကမ်းသူ၏ ကြွေးမြီများအားလုံးကို ပေးဆပ်ရန် လက်ခံ သူမှာ တာဝန်ရှိနေပါသည်။

ပေးကမ်းမည့်သူသည် သေခံနီးဆဲဆဲတွင် ပေးကမ်းပါက ပေးကမ်းခြင်း အထမမြောက်ပါ။ ပေးကမ်းခြင်းစာချုပ်တွင် အဖိုးစားနားများရယူခြင်းမရှိကြောင်း၊ မိမိပိုင်ဆိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသော ပစ္စည်းအား ပေးကမ်းခြင်းဖြစ်ကြောင်း ဖော်ပြပါရှိရပါမည်။ ပေးကမ်းခြင်းကို လက်ခံကြောင်း၊ သဘောတူကြောင်း လက်ခံ သူက ဖွင့်ဟဝန်ခံ၍ လက်မှတ်ရေးထိုးရပါမည်။ထို့နောက် ပေးကမ်းခြင်းစာချုပ်တွင် ပေးကမ်းသူ၊ လက်ခံသူ၊ အသိသက်သေများ စုံလင်စွာပါဝင်ကာ လက်မှတ်ရေးထိုးပြီး မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမည်ဖြစ်ကြောင်း ဖော်ပြရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 









နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service