မြေငှားဂရန်၊ မြေငှားရမ်းခ အကြောင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတ ရေးသားဖော်ပြလိုက်ပါတယ်။

မြေငှားဂရန်၊ မြေငှားရမ်းခ အကြောင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတ ရေးသားဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
29 Oct 2023 4:41 pm တွင် တင်ခဲ့သည်
1160 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

နှစ်စဉ်မြေငှားဂရန်များ ထုတ်ပေးရာတွင် ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၅၁(ခ)နှင့် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ-၉တို့အရ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော် အရာရှိ)မှ မြေဧရိယာ(၁)ဧကအထိကို ခွင့်ပြုချက်ထုတ်ပေးနိုင်ပြီး၊ မြေဧရိယာ(၁)ဧကအထက်မှ (၅)ဧကအတွင်းဖြစ်ပါက တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူး၏ စီစစ်ခွင့်ချက်ဖြင့် မြေငှားဂရန် ထုတ်ပေးပါသည်။

မြေဧရိယာ(၅)ဧက အထက်ဖြစ်ပါက ညွှန်ကြားရေးမှူးချုပ်၏ စီစစ်ခွင့်ပြုချက်ဖြင့် မြေငှားဂရန် ထုတ်ပေးပါသည်။ မြေငှားဂရန်များ ထုတ်ပေးသည့်အခါ နှစ်စဉ် မြေငှားခနှုန်းထားများအား တွက်ချက်ထုတ် ပေးရပါတယ်။

ထိုသို့မြေငှားဂရန် ထုတ်ပေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော် အရာရှိ) များသည် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကာ ကွင်းဆင်းစစ်ဆေးခြင်း၊ သက်သေများ စစ်ဆေးခြင်း၊မြေပုံမြေရာဇဝင်များ စီစစ်ခြင်းတို့‌ ဆောင်ရွက်ပါတယ်။

မြေငှားဂရန်ထုတ်ပေးခြင်းမပြုမီ ကန့်ကွက်သူရှိမရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများမှ တဆင့်ကန့်ကွက်လွှာ ခေါ်ယူပါတယ်။

မြေငှားဂရန်များအပြင် လူနေထိုင်ရန်အတွက် ရပ်ကွက်အဆင့်မပြည့်သေးသော ရပ်ကွက်များအား ယာယီ လူနေထိုင်ရန် လုပ်ငန်းလုပ်ကိုင်ရန်အတွက် အသုံးပြုနိုင်သော မြေငှားလိုင်စင်အား (၁)နှစ်မှ (၃)နှစ်အတွင်း ခွင့်ပြု ပေးပါတယ်။

မြေငှားဂရန်များတွင် အဆောက်အဦး ဆောက်လုပ်နေထိုင်ရန်အတွက် (၁၀)နှစ် နှစ်တို မြေငှားဂရန် ထုတ်ပေးခြင်း၊ မြို့မြေမျာတွင် ခိုင်ခန့်သော တိုက်အဆောက်အဦများ တည်ရှိပါက တစ်ကြိမ်လျှင် နှစ် (၃၀)ဖြင့် (၃)ကြိမ် သက်တမ်းတိုး ခွင်ပြုနိုင်သော မြေငှားဂရန်များ ထုတ်ပေးနိုင်ပါတယ်။

မြေငှားရမ်းခနှုန်းထားများ သတ်မှတ်ရာတွင်လဲ ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်း ဥပဒေအရ ပြုလုပ်သော နည်းဥပဒေ ၄၄(က)(၂) အရ လည်းကောင်း၊ အောက်မြန်မာနိုင်ငံတွင် ၁၈၉၈ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေအရပြုလုပ်သော နည်းဥပဒေ-၁၇အရ လည်းကောင်း၊ စက်မှု လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက်ဖြစ်ပါက ၁၉၁၃ ခုနှစ် မြို့နှင့် ကျေးရွာမြေများဆိုင်ရာ အမိန့်ဆင့်ဆို ချက် ၄၅(ခခ)အရလည်းကောင်း ၊ တွက်ချက်ရန်နှင့် မြေ၏ ကာလတန်ဘိုး၊ ငှားရမ်းခ တန်ဘိုးတို့ကို ခေတ်ကာလ အခြေအနေနှင့်အညီ သင့်တင့်မျှတသော နှုန်းထားဖြင့် စီစစ်ပြီး (ကော်လိတ္တော် အရာရှိ)မှ မြေငှားရမ်းခသတ်မှတ် ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 













 

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service