တရုတ်ပြည်တွင် အုတ်တံတိုင်းကြီး လဲပြိုပိခြင်း ခံခဲ့ရသော Tesla Model Y တစ်စင်း၏ စိတ်ဝင်စားဖွယ်ဖြစ်ရပ်

တရုတ်ပြည်တွင် အုတ်တံတိုင်းကြီး လဲပြိုပိခြင်း ခံခဲ့ရသော Tesla Model Y တစ်စင်း၏ စိတ်ဝင်စားဖွယ်ဖြစ်ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
13 Sep 2023 10:59 am တွင် တင်ခဲ့သည်
1858 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

တရုတ်ပြည်တွင် အုတ်ပုံအောက် ရောက်ရှိသွားသော ပန်းရောင် Tesla Model Y တစ်စင်း၏ ဖြစ်ရပ်မှာ နိုင်ငံတကာသတင်းများတွင် ပျံ့နှံ့လျက်ရှိသည်။

ထိုကားတွင် ယခုထက်ပိုမိုသည့် စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းတစ်ခုရှိနေပြီး ကားပိုင်ရှင်မှာ ကမ္ဘာပေါ်ရှိ ကံအဆိုးဆုံး လူသားများတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။

Tesla EV တို့သည် ဘေးအကင်းဆုံးမော်တော်ကားများတွင် ပါဝင်ပြီး ကားမောင်းသူအား ဘေးကင်းလုံခြုံမှု အခိုင်အမာပေးနိုင်မှုဖြင့် ချီးမွမ်းခံကြရသည်။

အထူးသဖြင့် ကား၏ မှန်အမိုးမှာ ကားအလေးချိန်ထက် လေးဆ ပိုမိုများပြားသော အလေးချိန်ကို ခံနိုင်ရည်ရှိသည်။

Tesla Model Y ၏ အမိုးမှန်မှာ အလေးချိန် ပေါင် ၁၉၁၈၈ (၈၇၀၀ ကီလိုဂရမ်) ခံနိုင်ရည်အားရှိကြောင်း IIHS က ဖော်ပြသည်။

ဤတွင် နားမလည်နိုင်စရာတစ်ခု ပေါ်ပေါက်သည်။

လူအများစု သိထားကြသည်မှာ စတီးနှင့်ယှဉ်လျှင် မှန်မှာ ကွဲတတ်သည်ဟု သိထားကြသည်။

Tesla Model Y ၏ အမိုးမှန်မှာ မကွဲနိုင်သည့်အပြင် စတီးနှင့် ပြုလုပ်ထားသည့် အခြားသော ကားအများစု၏ အမိုးများထက် ဖိအားကို ပိုမိုခံနိုင်ရည် ရှိနေသည်။

ထိုသို့ ခံနိုင်စွမ်းရှိကြောင်းကိုလည်း လက်တွေ့စမ်းသပ် ပြသခဲ့ကြပြီး ဖြစ်သည်။ Tesla ကားများပေါ်သို့ ဓာတ်တိုင်များ (သို့မဟုတ်) သစ်ပင်များ လဲကျလျှင်ပင် မှန်အမိုးမှာ မကွဲမကြေဘဲ စီးနင်းသူများကို ကာကွယ်ပေးနိုင်ပြီး ထိုသို့ဖြစ်ရပ်မျိုး ကြုံလျှင်ပင် ကားတံခါးကို ဖွင့်၍ရဆဲဖြစ်သည်။

တရုတ်ပြည်မှ ဖြစ်ရပ်မှာ မိုးသီးထန်စွာ ရွာသွင်းမှုကြောင့် အုတ်တံတိုင်းကြီးတစ်ခုက Tesla Model Y ပေါ်သို့ လဲပြိုကျခဲ့သော်လည်း လူစီးခန်းမှာ မထိခိုက်မပျက်စီးဘဲ ရှိနေသည်ကို တွေ့ကြရသည်။

ဒေသတွင်း သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ မိုးသက်မုန်တိုင်း သည်းထန်စွာ ရွာသွင်းမှုကြောင့် လမ်းဘေးမှ အုတ်တံတိုင်းတစ်ခု လဲပြိုကျခဲ့ကြောင်း ၊ ထိုလမ်းတလျှောက် ရပ်တန့်ထားသော ကားများမှာ အုတ်ပုံအောက်တွင် ကြေမွသွားခဲ့ကြကြောင်း ၊ ပန်းရောင် Tesla Model Y တစ်စင်းမှာမူ ကားအမိုးပေါ်သို့ ကြီးမားသော အုတ်တံတိုင်းကြီး လဲပြိုကျသော်လည်း လူစီးခန်းမပျက်မစီးရှိနေကြောင်း ဖော်ပြသည်။

ထိုသို့ လူစီးခန်း မပျက်စီးမှုကြောင့် တံခါးကို ပုံမှန်အတိုင်း ဖွင့်နိုင်ရာ လိုက်ပါသူများ အလွယ်တကူ ထွက်နိုင်ခဲ့သည်။

သတင်းမီဒီယာများနှင့် လူမှုကွန်ရက်တွင် Tesla Model Y ၏ အထင်ကြီးလောက်ဖွယ် ကြံ့ခိုင်မှုအကြောင်း များစွာ ရေးသားပြောဆိုလျက် ရှိနေကြသည်။

ဤကားတွင် ထို့ထက်ပို၍ စိတ်ဝင်စားဖွယ်ဖြစ်ရပ် ရှိနေသေးသည်။ ပန်းရောင် Tesla Model Y ၏ ပိုင်ရှင်မှာ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကားပိုင်ရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်ဟု ဆိုနိုင်သည်။

ဤ ပန်းရောင် Tesla Model Y ကို တရုတ်အမျိုးသမီးတစ်ဦးက ယခုနှစ် မေလအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထိုကားကို ပိုင်ဆိုင်ထားသည့် ၄ လတာ ကာလအတွင်း ကံဆိုးမိုးမှောင်များ ဆက်တိုက် ကျရောက်ခဲ့သည်။

တရုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်မှာ သူမ၏ကားမှာ ယာဉ်တိုက်မှုဖြစ်ကာ တာယာများ သံဆူးခြင်း ၊ တံခါးမှာ ပိန်ချိုင့်သွားခြင်း ၊ ရှေ့ဗန်ပါနှင့် ဘောနက်တို့မှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ခြင်းများကို တွေ့ခဲ့ရသည်။

သူမ၏ Tesla Model Y သည် ၂ ကြိမ် ရှပ်တိုက်မိခြင်း ၊ ကြွေပြားတစ်ခု ပြုတ်ကျမှုကြောင့် နောက်မှန်တံခါး ကွဲခြင်းတို့လည်း ရင်ဆိုင်ခဲ့ရသည်။

အထက်ပါဖြစ်ရပ်များ ကြုံတွေ့ခဲ့ရသော်လည်း ထိုမိန်းကလေးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိချေ။

သူ၏ကား ဖြစ်ပေါ်ကြုံတွေ့ခဲ့ရမှုများမှာ ကံဆိုးမိုးမှောင်ကျမှုများအဖြစ် အများက ယုံကြည်ကြပြီး ယခုနောက်ဆုံးတွင်လည်း အုတ်တံတိုင်းအောက်တွင် အဆုံးသတ်ခဲ့ရသည်။

ယခုဖြစ်ရပ်နောက်ပိုင်း သူမ၏ ကံကြမ္မာ ကောင်းမွန်လာမည်ဟု မျှော်လင့်ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tesla Model Y That Refused To Crumble Under the Rubble in China Has the Most Unusual Story (news)

 

[Zawgyi]

တရုတ္ျပည္တြင္ အုတ္တံတုိင္းၾကီး လဲျပဳိပိျခင္း ခံခဲ့ရေသာ Tesla Model Y တစ္စင္း၏ စိတ္ဝင္စားဖြယ္ျဖစ္ရပ္

တရုတ္ျပည္တြင္ အုတ္ပံုေအာက္ ေရာက္ရွိသြားေသာ ပန္းေရာင္ Tesla Model Y တစ္စင္း၏ ျဖစ္ရပ္မွာ ႏိုင္ငံတကာသတင္းမ်ားတြင္ ပ်ံ႕ႏွံ႔လ်က္ရွိသည္။

ထိုကားတြင္ ယခုထက္ပိုမိုသည့္ စိတ္ဝင္စားဖြယ္ ဇာတ္ေၾကာင္းတစ္ခုရွိေနျပီး ကားပုိင္ရွင္မွာ ကမၻာေပၚရွိ ကံအဆိုးဆံုး လူသားမ်ားတြင္ ပါဝင္သည္ဟု ဆိုႏိုင္သည္။

Tesla EV တို႔သည္ ေဘးအကင္းဆံုးေမာ္ေတာ္ကားမ်ားတြင္ ပါဝင္ျပီး ကားေမာင္းသူအား ေဘးကင္းလံုျခံဳမႈ အခိုင္အမာေပးႏိုင္မႈျဖင့္ ခ်ီးမြမ္းခံၾကရသည္။

အထူးသျဖင့္ ကား၏ မွန္အမိုးမွာ ကားအေလးခ်ိန္ထက္ ေလးဆ ပိုမိုမ်ားျပားေသာ အေလးခ်ိန္ကို ခံႏိုင္ရည္ရွိသည္။

Tesla Model Y ၏ အမိုးမွန္မွာ အေလးခ်ိန္ ေပါင္ ၁၉၁၈၈ (၈၇၀၀ ကီလိုဂရမ္) ခံႏိုင္ရည္အားရွိေၾကာင္း IIHS က ေဖာ္ျပသည္။

ဤတြင္ နားမလည္ႏိုင္စရာတစ္ခု ေပၚေပါက္သည္။

လူအမ်ားစု သိထားၾကသည္မွာ စတီးႏွင့္ယွဥ္လွ်င္ မွန္မွာ ကြဲတတ္သည္ဟု သိထားၾကသည္။

Tesla Model Y ၏ အမိုးမွန္မွာ မကြဲႏိုင္သည့္အျပင္ စတီးႏွင့္ ျပဳလုပ္ထားသည့္ အျခားေသာ ကားအမ်ားစု၏ အမိုးမ်ားထက္ ဖိအားကို ပိုမိုခံႏိုင္ရည္ ရွိေနသည္။

ထိုသို႔ ခံႏိုင္စြမ္းရွိေၾကာင္းကိုလည္း လက္ေတြ႔စမ္းသပ္ ျပသခဲ့ၾကျပီး ျဖစ္သည္။ Tesla ကားမ်ားေပၚသို႔ ဓာတ္တုိင္မ်ား (သို႔မဟုတ္) သစ္ပင္မ်ား လဲက်လွ်င္ပင္ မွန္အမိုးမွာ မကြဲမေၾကဘဲ စီးနင္းသူမ်ားကို ကာကြယ္ေပးႏိုင္ျပီး ထိုသို႔ျဖစ္ရပ္မ်ဳိး ၾကံဳလွ်င္ပင္ ကားတံခါးကို ဖြင့္၍ရဆဲျဖစ္သည္။

တရုတ္ျပည္မွ ျဖစ္ရပ္မွာ မိုးသီးထန္စြာ ရြာသြင္းမႈေၾကာင့္ အုတ္တံတုိင္းၾကီးတစ္ခုက Tesla Model Y ေပၚသို႔ လဲျပိဳက်ခဲ့ေသာ္လည္း လူစီးခန္းမွာ မထိခိုက္မပ်က္စီးဘဲ ရွိေနသည္ကို ေတြ႔ၾကရသည္။

ေဒသတြင္း သတင္းမီဒီယာတု႔ိ၏ ေဖာ္ျပခ်က္အရ မိုးသက္မုန္တိုင္း သည္းထန္စြာ ရြာသြင္းမႈေၾကာင့္ လမ္းေဘးမွ အုတ္တံတုိင္းတစ္ခု လဲျပိဳက်ခဲ့ေၾကာင္း ၊ ထိုလမ္းတေလွ်ာက္ ရပ္တန္႔ထားေသာ ကားမ်ားမွာ အုတ္ပံုေအာက္တြင္ ေၾကမြသြားခဲ့ၾကေၾကာင္း ၊ ပန္းေရာင္ Tesla Model Y တစ္စင္းမွာမူ ကားအမိုးေပၚသုိ႔ ၾကီးမားေသာ အုတ္တံတုိင္းၾကီး လဲျပဳိက်ေသာ္လည္း လူစီးခန္းမပ်က္မစီးရွိေနေၾကာင္း ေဖာ္ျပသည္။

ထိုသို႔ လူစီးခန္း မပ်က္စီးမႈေၾကာင့္ တံခါးကို ပံုမွန္အတုိင္း ဖြင့္ႏိုင္ရာ လိုက္ပါသူမ်ား အလြယ္တကူ ထြက္ႏိုင္ခဲ့သည္။

သတင္းမီဒီယာမ်ားႏွင့္ လူမႈကြန္ရက္တြင္ Tesla Model Y ၏ အထင္ၾကီးေလာက္ဖြယ္ ၾကံ႕ခိုင္မႈအေၾကာင္း မ်ားစြာ ေရးသားေျပာဆိုလ်က္ ရွိေနၾကသည္။

ဤကားတြင္ ထို႔ထက္ပို၍ စိတ္ဝင္စားဖြယ္ျဖစ္ရပ္ ရွိေနေသးသည္။ ပန္းေရာင္ Tesla Model Y ၏ ပိုင္ရွင္မွာ ကမၻာေပၚတြင္ ကံအဆိုးဆံုး ကားပုိင္ရွင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္ဟု ဆိုႏိုင္သည္။

ဤ ပန္းေရာင္ Tesla Model Y ကို တရုတ္အမ်ဳိးသမီးတစ္ဦးက ယခုႏွစ္ ေမလအတြင္း ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ထုိကားကို ပိုင္ဆိုင္ထားသည့္ ၄ လတာ ကာလအတြင္း ကံဆိုးမိုးေမွာင္မ်ား ဆက္တိုက္ က်ေရာက္ခဲ့သည္။

တရုတ္လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့ေသာ ဗီြဒီယိုဖိုင္တစ္ခုတြင္ ေတြ႔ရသည္မွာ သူမ၏ကားမွာ ယာဥ္တုိက္မႈျဖစ္ကာ တာယာမ်ား သံဆူးျခင္း ၊ တံခါးမွာ ပိန္ခ်ဳိင့္သြားျခင္း ၊ ေရွ႕ဗန္ပါႏွင့္ ေဘာနက္တုိ႔မွာ ဆိုးဆိုးရြားရြား ထိခိုက္ခဲ့ျခင္းမ်ားကို ေတြ႔ခဲ့ရသည္။

သူမ၏ Tesla Model Y သည္ ၂ ၾကိမ္ ရွပ္တုိက္မိျခင္း ၊ ေၾကြျပားတစ္ခု ျပဳတ္က်မႈေၾကာင့္ ေနာက္မွန္တံခါး ကြဲျခင္းတို႔လည္း ရင္ဆိုင္ခဲ့ရသည္။

အထက္ပါျဖစ္ရပ္မ်ား ၾကံဳေတြ႔ခဲ့ရေသာ္လည္း ထုိမိန္းကေလးမွာ ထိခုိက္ဒဏ္ရာရရွိခဲ့ျခင္း မရွိေခ်။

သူ၏ကား ျဖစ္ေပၚၾကံဳေတြ႔ခဲ့ရမႈမ်ားမွာ ကံဆိုးမိုးေမွာင္က်မႈမ်ားအျဖစ္ အမ်ားက ယံုၾကည္ၾကျပီး ယခုေနာက္ဆံုးတြင္လည္း အုတ္တံတိုင္းေအာက္တြင္ အဆံုးသတ္ခဲ့ရသည္။

ယခုျဖစ္ရပ္ေနာက္ပိုင္း သူမ၏ ကံၾကမၼာ ေကာင္းမြန္လာမည္ဟု ေမွ်ာ္လင့္ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com 

Ref: Tesla Model Y That Refused To Crumble Under the Rubble in China Has the Most Unusual Story (news)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service