အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦး သံချေးတက်နေသော 1954 Ferrari ကိုယ်ထည်အခွံကို လေလံတင်ရာ ဒေါ်လာ ၂ သန်းခန့်ရရှိ

အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦး သံချေးတက်နေသော 1954 Ferrari ကိုယ်ထည်အခွံကို လေလံတင်ရာ ဒေါ်လာ ၂ သန်းခန့်ရရှိ - Property Knowledge in Myanmar from iMyanmarHouse.com
28 Aug 2023 11:30 am တွင် တင်ခဲ့သည်
501 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

Sotheby's ၏ လေလံပွဲတစ်ခုတွင် Ferrari အဟောင်းတစ်စီး၏ သံချေးတက်နေသော အပြင်ကိုယ်ထည်အခွံတစ်ခု ကန်ဒေါ်လာ ၁ ဒသမ ၉ သန်းခန့်ဖြင့် ရောင်းထွက်သွားသည်။

ပိန်ချိုင့်နေသော အဆိုပါ သတ္တုအစုအပုံသည် တစ်ချိန်က 1954 Ferrari 500 Mondial Spider Series I ဖြစ်ခဲ့ပြီး ၁၃ စင်းသာ ထုတ်လုပ်ခဲ့သည့်အနက် ဒုတိယမြောက်အစင်း ဖြစ်သည်။

chassis number မှာ 0406 MD ဖြစ်သည်။

အဆိုပါကားကို ထိုခေတ်ထိုအခါက Ferrari ၏ အထင်ရှားဆုံး ပြိုင်ကားမောင်းသမားများတွင် တစ်ဦးအပါအဝင်ဖြစ်သူ Franco Cortese က မောင်းနှင်ခဲ့သည်။

Franco Cortese သည် ဤကားကို ၁၉ ကြိမ် မောင်းနှင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၅၄ ခုနှစ် ၊ ဧပြီလက ကျင်းပသော Coppa della Toscana ပြိုင်ပွဲတွင် ဒုတိယ ရခဲ့ကြောင်း Sotheby's ၏ လေလံမှတ်တမ်းတွင် ဖော်ပြသည်။

 

 

(၁၉၅၄ ခုနှစ် ၊ ဧပြီလက ကျင်းပသော Coppa della Toscana ပြိုင်ပွဲတွင် ပထမရရှိခဲ့သူ။ Public domain ဓာတ်ပုံ)

 

ဤကားသည် ၁၉၅၈ ခုနှစ်တွင် အမေရိကန်သို့ ရောက်ရှိခဲ့ပြီး အမေရိကန်သို့ရောက်ချိန်တွင် ဆိုးဆိုးရွားရွား ယာဉ်တိုက်မှုဖြစ်ခဲ့ရာ ၁၉၆၀ ပြည့်လွန်ကာလများတွင် မီးလောင်ခဲ့သည်။

ယင်းနောက်ပိုင်း ဖလော်ရီဒါပြည်နယ်မှ အိမ်ခြံမြေလုပ်ငန်းရှင် ၊ Ferrari စုဆောင်းသူ Walter Medlin က ၁၉၇၈ ခုနှစ်တွင် ပိုင်ဆိုင်လာခဲ့ပြီး ၎င်းက ၄၅ နှစ်ကြာ ထိန်းသိမ်းထားခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဤကားကို အခြား Ferrari ၁၉ စင်းနှင့်အတူ ထိန်းသိမ်းထားရှိသော ဂိုဒေါင်မှာ ဟာရီကိန်း မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ကြောင်း Autoweek က ဖော်ပြခဲ့သည်။

ဂိုဒေါင်၏ ထုတ်တန်းများနှင့် မုန်တိုင်းက သယ်ဆောင်လာသော အပျက်အစီးများကြောင့် ရှားပါးကားတို့၏ လေကာမှန်များနှင့် အမိုးများ ထိခိုက်ပျက်စီးသွားခဲ့သည်။

သို့တိုင်အောင် Walter Medlin စုဆောင်းထားသော ကားများမှာ ရှားပါးပစ္စည်းများ ဖြစ်နေဆဲဖြစ်ကြောင်း ဂန္ထဝင်ကားများအကြောင်း စာအုပ်များရေးသားခဲ့သူ Tom Cotter က Autoweek သို့ ပြောသည်။

Walter Medlin က သူ၏ ရှားပါးကားအစင်း ၂၀ လုံးကို ယခုရက်သတ္တပတ်အတွင်း ကျင်းပခဲ့သော Monterey Car Week တွင် လေလံတင်ရောင်းချခဲ့သည်။

“0406 MD ဟာ ဒီကားရဲ့ အထွတ်အထိပ်ကာလတွေက အခြေအနေကို ပြန်ရဖို့ အတော်ပြန်ပြင်ဖို့ လိုအပ်ပါလိမ့်မယ်။ ”ဟု Sotheby's ၏ လေလံမှတ်တမ်းတွင် ဖော်ပြသည်။

ဤကားကို မည်သူက ဝယ်ယူသွားကြောင်းကိုမူ ထုတ်ဖော်ကြေညာခြင်းမရှိချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: $2 million for 1954 Ferrari Someone just paid almost $2 million for the rusted shell of a 1954 Ferrari (businessinsider)

 

 

[Zawgyi]

 

အိမ္ျခံေျမလုပ္ငန္းရွင္တစ္ဦး သံေခ်းတက္ေနေသာ 1954 Ferrari ကိုယ္ထည္အခြံကို ေလလံတင္ရာ ေဒၚလာ ၂ သန္းခန္႔ရရွိ

 

Sotheby's ၏ ေလလံပြဲတစ္ခုတြင္ Ferrari အေဟာင္းတစ္စီး၏ သံေခ်းတက္ေနေသာ အျပင္ကိုယ္ထည္အခြံတစ္ခု ကန္ေဒၚလာ ၁ ဒသမ ၉ သန္းခန္႔ျဖင့္ ေရာင္းထြက္သြားသည္။

ပိန္ခ်ိဳင့္ေနေသာ အဆိုပါ သတၱဳအစုအပံုသည္ တစ္ခ်ိန္က 1954 Ferrari 500 Mondial Spider Series I ျဖစ္ခဲ့ျပီး ၁၃ စင္းသာ ထုတ္လုပ္ခဲ့သည့္အနက္ ဒုတိယေျမာက္အစင္း ျဖစ္သည္။

chassis number မွာ 0406 MD ျဖစ္သည္။

အဆုိပါကားကုိ ထိုေခတ္ထိုအခါက Ferrari ၏ အထင္ရွားဆံုး ျပဳိင္ကားေမာင္းသမားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ Franco Cortese က ေမာင္းႏွင္ခဲ့သည္။

Franco Cortese သည္ ဤကားကို ၁၉ ၾကိမ္ ေမာင္းႏွင္ယွဥ္ျပဳိင္ခဲ့ျပီး ၁၉၅၄ ခုႏွစ္ ၊ ဧျပီလက က်င္းပေသာ Coppa della Toscana ျပဳိင္ပြဲတြင္ ဒုတိယ ရခဲ့ေၾကာင္း Sotheby's ၏ ေလလံမွတ္တမ္းတြင္ ေဖာ္ျပသည္။

(၁၉၅၄ ခုႏွစ္ ၊ ဧျပီလက က်င္းပေသာ Coppa della Toscana ျပဳိင္ပြဲတြင္ ပထမရရွိခဲ့သူ။ Public domain ဓာတ္ပံု)

https://commons.wikimedia.org/wiki/File:1954-04-11_Coppa_Toscana_WINNER_Ferrari_375_0360AM_Scotti.jpg

ဤကားသည္ ၁၉၅၈ ခုႏွစ္တြင္ အေမရိကန္သုိ႔ ေရာက္ရွိခဲ့ျပီး အေမရိကန္သုိ႔ေရာက္ခ်ိန္တြင္ ဆိုးဆုိးရြားရြား ယာဥ္တိုက္မႈျဖစ္ခဲ့ရာ ၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္ မီးေလာင္ခဲ့သည္။

ယင္းေနာက္ပိုင္း ဖေလာ္ရီဒါျပည္နယ္မွ အိမ္ျခံေျမလုပ္ငန္းရွင္ ၊ Ferrari စုေဆာင္းသူ Walter Medlin က ၁၉၇၈ ခုႏွစ္တြင္ ပိုင္ဆိုင္လာခဲ့ျပီး ၎က ၄၅ ႏွစ္ၾကာ ထိန္းသိမ္းထားခဲ့သည္။

၂၀၀၄ ခုႏွစ္တြင္ ဤကားကို အျခား Ferrari ၁၉ စင္းႏွင့္အတူ ထိန္းသိမ္းထားရွိေသာ ဂိုေဒါင္မွာ ဟာရီကိန္း မုန္တိုင္းေၾကာင့္ ပ်က္စီးသြားခဲ့ေၾကာင္း Autoweek က ေဖာ္ျပခဲ့သည္။

ဂိုေဒါင္၏ ထုတ္တန္းမ်ားႏွင့္ မုန္တုိင္းက သယ္ေဆာင္လာေသာ အပ်က္အစီးမ်ားေၾကာင့္ ရွားပါးကားတို႔၏ ေလကာမွန္မ်ားႏွင့္ အမိုးမ်ား ထိခိုက္ပ်က္စီးသြားခဲ့သည္။

သုိ႔တိုင္ေအာင္ Walter Medlin စုေဆာင္းထားေသာ ကားမ်ားမွာ ရွားပါးပစၥည္းမ်ား ျဖစ္ေနဆဲျဖစ္ေၾကာင္း ဂႏၳဝင္ကားမ်ားအေၾကာင္း စာအုပ္မ်ားေရးသားခဲ့သူ Tom Cotter က Autoweek သို႔ ေျပာသည္။

Walter Medlin က သူ၏ ရွားပါးကားအစင္း ၂၀ လံုးကို ယခုရက္သတၱပတ္အတြင္း က်င္းပခဲ့ေသာ Monterey Car Week တြင္ ေလလံတင္ေရာင္းခ်ခဲ့သည္။

“0406 MD ဟာ ဒီကားရဲ႕ အထြတ္အထိပ္ကာလေတြက အေျခအေနကို ျပန္ရဖို႔ အေတာ္ျပန္ျပင္ဖုိ႔ လုိအပ္ပါလိမ့္မယ္။ ”ဟု Sotheby's ၏ ေလလံမွတ္တမ္းတြင္ ေဖာ္ျပသည္။

ဤကားကို မည္သူက ဝယ္ယူသြားေၾကာင္းကိုမူ ထုတ္ေဖာ္ေၾကညာျခင္းမရွိေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: $2 million for 1954 Ferrari Someone just paid almost $2 million for the rusted shell of a 1954 Ferrari (businessinsider)

အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦး သံချေးတက်နေသော 1954 Ferrari ကိုယ်ထည်အခွံကို လေလံတင်ရာ ဒေါ်လာ ၂ သန်းခန့်ရရှိ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service