တရုတ်က ဂျပန်ကို ဖြတ်ကျော်ကာ ကမ္ဘာ့နံပါတ် (၁) ကားတင်ပို့သူဖြစ်လာတော့မည့် လမ်းကြောင်းပေါ်ရောက်ရှိ

တရုတ်က ဂျပန်ကို ဖြတ်ကျော်ကာ ကမ္ဘာ့နံပါတ် (၁) ကားတင်ပို့သူဖြစ်လာတော့မည့် လမ်းကြောင်းပေါ်ရောက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
23 Aug 2023 11:04 am တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

တရုတ်ပြည်သည် ဂျာမနီကို ဖြတ်ကျော်ကာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံး ကားတင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်သို့ရောက်လျှင် ဂျပန်ကို ဖြတ်ကျော်ကာ ကမ္ဘာ့နံပါတ် (၁) ကားတင်ပို့သည့်နိုင်ငံ ဖြစ်လာ တော့မည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ဈေးကွက်သုတေသန ကုမ္ပဏီ Moody’s Analytics ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

“တရုတ်ပြည်သည် ၂၀၂၁ တွင် တောင်ကိုရီးယားကိုလည်းကောင်း၊၂၀၂၂ တွင် ဂျာမနီကိုလည်းကောင်း ဖြတ်ကျော်ကာ ကမ္ဘာ့ဒုတိယအကြီးမားဆုံး ကားတင်ပို့သည့် နိုင်ငံဖြစ်လာခဲ့သည်”ဟု ထိုကုမ္ပဏီမှ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

ပြီးခဲ့သောနှစ် ဇွန်လ ၃ လပတ်ကာလအတွင်း ၁ လလျှင် ကားတင်ပို့မှု အစင်းရေ ၁၇၁၀၀၀ ရှိခဲ့ရာ ဂျပန်၏ တင်ပို့နှုန်းနှင့် နီးကပ်လာနေပြီဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။

“ယခုနှုန်းအတိုင်းဆိုလျှင် တရုတ်ပြည်သည် နှစ်ကုန်သို့ရောက်လျှင် ဂျပန်ကို ကျော်တက်မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။ ”ဟု Moody’s Analytics ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ဂျပန်သည် ၂၀၁၉ ခုနှစ်ကတည်းက ကမ္ဘာ့ထိပ်တန်း ကားတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

 

(ဈေးကွက်ယှဉ်ပြိုင်မှု အားသာချက်)

လျှပ်စစ်ကား (EV) ဝယ်လိုအားမြင့်တက်လာမှုကြောင့် တရုတ်ပြည်၏ မော်တော်ကားမျိုးစုံတင်ပို့မှု ပမာဏမှာ ကိုဗစ်ကပ်ဘေး မတိုင်မီကထက် မြင့်တက်လာခဲ့သည်။

၂၀၂၃ ခုနှစ် ၊ ပထမနှစ်ဝက်ကာလတွင် တရုတ်ပြည်၏ EV တင်ပို့မှုမှာ ယခင်နှစ်အလားတူကာလထက် ၂ ဆ မြင့်တက်ခဲ့သည်။

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် ဂျပန်နှင့် ထိုင်းနိုင်ငံတို့၏ သမားရိုးကျနှင့် EV မော်တော်ယာဉ် ၂ မျိုးလုံး တင်ပို့မှုမှာ ကိုဗစ်ကပ်ဘေး မတိုင်မီကာလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ကို တွေ့ရသည်။

တရုတ်ပြည်၏ အားသာချက်မှာ Lithium-ion ဘက်ထရီများ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်နိုင်မှု ဖြစ်သည်။

ထိုအချက်မှာ တရုတ်ပြည်မှ ကားထုတ်လုပ်သူတို့အတွက် EV ထုတ်လုပ်စရိတ်တွင် အားသာချက်များ ရရှိစေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

Moody’s Analytics ၏ ဖော်ပြချက်အရ တရုတ်ပြည်သည် ပြိုင်ဘက် ဂျပန် ၊ တောင်ကိုရီးယားတို့နှင့် ယှဉ်လျှင် လုပ်အားခ ဈေးသက်သာမှုရှိပြီး ကမ္ဘာ့ Lithium ဘက်ထရီ ထုတ်လုပ်မှု၏ ထက်ဝက်ကျော်ကို တရုတ်ပြည်တွင် ထုတ်လုပ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့်ပင် Tesla နှင့် BMW တို့အပါအဝင် ကမ္ဘာ့အကြီးမားဆုံး ကားကုမ္ပဏီကြီးများမှာ တရုတ်ပြည်တွင် စက်ရုံများ တည်ထောင်လာကြသည်။

“စင်စစ်တွင် ကားလုပ်ငန်း နယ်ပယ်၌ တရုတ်ပြည်၏ နည်းပညာသစ်များ တီထွင်နိုင်မှု မြန်နှုန်းမှာ ပြိုင်ဘက်ကင်းလှသည်။”ဟု ထိုအစီရင်ခံစာတွင် ဖော်ပြသည်။

ပြီးခဲ့သောနှစ်အတွင်း ကမ္ဘာတစ်ဝန်းရောင်းချခဲ့သော ကားများအားလုံး၏ ၃၀ ရာခိုင်နှုန်းနီးပါးမှာ EV များ ဖြစ်သည်။

နိုင်ငံတကာစွမ်းအင် အေဂျင်စီက ဧပြီလတွင် ထုတ်ပြန်ခဲ့မှုအရ ၂၀၂၂ ခုနှစ်အတွင်း EV ကားများ ရောင်းချ ရမှုမှာ အစင်းရေ ဆယ်သန်းကျော်ထိ ခုန်တက်ခဲ့ကြောင်း ၊ တရုတ်ပြည်မှာ ဈေးကွက်ဦးဆောင်နေပြီး ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းခန့် ရရှိထားကြောင်း ဖော်ပြသည်။

တရုတ်ကား ထုတ်လုပ်သူတို့က EV တို့၏ ဈေးနှုန်းများ ကြီးမားစွာ လျော့ချပေးနိုင်မှုနှင့် အစိုးရ၏ ကြီးမားသည့် ပံ့ပိုးကူညီမှုတို့ကြောင့် တရုတ် EV တို့မှာ ဝယ်လိုအား မြင့်တက်ခဲ့ကြောင်း Moody’s Analytics က ဖော်ပြသည်။

တရုတ်ပြည်တွင် ကားသစ်တစ်စီး ဝယ်လျှင် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသော်လည်း EV များကိုမူ ၂၀၁၄ ခုနှစ်ကတည်းက ကင်းလွတ်ခွင့်ပေးထားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China is on course to overtake Japan and become the world’s No.1 car exporter (cnbc)

 

 

[Zawgyi]

 

တ႐ုတ္က ဂ်ပန္ကို ျဖတ္ေက်ာ္ကာ ကမ႓ာ့နံပါတ္ ၁ ကားတင္ပို႔သူျဖစ္လာေတာ့မည့္ လမ္းေၾကာင္းေပၚေရာက္႐ွိ

 

တ႐ုတ္ျပည္သည္ ဂ်ာမနီကို ျဖတ္ေက်ာ္ကာ ကမ႓ာေပၚတြင္ ဒုတိယအႀကီးမားဆုံး ကားတင္ပို႔သည့္ႏိုင္ငံ ျဖစ္လာခဲ့သည္။

၂၀၂၃ ခုႏွစ္ ႏွစ္ကုန္သို႔ေရာက္လွ်င္ ဂ်ပန္ကို ျဖတ္ေက်ာ္ကာ ကမ႓ာ့နံပါတ္ ၁ ကားတင္ပို႔သည့္ႏိုင္ငံ ျဖစ္လာ ေတာ့မည့္ လမ္းေၾကာင္းေပၚတြင္ ႐ွိေနေၾကာင္း ေဈးကြက္သုေတသန ကုမၸဏီ Moody’s Analytics ၏ အစီရင္ခံစာတြင္ ေဖာ္ျပသည္။

“တ႐ုတ္ျပည္သည္ ၂၀၂၁ တြင္ ေတာင္ကိုရီးယားကိုလည္းေကာင္း၊၂၀၂၂ တြင္ ဂ်ာမနီကိုလည္းေကာင္း ျဖတ္ေက်ာ္ကာ ကမ႓ာ့ဒုတိယအႀကီးမားဆုံး ကားတင္ပို႔သည့္ ႏိုင္ငံျဖစ္လာခဲ့သည္”ဟု ထိုကုမၸဏီမွ ၿပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ထုတ္ျပန္ခဲ့သည့္ အစီရင္ခံစာတြင္ ေဖာ္ျပသည္။

ၿပီးခဲ့ေသာႏွစ္ ဇြန္လ ၃ လပတ္ကာလအတြင္း ၁ လလွ်င္ ကားတင္ပို႔မႈ အစင္းေရ ၁၇၁၀၀၀ ႐ွိခဲ့ရာ ဂ်ပန္၏ တင္ပို႔ႏႈန္းႏွင့္ နီးကပ္လာေနၿပီျဖစ္ေၾကာင္း ထိုအစီရင္ခံစာတြင္ ေဖာ္ျပသည္။

“ယခုႏႈန္းအတိုင္းဆိုလွ်င္ တ႐ုတ္ျပည္သည္ ႏွစ္ကုန္သို႔ေရာက္လွ်င္ ဂ်ပန္ကို ေက်ာ္တက္မည့္ လမ္းေၾကာင္းေပၚတြင္ ႐ွိေနသည္။ ”ဟု Moody’s Analytics ၏ အစီရင္ခံစာတြင္ ေဖာ္ျပသည္။

ဂ်ပန္သည္ ၂၀၁၉ ခုႏွစ္ကတည္းက ကမ႓ာ့ထိပ္တန္း ကားတင္ပို႔သည့္ႏိုင္ငံအျဖစ္ ရပ္တည္ခဲ့ျခင္း ျဖစ္သည္။

 

(ေဈးကြက္ယွဥ္ၿပိဳင္မႈ အားသာခ်က္)

လွ်ပ္စစ္ကား (EV) ဝယ္လိုအားျမင့္တက္လာမႈေၾကာင့္ တ႐ုတ္ျပည္၏ ေမာ္ေတာ္ကားမ်ိဳးစုံတင္ပို႔မႈ ပမာဏမွာ ကိုဗစ္ကပ္ေဘး မတိုင္မီကထက္ ျမင့္တက္လာခဲ့သည္။

၂၀၂၃ ခုႏွစ္ ၊ ပထမႏွစ္ဝက္ကာလတြင္ တ႐ုတ္ျပည္၏ EV တင္ပို႔မႈမွာ ယခင္ႏွစ္အလားတူကာလထက္ ၂ ဆ ျမင့္တက္ခဲ့သည္။

ႏိႈင္းယွဥ္ခ်က္အားျဖင့္ ၾကည့္မည္ဆိုလွ်င္ ဂ်ပန္ႏွင့္ ထိုင္းႏိုင္ငံတို႔၏ သမား႐ိုးက်ႏွင့္ EV ေမာ္ေတာ္ယာဥ္ ၂ မ်ိဳးလုံး တင္ပို႔မႈမွာ ကိုဗစ္ကပ္ေဘး မတိုင္မီကာလ အေျခအေနသို႔ ျပန္လည္ေရာက္႐ွိသြားသည္ကို ေတြ႕ရသည္။

တ႐ုတ္ျပည္၏ အားသာခ်က္မွာ Lithium-ion ဘက္ထရီမ်ား ေဈးႏႈန္းသက္သာစြာျဖင့္ ထုတ္လုပ္ႏိုင္မႈ ျဖစ္သည္။

ထိုအခ်က္မွာ တ႐ုတ္ျပည္မွ ကားထုတ္လုပ္သူတို႔အတြက္ EV ထုတ္လုပ္စရိတ္တြင္ အားသာခ်က္မ်ား ရ႐ွိေစေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပသည္။

Moody’s Analytics ၏ ေဖာ္ျပခ်က္အရ တ႐ုတ္ျပည္သည္ ၿပိဳင္ဘက္ ဂ်ပန္ ၊ ေတာင္ကိုရီးယားတို႔ႏွင့္ ယွဥ္လွ်င္ လုပ္အားခ ေဈးသက္သာမႈ႐ွိၿပီး ကမ႓ာ့ Lithium ဘက္ထရီ ထုတ္လုပ္မႈ၏ ထက္ဝက္ေက်ာ္ကို တ႐ုတ္ျပည္တြင္ ထုတ္လုပ္ေၾကာင္း ေဖာ္ျပသည္။

ထို႔ေၾကာင့္ပင္ Tesla ႏွင့္ BMW တို႔အပါအဝင္ ကမ႓ာ့အႀကီးမားဆုံး ကားကုမၸဏီႀကီးမ်ားမွာ တ႐ုတ္ျပည္တြင္ စက္႐ုံမ်ား တည္ေထာင္လာၾကသည္။

“စင္စစ္တြင္ ကားလုပ္ငန္း နယ္ပယ္၌ တ႐ုတ္ျပည္၏ နည္းပညာသစ္မ်ား တီထြင္ႏိုင္မႈ ျမန္ႏႈန္းမွာ ၿပိဳင္ဘက္ကင္းလွသည္။”ဟု ထိုအစီရင္ခံစာတြင္ ေဖာ္ျပသည္။

ၿပီးခဲ့ေသာႏွစ္အတြင္း ကမ႓ာတစ္ဝန္းေရာင္းခ်ခဲ့ေသာ ကားမ်ားအားလုံး၏ ၃၀ ရာခိုင္ႏႈန္းနီးပါးမွာ EV မ်ား ျဖစ္သည္။

ႏိုင္ငံတကာစြမ္းအင္ ေအဂ်င္စီက ဧၿပီလတြင္ ထုတ္ျပန္ခဲ့မႈအရ ၂၀၂၂ ခုႏွစ္အတြင္း EV ကားမ်ား ေရာင္းခ် ရမႈမွာ အစင္းေရ ဆယ္သန္းေက်ာ္ထိ ခုန္တက္ခဲ့ေၾကာင္း ၊ တ႐ုတ္ျပည္မွာ ေဈးကြက္ဦးေဆာင္ေနၿပီး ေဈးကြက္ေဝစု ၆၀ ရာခိုင္ႏႈန္းခန္႔ ရ႐ွိထားေၾကာင္း ေဖာ္ျပသည္။

တ႐ုတ္ကား ထုတ္လုပ္သူတို႔က EV တို႔၏ ေဈးႏႈန္းမ်ား ႀကီးမားစြာ ေလ်ာ့ခ်ေပးႏိုင္မႈႏွင့္ အစိုးရ၏ ႀကီးမားသည့္ ပံ့ပိုးကူညီမႈတို႔ေၾကာင့္ တ႐ုတ္ EV တို႔မွာ ဝယ္လိုအား ျမင့္တက္ခဲ့ေၾကာင္း Moody’s Analytics က ေဖာ္ျပသည္။

တ႐ုတ္ျပည္တြင္ ကားသစ္တစ္စီး ဝယ္လွ်င္ အခြန္ ၁၀ ရာခိုင္ႏႈန္း ေကာက္ခံေသာ္လည္း EV မ်ားကိုမူ ၂၀၁၄ ခုႏွစ္ကတည္းက ကင္းလြတ္ခြင့္ေပးထားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China is on course to overtake Japan and become the world’s No.1 car exporter (cnbc)

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service