မန်ယူဂန္ထဝင်ကြီး ဆာ အဲလက်စ် ဖာဂူဆန် ဘယ်ကားစီးလဲ
မန်ယူဂန္ထဝင်ကြီး ဆာ အဲလက်စ် ဖာဂူဆန် ဘယ်ကားစီးလဲ - Property Knowledge in Myanmar from iMyanmarHouse.com
21 Aug 2023 10:59 am တွင် တင်ခဲ့သည်
911 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မန်ယူဂန္ထဝင်ကြီး ဆာ အဲလက်စ် ဖာဂူဆန် စီးသည့်ကားမှာ Mercedes-Benz S-Class S350d ဖြစ်သည်။
ဖာဂူဆန်သည် သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးအသင်း မန်နေဂျာများတွင်တစ်ဦးအပါအဝင်ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။
မန်ချက်စတာယူနိုက်တက်အသင်းတွင် ၂၆ နှစ်တာ နည်းပြလုပ်ခဲ့သည့် ကာလအတွင်း ဖလား ၂၆လုံးရရှိခဲ့သည်။
ယင်းတို့အနက် ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ် ၊ FA ဖလား ၅ ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်တို့အပါအဝင် ဖြစ်သည်။
မန်ယူဂန္ထဝင်ကြီး ဆာ အဲလက်စ် ဖာဂူဆန်သည် M&S ဆီဆိုင်တွင် သူ၏ Luxury ကားဖြစ်သော Mercedes- Benz S-Class S350d ကို ဆီဖြည့်နေသည့် ပုံရိပ်များ ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လအတွင်းကအင်္ဂလန်သတင်းမီဒီယာများတွင် ဖော်ပြခဲ့ဖူးသည်။
ထိုစဉ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အထွတ်အထိပ် ရောက်ရှိနေသည့် ကာလဖြစ်ရာ ကပ်ရောဂါဘေး ကာကွယ်ရန်အတွက် ဖာဂူဆန်မှာ နှာခေါင်းစည်း တပ်ထားခဲ့ပုံကို တွ့ရသည်။
မန်ယူနည်းပြဟောင်းကြီးမှာ ဘောလုံးကြယ်ပွင့်တစ်ဦးကဲ့သို့ထက်မြက်နေဆဲအသွင်ဖြင့် တွေ့ရသည်။ ဖာဂူဆန်သည် ကျန်းမာကြံ့ခိုင်စေရန် မနက်တိုင်းလေ့ကျင့်ခန်း လုပ်လေ့ရှိသည်။
ဖာဂူဆန်သည် မန်ယူနည်းပြအဖြစ် ၁၉၈၆ မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
((မျဉ်းဝါ ၂ ထပ်ပေါ်တွင် ကားရပ်ခဲ့မှု ))
ဖာဂူဆန်သည် ၂၀၂၁ ခုနှစ်အတွင်းက အင်္ဂလန်အနောက်မြောက်ပိုင်း ၊ ချက်စ်ရှိုင်းယားခရိုင်တွင် မျဉ်းဝါ ၂ထပ်ပေါ်၌ ကားရပ်ခဲ့သည့် ဓာတ်ပုံများ အင်္ဂလန်သတင်းမီဒီယာများတွင် ပြန့်နှံ့ခဲ့ဖူးသည်။
အသက် ၈၁ နှစ်အရွယ်ရှိ ဖာဂူဆန်သည် သူ၏ ပေါင် ၇၅၀၀၀ (မြန်မာငွေ ၂၀၀၄ သိန်း) (သြဂုတ်လ ၁၅ရက် သတ်မှတ်ငွေလဲနှုန်း- ဗိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၆၇၂ ကျပ်ဖြင့်တွက်ချက်ထားခြင်းသာ ဖြစ်ပါသည်။)တန်ကြေးရှိ Mercedes-Benz S-Class S350d ကို မျဉ်းဝါ ၂ထပ်တွင် ရပ်ကာ ဈေးဆိုင်များဆီ ထွက်သွားခဲ့ခြင်း ဖြစ်သည်။
(မန်ယူဂန္ထဝင်နည်းပြ ဆာအဲလက်စ် ဖာဂူဆန် သူ၏ကားကို မျဉ်းဝါ ၂ ထပ်တွင် ရပ်နားခဲ့သည်။ ဓာတ်ပုံ-Splash)
(ဖာဂူဆန်က သူ၏ကားကို မျဉ်းဝါပေါ်တွင် ရပ်ကာ ဈေးဆိုင်များဆီ ထွက်သွားခဲ့သည်။ ဓာတ်ပုံ-Splash)
ဖာဂူဆန် ကားဆီသို့ ပြန်လည်ရောက်ရှိလာချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်း၏ ပရိသတ် ဖြစ်ဟန်ရသောယာဉ်ထိန်းအရာရှိက ဖာဂူဆန်အား အရေးယူခြင်းမပြုဘဲ ထွက်ခွာခွင့်ပေးခဲ့သည်။
ချက်စ်ရှိုင်းယားအနောက်ပိုင်းနှင့် ချက်စတာ ကောင်စီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ အဆိုပါလမ်းစည်းကမ်းဖောက်ဖျက်မှုမျိုးသည် ဒဏ်ငွေ ပေါင် ၅၀ မှ ၇၀ အထိ ပေးဆောင်ရကြောင်းဖော်ပြသည်။
(မန်ယူအသင်း၏ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ဖာဂူဆန်နှင့် ဇနီးဖြစ်သူ လဒီဖာဂူဆန်တို့ Mercedes-Benz S-Class S350d ဖြင့် လာရောက်ခဲ့ပုံ။ ဓာတ်ပုံ- Zenpix)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:78-year-old Man Utd Legend Sir Alex Ferguson Caught Filling Up His Luxury Mercedes S-Class  (autojosh, thesun)
[Zawgyi]
(ဖာဂူဆန်က သူ၏ကားကို မျဉ်းဝါပေါ်တွင် ရပ်ကာ ဈးဆိုင်များဆီ ထွက်သွားခဲ့သည်။ ဓာတ်ပုံ-Splash)
(မန်ယူအသင်း၏ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ဖာဂူဆန်နှင့် ဇနီးဖြစ်သူ လေဒီဖာဂူဆန်တို့ Mercedes-Benz S-Class S350d ဖြင့် လာရောက်ခဲ့ပုံ။ ဓာတ်ပုံ- Zenpix)
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service