Rolling Stones ရော့ခ်အဖွဲ့ကြီးမှ ဂစ်တာသမား ကိတ်ရစ်ချတ်၏ vintage Ferrari ကား ပေါင် ၃၉၀၀၀၀ ဖြင့် ရောင်းမည်

Rolling Stones ရော့ခ်အဖွဲ့ကြီးမှ ဂစ်တာသမား ကိတ်ရစ်ချတ်၏ vintage Ferrari ကား ပေါင် ၃၉၀၀၀၀ ဖြင့် ရောင်းမည် - Property Knowledge in Myanmar from iMyanmarHouse.com
18 Aug 2023 11:47 am တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

Rolling Stones အဖွဲ့ကြီး၏ သီချင်းများမှာ မြန်မာပရိသတ်နှင့် ကောင်းစွာထိတွေ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကော်ပီသီချင်း ပြန်လည်သီဆိုမှု များပြားသော နိုင်ငံခြားအဖွဲ့များတွင် Rolling Stones လည်း ပါဝင်သည်။

Rolling Stones ၏ Brown Sugar ကို ပလေးဘွိုင်းသန်းနိုင်က အငိုမရှာနဲ့ ၊ Miss You ကို ပလေးဘွိုင်းသန်းနိုင်ကပင် ဟေ့ကောင်မလေး ဘယ်လိုလဲ ၊ Satisfaction ကို တော်မီကျော်နိုင်က ငါ့ရဲ့ဝိရောဓိများ ၊ Country Honk ကို ဟယ်ရီလင်းက တစ်ခါက ၁၆ နှစ် ၊ Beast of Burden ကို မာရဇ္ဇက တစ်လမ်းမောင်း ၊ Paint it Black ကို တူးတူး နှင့် မျိုးကျော့မြိုင်တို့က အချစ်ဆုံးရဲ့အချစ်ဆုံး ၊ Spider N the Fly ကို ဘိုဘိုဟန်က စဉ်းစားကြ အရမ်းမလုပ်နဲ့ဟု အသီးသီးပြန်လည်သီဆိုခဲ့ကြသည်။

 

(မှတ်ချက်။ အခြားသီချင်းများစွာ ပြန်လည်သီဆိုထားမှု ရှိပါသေးသည်။)

 

(Rolling Stones ဘာလဲ)

 

 

Rolling Stones သည် အင်္ဂလန်ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့သည်။

Rolling Stones ကို အဓိက ဖန်တီးမောင်နှင်ပေးသူ ၂ ဦးမှာ ရှေ့ထွက်အဆိုတော် Mick Jagger နှင့် ဂစ်တာသမား Keith Richards တို့ဖြစ်သည်။ Rolling Stones သည် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၀၀ ကျော်ရောင်းချခဲ့ရပြီး သမိုင်းတလျှောက် အရောင်းရဆုံး ဂီတအဖွဲ့များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ဂီတ၏ အော်စကာဆုဖြစ်သော ဂရမ်မီဆု ၃ ကြိမ်ရရှိခဲ့ပြီး Billboard မဂ္ဂဇင်းက Rolling Stones ကို သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဂီတအဖွဲ့များတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခဲ့သည်။

 

(ကိတ်ရစ်ချတ်၏ အရောင်းဈေးကွက်ဝင်လာသောကား)

Rolling Stones ၏ ဂန္ထဝင်ကြယ်ပွင့် ကိတ်ရစ်ချတ်ပိုင်ဆိုင်ခဲ့သော VINTAGE Ferrari တစ်စီး ပေါင် ၃၈၉၀၀၀ ဖြင့် အရောင်းဈေးကွက် ဝင်နေသည်။

ကိတ်ရစ်ချတ်သည် Rolling Stones အဖွဲ့ကြီးနှင့်အတူ ဂီတခရီးဖြတ်သန်းနေစဉ် ၁၉၇၀ ပြည့်လွန်ကာလများ အတွင်း Ferrari Dino 246 GT ကားကို စီးခဲ့သည်။

ထိုကာလများသည် Rolling Stones အဖွဲ့ကြီး၏ Exile on Main Street နှင့် Sticky Fingers တေးအယ်လ်ဘမ်များ ထုတ်လုပ်ခဲ့သည့် ကာလများဖြစ်သည်။

 

(၁၉၇၀ ကာလများအတွင်း ကိတ်ရစ်ချတ်စီးခဲ့သောကား။ ဓာတ်ပုံ- Jam Press/Simon Clay)

 

 

(၁၉၇၂ က ကိတ်ရစ်ချတ်စီးခဲ့သော Ferrari ပေါင် ၃၈၉၀၀၀ ဖြင့် အရောင်းဈေးကွက် ဝင်လာသည်။ ဓာတ်ပုံ- Jam Press/Simon Clay)

 

(ရင်သပ်ရှုမောဖွယ် အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Jam Press/Simon Clay)

 

ကိတ်ရစ်ချတ်သည် အီတလီထုတ် ဤကားဖြင့် မိုင်ပေါင်း ၂၅၀၀၀ ခန့် သွားလာခဲ့ပြီး နောက်ပိုင်းတွင် ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဂျပန်မှ ကားစုဆောင်းသူတစ်ဦးက ဝယ်ယူသွားသည်။

အမြင့်ဆုံးအမြန်နှုန်း 146 mph ဖြင့် မောင်းနှင်နိုင်သော ကားဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ Monterey မြို့အခြေစိုက် RM Sothebys လေလံအဖွဲ့က လေလံတင်ရောင်းချမည် ဖြစ်သည်။

ကိတ်ရစ်ချတ် ဝယ်ယူခဲ့စဉ်က ၅၄၈၅ ပေါင် ပေးခဲ့ရဖွယ်ရှိပြီး ယခုအခါ မူရင်းဈေးနှုန်းထက် အဆ ၇၀ ကျော် တန်ကြေးရှိနေပြီ ဖြစ်သည်။

“သမိုင်းတလျှောက် အကြီးမြတ်ဆုံး ရော့ခ်ကြယ်ပွင့်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ကိတ်ရစ်ချတ်က ၂၀ ရာစု၏ အကြီးမြတ်ဆုံး ပြိုင်ကားများတွင် တစ်ခုအပါအဝင်ဖြစ်သော Ferrari Dino 246 GT ကို စီးခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိချေ။”…..ဟု ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

chassis နံပါတ် 03354 ၊ 2.4-litre အင်ဂျင် တပ်ထားပြီး ၁၉၂ hp ထွက်ကာ five-speed gearbox ပါသည်။

ကိတ်ရစ်ချတ်သည် ဤကားကို ၁၉၇၅ ခုနှစ်တွင် အင်္ဂလန်သို့ တင်သွင်းခဲ့ပြီး ကားနံပါတ်မှာ GYL 157N ဖြစ်သည်။

ကိတ်ရစ်ချတ်သည် ဥရောပတခွင် ဂီတဖျော်ဖြေပွဲများ သွားလာရာတွင် အသုံးပြုခဲ့ပြီး မိုင်ပေါင်း ၂၅၀၀၀ ကျော် စီးနင်းခဲ့သည်။

ကိတ်ရစ်ချတ်၏ ဂီတဖျော်ဖြေရေးမန်နေဂျာ Alan Dunn ရေးသားပေးပို့ခဲ့သော ၁၉၈၆ ခုနှစ် ဧပြီလ ၂၅ ရက် ရက်စွဲတပ် စာတစ်စောင်တွင် ဖော်ပြထားမှုအရ ဂျပန်ဝယ်လက်ထံ ရောင်းချခဲ့ချိန်တွင် ခရီးမိုင် ၂၅၁၂၂ သွားထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါကားသည် ၂၀၁၄ ခုနှစ်တွင် ဥရောပသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဗြိတိန်မှ EDM ဂီတအဖွဲ့ဖြစ်သော The Prodigy ၏ ပူးတွဲတည်ထောင်သူ Liam Howlett က ပြန်လည် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

 

(ကားအတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Jam Press/Simon Clay)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Keith Richards vintage Ferrari on sale for £390k – but would you start it up? (the-sun)

 

 

[Zawgyi]

Rolling Stones ေရာ့ခ္အဖြဲ႔ၾကီးမွ ဂစ္တာသမား ကိတ္ရစ္ခ်တ္၏ vintage Ferrari ကား ေပါင္ ၃၉၀၀၀၀ ျဖင့္ ေရာင္းမည္

 

Rolling Stones အဖြဲ႔ၾကီး၏ သီခ်င္းမ်ားမွာ ျမန္မာပရိသတ္ႏွင့္ ေကာင္းစြာထိေတြ႔ျပီး ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ေကာ္ပီသီခ်င္း ျပန္လည္သီဆိုမႈ မ်ားျပားေသာ ႏိုင္ငံျခားအဖြဲ႔မ်ားတြင္ Rolling Stones လည္း ပါဝင္သည္။

Rolling Stones ၏ Brown Sugar ကို ပေလးဘြိဳင္းသန္းႏိုင္က အငိုမရွာနဲ႔ ၊ Miss You ကို ပေလးဘိြဳင္းသန္းႏုိင္ကပင္ ေဟ့ေကာင္မေလး ဘယ္လိုလဲ ၊ Satisfaction ကို ေတာ္မီေက်ာ္ႏိုင္က ငါ့ရဲ႕ဝိေရာဓိမ်ား ၊ Country Honk ကို ဟယ္ရီလင္းက တစ္ခါက ၁၆ ႏွစ္ ၊ Beast of Burden ကို မာရဇၨက တစ္လမ္းေမာင္း ၊ Paint it Black ကို တူးတူး ႏွင့္ မ်ဳိးေက်ာ့ျမိဳင္တို႔က အခ်စ္ဆံုးရဲ႕အခ်စ္ဆံုး ၊ Spider N the Fly ကို ဘိုဘိုဟန္က စဥ္းစားၾက အရမ္းမလုပ္နဲ႔ဟု အသီးသီးျပန္လည္သီဆုိခဲ့ၾကသည္။

(မွတ္ခ်က္။ အျခားသီခ်င္းမ်ားစြာ ျပန္လည္သီဆိုထားမႈ ရွိပါေသးသည္။) (Rolling Stones ဘာလဲ)

Rolling Stones သည္ အဂၤလန္ေရာ့ခ္ဂီတအဖြဲ႔ၾကီးျဖစ္ျပီး ၁၉၆၂ ခုႏွစ္တြင္ လန္ဒန္ျမိဳ႕၌ စတင္ဖြဲ႔စည္းခဲ့သည္။

Rolling Stones ကို အဓိက ဖန္တီးေမာင္ႏွင္ေပးသူ ၂ ဦးမွာ ေရွ႕ထြက္အဆိုေတာ္ Mick Jagger ႏွင့္ ဂစ္တာသမား Keith Richards တို႔ျဖစ္သည္။ Rolling Stones သည္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၀၀ ေက်ာ္ေရာင္းခ်ခဲ့ရျပီး သမိုင္းတေလွ်ာက္ အေရာင္းရဆံုး ဂီတအဖြဲ႔မ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္ခဲ့သည္။

ဂီတ၏ ေအာ္စကာဆုျဖစ္ေသာ ဂရမ္မီဆု ၃ ၾကိမ္ရရွိခဲ့ျပီး Billboard မဂၢဇင္းက Rolling Stones ကို သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ဂီတအဖြဲ႔မ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ သတ္မွတ္ခဲ့သည္။

(ကိတ္ရစ္ခ်တ္၏ အေရာင္းေစ်းကြက္ဝင္လာေသာကား)

Rolling Stones ၏ ဂႏၳဝင္ၾကယ္ပြင့္ ကိတ္ရစ္ခ်တ္ပိုင္ဆိုင္ခ့ဲေသာ VINTAGE Ferrari တစ္စီး ေပါင္ ၃၈၉၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ ဝင္ေနသည္။

ကိတ္ရစ္ခ်တ္သည္ Rolling Stones အဖြဲ႔ၾကီးႏွင့္အတူ ဂီတခရီးျဖတ္သန္းေနစဥ္ ၁၉၇၀ ျပည့္လြန္ကာလမ်ား အတြင္း Ferrari Dino 246 GT ကားကို စီးခဲ့သည္။

ထိုကာလမ်ားသည္ Rolling Stones အဖြဲ႔ၾကီး၏ Exile on Main Street ႏွင့္ Sticky Fingers ေတးအယ္လ္ဘမ္မ်ား ထုတ္လုပ္ခဲ့သည့္ ကာလမ်ားျဖစ္သည္။

(၁၉၇၀ ကာလမ်ားအတြင္း ကိတ္ရစ္ခ်တ္စီးခဲ့ေသာကား။ ဓာတ္ပံု- Jam Press/Simon Clay)

(၁၉၇၂ က ကိတ္ရစ္ခ်တ္စီးခဲ့ေသာ Ferrari ေပါင္ ၃၈၉၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ ဝင္လာသည္။ ဓာတ္ပံု- Jam Press/Simon Clay)

(ရင္သပ္ရႈေမာဖြယ္ အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု- Jam Press/Simon Clay)

ကိတ္ရစ္ခ်တ္သည္ အီတလီထုတ္ ဤကားျဖင့္ မိုင္ေပါင္း ၂၅၀၀၀ ခန္႔ သြားလာခဲ့ျပီး ေနာက္ပိုင္းတြင္ ၁၉၈၀ ျပည့္လြန္ကာလမ်ားအတြင္း ဂ်ပန္မွ ကားစုေဆာင္းသူတစ္ဦးက ဝယ္ယူသြားသည္။

အျမင့္ဆံုးအျမန္ႏႈန္း 146 mph ျဖင့္ ေမာင္းႏွင္ႏိုင္ေသာ ကားျဖစ္ျပီး အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖုိးနီးယားျပည္နယ္ ၊ Monterey ျမဳိ႕အေျခစိုက္ RM Sothebys ေလလံအဖြဲ႔က ေလလံတင္ေရာင္းခ်မည္ ျဖစ္သည္။

ကိတ္ရစ္ခ်တ္ ဝယ္ယူခဲ့စဥ္က ၅၄၈၅ ေပါင္ ေပးခဲ့ရဖြယ္ရွိျပီး ယခုအခါ မူရင္းေစ်းႏႈန္းထက္ အဆ ၇၀ ေက်ာ္ တန္ေၾကးရွိေနျပီ ျဖစ္သည္။

“သမိုင္းတေလွ်ာက္ အၾကီးျမတ္ဆံုး ေရာ့ခ္ၾကယ္ပြင့္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ ကိတ္ရစ္ခ်တ္က ၂၀ ရာစု၏ အၾကီးျမတ္ဆံုး ျပဳိင္ကားမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ Ferrari Dino 246 GT ကို စီးခ့ဲသည္မွာ အံ့အားသင့္ဖြယ္မရွိေခ်။”…..ဟု ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

chassis နံပါတ္ 03354 ၊ 2.4-litre အင္ဂ်င္ တပ္ထားျပီး ၁၉၂ hp ထြက္ကာ five-speed gearbox ပါသည္။

ကိတ္ရစ္ခ်တ္သည္ ဤကားကို ၁၉၇၅ ခုႏွစ္တြင္ အဂၤလန္သုိ႔ တင္သြင္းခဲ့ျပီး ကားနံပါတ္မွာ GYL 157N ျဖစ္သည္။

ကိတ္ရစ္ခ်တ္သည္ ဥေရာပတခြင္ ဂီတေဖ်ာ္ေျဖပြဲမ်ား သြားလာရာတြင္ အသံုးျပဳခဲ့ျပီး မိုင္ေပါင္း ၂၅၀၀၀ ေက်ာ္ စီးနင္းခ့ဲသည္။

ကိတ္ရစ္ခ်တ္၏ ဂီတေဖ်ာ္ေျဖေရးမန္ေနဂ်ာ Alan Dunn ေရးသားေပးပို႔ခဲ့ေသာ ၁၉၈၆ ခုႏွစ္ ဧျပီလ ၂၅ ရက္ ရက္စြဲတပ္ စာတစ္ေစာင္တြင္ ေဖာ္ျပထားမႈအရ ဂ်ပန္ဝယ္လက္ထံ ေရာင္းခ်ခဲ့ခ်ိန္တြင္ ခရီးမိုင္ ၂၅၁၂၂ သြားထားျပီးျဖစ္ေၾကာင္း ေဖာ္ျပသည္။

အဆိုပါကားသည္ ၂၀၁၄ ခုႏွစ္တြင္ ဥေရာပသို႔ ျပန္လည္ေရာက္ရွိလာခဲ့သည္။

ျဗိတိန္မွ EDM ဂီတအဖြဲ႔ျဖစ္ေသာ The Prodigy ၏ ပူးတြဲတည္ေထာင္သူ Liam Howlett က ျပန္လည္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(ကားအတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု- Jam Press/Simon Clay)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Keith Richards vintage Ferrari on sale for £390k – but would you start it up? (the-sun)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service