SP, GP တို့သည် မည်သည့်အခြေအနေများမှာ ပျက်ပြယ်တတ်ပါသလဲ။

SP, GP တို့သည် မည်သည့်အခြေအနေများမှာ ပျက်ပြယ်တတ်ပါသလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
6 Jun 2022 12:42 pm တွင် တင်ခဲ့သည်
903 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကျွန်တော်တို့က ကိုယ်လက်ခံရရှိထားတဲ့ Special Power ၊ General Power တို့ကို အလွန်ခိုင်မာမှု ရှိတယ် လို့ မှတ်ယူထားတတ်ကြပါတယ်။ မည်သည့်အခြေအနေမျိုးမှာ SP, GP ပျက်ပြယ်သွားတတ်သလဲဆိုတာ နားမလည်သည့်အတွက် ထိုကဲ့သို့မှတ်ယူကြခြင်းဖြစ်ပါတယ်။

အိမ်ခြံမြေ   ဝယ်သူတိုင်း  Special Power, General power တွေကိုကိုင်ထားပြီး ကျေနပ်ကြပါတယ်။ Special Power, General power တွေဟာ အခြေအနေ (၇) မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်။ အဲဒီအခြေအနေတွေကတော့ -SP, GP အား ပြန်လည်ရုပ်သိမ်းသော အခါ၊ Special Power, General powerကို လွှဲအပ်ပေးသူက အကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည် ရုတ်သိမ်းနိုင်ပါတယ်။ ထိုသို့ရုတ်သိမ်းသောအခါ Special Power, General power တွေဟာ ပျက်ပြယ်သွားပါတယ်။

လက်ခံသူမှ ငြင်းပယ်၍ ပျက်ပြယ်ခြင်း

SP/GP တို့ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူက အကြောင်း တစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင် ထို SP/GP တို့ဟာ ပျက်ပြယ်ပါတယ်။

ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်

SP တစ်စောင်ကိုအကြောင်းအရာတစ်ခုနှင့် လွှဲအပ်ပေးပါတယ်၊ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို့နှင့် ခြံစည်းရိုး ခတ်ရန် အဲဒီလိုအကြောင်း အရာနှစ်ခုနှင့် လွှဲအပ်ပေးထားတဲ့ SP တစ်စောင်က မြေပုံမြေရာဇဝင် ထုတ်ယူ ဖို့နဲ့ခြံစည်းရိုးခတ်တဲ့ကိစ္စအဝဝ ပြီးဆုံးသွားသည်နှင့် SP သည် ပြီးဆုံးခြင်း ပျက်ပြယ်ခြင်းသို့ ရောက်ပါတယ်။

လွှဲအပ်/လက်ခံသူတစ်ဦးဦးသေဆုံးခြင်း

SP/GP တို့ကိုလွှဲအပ်သူ (သို့) လွှဲအပ်ခြင်းလက်ခံသူတစ်ဦးဦးသေဆုံးသွားခဲ့လျှင် ထိုGP/SPတွေဟာ ပျက်ပြယ်ခြင်း၊ ပြီးဆုံးပါတယ်။

ရူးသွပ်ကြခြင်း

အလားတူပင် SP/GP တို့ကို လွှဲအပ်/လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း အဲဒီ SP/GP တွေဟာ ပျက်ပြယ်ခြင်း (သို့) ပြီးဆုံးပါတယ်။

လူမွဲအဖြစ် ခံယူကြခြင်း

SP/GP တို့ကို လွှဲအပ်သူ (သို့) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ် ခံယူလိုက်လျှင် ပျက်ပြယ်(သို့) ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ထို့ကြောင့် ရယူထားတဲ့ SP/GP ဟာ ခိုင်လုံခြင်းရှိ/မရှိဆိုတာ စစ်ဆေးကြရပါမယ်။ အထက်ပါ အချက်အလက်များကို ပဋိညာဉ်အက်ဥပဒေပုဒ်မ (၂၀၁)မှာလည်း အတိအလင်းဖော်ပြထားပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]










ရူးသွပ်ကြခြင်း




 






နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service