အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ဘာကြောင့် မပြသနိုင်သလဲ။

အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ဘာကြောင့် မပြသနိုင်သလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
14 May 2022 12:33 pm တွင် တင်ခဲ့သည်
793 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode] အဆောက်အအုံတစ်လုံး တည်ဆောက် မည်ဆိုပါက မြေရှင် သို့မဟုတ် ကန်ထရိုက်တာသည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)သို့ အဆောက်အအုံ တည်ဆောက်ခွင့်ပြုရန် အဆောက်အအုံပုံစံနှင့် အခြားသောလိုအပ်သည့် စာရွက်စာတမ်းများနှင့်တကွ လျှောက်ထားရပါသည်။ ကော်မတီက စိစစ်ပြီးနောက် ခွင့်ပြုပါက “ ဆောက်လုပ်ခွင့်ပြုမိန့်” ထုတ်ပေးပါသည်။

အဆောက်အအုံတည်ဆောက်ပြီးစီပါက အဆောက်အအုံတည်ဆောက်ခြင်းအတွက် ကာလတန်ဖိုးစိစစ်ရေး အဖွဲ့ထံတင်ပြပြီး သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် အခွန်ပေးဆောင်ရပါသည်။ ထိုသို့ပေးဆောင်ထားသည့် အထောက်အထား ငွေသွင်းချလန်ကို ပူးတွဲ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) တွင် အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားရပါသည်။

ထိုသို့ လျှောက်ထားရာတွင် မူလတင်ပြထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြင်း၊ ခွင့်ပြုထားသည့် အထပ်အရည်အတွက်ထပ် ပိုမိုများနေခြင်း၊ အဆောက်အအုံ ခိုင်ခန့်မှ အရည်အသွေးမပြည့်ဝခြင်းများ ရှိ/မရှိ အဆောက်အအုံဌာန၊ ရေနှင့်သန့်ရှင်းမှုဌာန၊ မီးသတ်ဌာနတို့မှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး လိုအပ်ချက်များ ဖြစ်ပေါ်ပါက အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ထုတ်ပေးမည်မဟုတ်ဘဲ လိုအပ်ချက်များ ပြန်လည်ပြင်ဆင်ပြီးမှသာ လျှောက်ထားနိုင်မှာဖြစ်ပါသည်။

တိုက်ခန်း အရောင်းအဝယ်ပြုလုပ်ရာတွင် ရောင်းသူများသည် “ ဆောက်လုပ်ခွင့်ပြုမိန့်” ကို ပြသနိုင်ပြီး အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) စာရွက်စာတမ်းမပြသနိုင်ခြင်း အဆိုပါအခြေအနေတွင် တွေးရန်အချက်နှစ်မျိုးရှိပါသည်။ ပထမအချက်မှာ မူလကပင် ကန်ထရိုက်တာမှ အခွန်မဆောင်လိုသဖြင့် (BCC) မလျှောက်ထားခဲ့ခြင်း၊ ဒုတိယအချက်မှာ အဆောက်အအုံပုံစံ ကွဲလွဲ၍ ဌာနမှ (BCC)လက်မှတ် မထုတ်ပေးခြင်းတို့ဖြစ်သည်။ ပထမအချက်ကို မြေရှင်နှင့် တိုက်ခန်းပိုင်ရှင်များ စုပေါင်းအကုန်အကျခံ၍ လျှောက်ထားခြင်းဆောင်ရွက်နိုင်သော်လည်း ဒုတိယအချက်သည် ကုစားရန် မလွယ်ကူပေ ကန်ထရိုက်တာမှ တာဝန်ယူဆောင်ရွက်ရမည့်အပိုင်းဖြစ်သည်။

အဆောက်အအုံတည်ဆောက်ခြင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများဖြစ်သော “ ဆောက်လုပ်ခွင့်ပြုမိန့် ” ၊ အဆောက်အဦပြီးစီးကြောင်းလက်မှတ် အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC)၊ မီးသတ် ဦးစီးဌာန၏ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်၊ ရေသုံးစွဲမှုဆိုင်ရာခွင့်ပြုမိန့် စသည့်စာရွက်စာတမ်း မူရင်းများသည် အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများအားလုံးပြီးစီးပါက မြေရှင် လက်ဝယ်တွင် ထိန်းသိမ်းထားရှိရမည်ဖြစ်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC) ဘာေၾကာင့္ မျပသႏိုင္သလဲ။

အေဆာက္အအုံတစ္လုံး တည္ေဆာက္ မည္ဆိုပါက ေျမ႐ွင္ သို႔မဟုတ္ ကန္ထ႐ိုက္တာသည္ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ)သို႔ အေဆာက္အအုံ တည္ေဆာက္ခြင့္ျပဳရန္ အေဆာက္အအုံပုံစံႏွင့္ အျခားေသာလိုအပ္သည့္ စာ႐ြက္စာတမ္းမ်ားႏွင့္တကြ ေလွ်ာက္ထားရပါသည္။ ေကာ္မတီက စိစစ္ၿပီးေနာက္ ခြင့္ျပဳပါက “ ေဆာက္လုပ္ခြင့္ျပဳမိန္႔” ထုတ္ေပးပါသည္။

အေဆာက္အအံုတည္ေဆာက္ၿပီးစီပါက အေဆာက္အအံုတည္ေဆာက္ျခင္းအတြက္ ကာလတန္ဖိုးစိစစ္ေရး အဖြဲ႕ထံတင္ျပၿပီး သက္ဆိုင္ရာၿမိဳ႕နယ္အခြန္႐ံုးတြင္ အခြန္ေပးေဆာင္ရပါသည္။ ထိုသို႔ေပးေဆာင္ထားသည့္ အေထာက္အထား ေငြသြင္းခ်လန္ကို ပူးတြဲ၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအံု) တြင္ အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC) ေလွ်ာက္ထားရပါသည္။

ထုိသုိ႔ ေလွ်ာက္ထားရာတြင္ မူလတင္ျပထားသည့္ အေဆာက္အအံုပံုစံႏွင့္ ကြဲလြဲျခင္း၊ ခြင့္ျပဳထားသည့္ အထပ္အရည္အတြက္ထပ္ ပိုမိုမ်ားေနျခင္း၊ အေဆာက္အအံု ခိုင္ခန္႔မွ အရည္အေသြးမျပည့္ဝျခင္းမ်ား ႐ွိ/မ႐ွိ အေဆာက္အအံုဌာန၊ ေရႏွင့္သန္႔႐ွင္းမႈဌာန၊ မီးသတ္ဌာနတို႔မွ ကြင္းဆင္းစစ္ေဆးမည္ျဖစ္ၿပီး လိုအပ္ခ်က္မ်ား ျဖစ္ေပၚပါက အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC) ထုတ္ေပးမည္မဟုတ္ဘဲ လိုအပ္ခ်က္မ်ား ျပန္လည္ျပင္ဆင္ၿပီးမွသာ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါသည္။

တိုက္ခန္း အေရာင္းအဝယ္ျပဳလုပ္ရာတြင္ ေရာင္းသူမ်ားသည္ “ ေဆာက္လုပ္ခြင့္ျပဳမိန္႔” ကို ျပသႏိုင္ၿပီး အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ (BCC) စာ႐ြက္စာတမ္းမျပသႏုိင္ျခင္း အဆိုပါအေျခအေနတြင္ ေတြးရန္အခ်က္ႏွစ္မ်ိဳး႐ွိပါသည္။ ပထမအခ်က္မွာ မူလကပင္ ကန္ထ႐ိုက္တာမွ အခြန္မေဆာင္လိုသျဖင့္ (BCC) မေလွ်ာက္ထားခဲ့ျခင္း၊ ဒုတိယအခ်က္မွာ အေဆာက္အအံုပံုစံ ကြြဲလြဲ၍ ဌာနမွ (BCC)လက္မွတ္ မထုတ္ေပးျခင္းတုိ႔ျဖစ္သည္။ ပထမအခ်က္ကို ေျမ႐ွင္ႏွင့္ တိုက္ခန္းပိုင္႐ွင္မ်ား စုေပါင္းအကုန္အက်ခံ၍ ေလွ်ာက္ထားျခင္းေဆာင္႐ြက္ႏိုင္ေသာ္လည္း ဒုတိယအခ်က္သည္ ကုစားရန္ မလြယ္ကူေပ ကန္ထ႐ိုက္တာမွ တာဝန္ယူေဆာင္႐ြက္ရမည့္အပိုင္းျဖစ္သည္။

အေဆာက္အအံုတည္ေဆာက္ျခင္းႏွင့္ပတ္သက္သည့္ စာ႐ြက္စာတမ္းမ်ားျဖစ္ေသာ “ ေဆာက္လုပ္ခြင့္ျပဳမိန္႔ ” ၊ အေဆာက္အဦၿပီးစီးေၾကာင္းလက္မွတ္ အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC)၊ မီးသတ္ ဦးစီးဌာန၏ မီးေဘးလံုၿခံဳေရးစစ္ေဆးေထာက္ခံခ်က္၊ ေရသံုးစြဲမႈဆိုင္ရာခြင့္ျပဳမိန္႔ စသည့္စာ႐ြက္စာတမ္း မူရင္းမ်ားသည္ အေဆာက္အအံုတည္ေဆာက္ေရးလုပ္ငန္းမ်ားအားလံုးၿပီးစီးပါက ေျမ႐ွင္ လက္ဝယ္တြင္ ထိန္းသိမ္းထား႐ွိရမည္ျဖစ္ပါေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service