21 Sep 2023 11:23 am
20 Sep 2023 4:51 pm
20 Sep 2023 4:24 pm
20 Sep 2023 3:42 pm
20 Sep 2023 3:35 pm
20 Sep 2023 1:27 pm
20 Sep 2023 1:25 pm
20 Sep 2023 12:37 pm
20 Sep 2023 12:34 pm
20 Sep 2023 12:27 pm
၁၉၅၉ ခုနှစ်တွင် အသစ်တိုးချဲ့ခဲ့သောမြို့သစ်များထဲကတစ်ခုဖြစ်သည့် တောင်ဥက္ကလာပမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ဘက်တွင်တည်ရှိပြီး ၇.၇၀ ကီလိုမီတာကျယ်ဝန်းသည် ။ မြို့နယ်၏မြောက်ဘက်တွင် မြောက်ဥက္ကလာပမြို့နယ် ၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ် ၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်နှင့်သင်္ဃန်းကျွန်းမြို့နယ်တို့တည်ရှိသည် ။ ရပ်ကွက်ပေါင်း ၁၃ ခုရှိပြီး မူလတန်းကျောင်း(၂၄) ကျောင်း ၊ အလယ်တန်းကျောင်း(၁) ကျောင်းနှင့် အထက်တန်းကျောင်း(၃) ကျောင်းရှိသည် ။ တောင်ဥက္ကလာပမြို့နယ်၏ အရေးပါသော တောင်ဥက္ကလာပအမျိုးသမီးနှင့်ကလေးဆေးရုံ ကြီးသည်လည်း မြို့နယ်၏ ကျန်မာရေးစောင့်ရှောက်မှုတွင် အရေးပါသော ဆေးရုံကြီးဖြစ်သည် ။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများထဲတွင် အပါအဝင်ဖြစ်သည် ဝေဇယန္တာလမ်း နှင့် ပါရမီးလမ်းမတို့ ဖြတ်သန်းသွားသော မြို့နယ်ဖြစ်သည် ။ ရန်ကုန်မြို့တွင်း ပို့ဆောင်သွားလာရေးအတွက် အရေးပါသည့် ပါရမီ ကားရပ်နားဝန်းကြီး တည်ရှိသည့်မြို့နယ်လည်းဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော် တောင်ဥက္ကလာပမြို့နယ်သည် ရန်ကုန်မြို့၏ လူနေထူထပ်မှုမရှိသေးသော မြို့နယ်များထဲက တစ်ခုဖြစ်ပြီး မြေကွက်များ ၊ လုံးချင်းအိမ်များ အများအပြား ကျန်ရှိနေသေးသည့် မြို့နယ်ဖြစ်သည် ။
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
No13,Myat lay Yone Street, Hlaing Township