အစီအစဉ် :


အောင်မြေသာဇံမြို့နယ်ရှိရောင်းရန်အိမ်ခြံမြေများ

အောင်မြေသာဇံမြို့နယ်

အောင်မြေသာဇံမြို့နယ်သည် မန္တလေးမြို့၏ မြောက်ဘက်စွန်းအပိုင်းတွင်တည်ရှိသည် ။ မြို့နယ်၏ အနောက်ဖက်တွင် ဧရာဝတီမြစ် ၊ အရှေ့ဖက်တွင် ပုသိမ်ကြီးမြို့နယ် နှင့် တောင်ဖက်တွင် ချမ်းအေးသာဇံမြို့နယ်တို့ဖြင့်ဝန်ရံလျက်ရှိသည် ။ အောင်မြေသာဇံမြို့နယ်တွင် မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သည့် မန္တလေးနန်းတော် ၊ မန္တလေးတောင် ၊ အတုမရှိကျောင်း ၊ မန္တလေးအလုပ်သမားဆေးရုံ ၊ တိုင်းရင်းဆေးပညာတက္ကသိုလ် ၊ ရတနာပုံတိရိစ္ဆာန်ဥယျာဉ်နှင့် နန္ဒဝန်ပန်းခြံတို့တည်ရှိသည် ။ မန္တလေးမြို့၏ အရေးပါသောအဓိကအစိတ်အပိုင်းတော်တော်များများကိုအောင်မြေသာဇံမြို့နယ်တွင်မြင်တွေ့နိုင် မည်ဖြစ်သည် ။ မန္တလေးတောင်ခြေတွင်ရှိသောမြို့နယ်ဖြစ်သည့်အတွက် အခြားမြို့နယ်များထက်စာလျင် ဆောင်းရာသီတွင် အအေးအနည်းငယ်ပိုလေ့ရှိသည် ။ မန္တလေးမြို့လယ်တွင်းသို့သွားသည့်အခါ မော်တော်ဆိုင်ကယ်ဖြင့် ၁၅ မိနစ်ခန့်ရောက်ရှိနိုင်သည် ။ မန္တလေးမြို့၏ အိမ်ခြံမြေဈေးနှုန်းကြီးမြင့်သော မြို့နယ်များထဲတွင် အောင်မြေသာဇံမြို့နယ်သည်လည်းအပါအဝင်ဖြစ်သည် ။