သင့်တင့်မျှတသောဈေးဖြင့်နေရာကောင်းတိုက်ခန်းကျယ်ရောင်းမည်။

ပုံကြီးချဲ့ရန် နှိပ်ပါ

  • သင့်တင့်မျှတသောဈေးဖြင့်နေရာကောင်းတိုက်ခန်းကျယ်ရောင်းမည်။ - ရောင်းရန် - ဒဂုံမြို့သစ် တောင်ပိုင်း (Dagon Myothit (South)) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 330 သိန်း (ကျပ်) - S-4719062 | iMyanmarHouse.com

15 Mar 2018 10:51 pm တွင်ကြော်ငြာတင်ခဲ့သည်856 ကြိမ် ကြည့်ရှု့ပြီးကြော်ငြာနံပါတ် S-4719062

ဒဂုံမြို့သစ် တောင်ပိုင်း | ရန်ကုန်တိုင်းဒေသကြီး

တိုက်ခန်း

အိပ်ခန်း 3 ခန်း ရေချိုးခန်း 1 ခန်း

ဈေးနှုန်း 330 သိန်း (ကျပ်)

မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ...
သင့်တင့်မျှတသော ငွေပမာဏအသုံးပြုရုံဖြင့် အမှန်တကယ် အိမ်ရာပိုင်ဆိုင်မှုကိုရရှိစေပြီး နေရာကောင်းကာ ကျယ်ကျယ်ဝန်းဝန်း နေထိုင်နိုင်သော တိုက်ခန်းလေးတစ်ခန်းနှင့်မိတ်ဆက်ပေးပါရစေခင်ဗျာ...

လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကာ တစ်နေ့တစ်ခြား စည်ကားသိုက်မြိုက်လာသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၏ စံပြရပ်ကွက်တစ်ခုဖြစ်သော...

• ၁၉ ရပ်ကွက်
• ခရေပင်လမ်း
• စည်ပင်လမ်းမကြီးအနီး(ကျန်းမာရေးမှတ်တိုင်)
• 19'×55' (Height 9')
• တတိယထပ်
• ဆောက်လုပ်ပြီးစီးခါစတိုက်အသစ်စက်စက်
• BCC ကျပြီး
• အိပ်ခန်း(၃)ခန်း {အုတ်ဖြင့်ဖွဲ့ပြီး}
• ဧည့်ခန်းကျယ် ၊ ဘုရားခန်း ၊ မီးဖိုခန်း ၊ ရေချိုးခန်း ၊ သန့်စင်ခန်း
• အဝင်/အထွက်တံခါးမကြီးနှင့် အိပ်ခန်းတံခါးများအား လုံခြုံစိတ်ချရသော စတီးတံခါးများတပ်ဆင်ထားပါသည်။
• Air-Con (2) လုံး
• Design သစ် (12 mm) ရေစိုခံသော Laminate Floor (ပါကေး)ခင်းပြီး
• ဘိုထိုင် (Thailand made)
• ရေမပေါက်သောကြွေပြားအကောင်းစားများ ခင်း/ကပ်ထားပါသည်။
• လက်ဆေးဘေစင် ၊ ပန်းကန်ဆေးဘေစင်
• ကျယ်ပြန့်ခိုင်ခန့်သော မီးဖိုခုံ
• Underground Water Tank
• ရေ ၊ မီးကောင်း
• ဈေး ၊ ကျောင်း ၊ ကားမှတ်တိုင် ၊ဘဏ်များ ၊ အထွေထွေပစ္စည်းအရောင်းဆိုင်များ ၊ နေ့စဉ်သုံးပစ္စည်းအရောင်းဆိုင်များ နှင့်နီးကပ်စွာတည်ရှိပြီး ရပ်ကွက် ၊ လမ်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်သောနေရာ
• ရှေ့ ၊နောက်နှင့် ဘေးဖက်တွင် အဆောက်အဦးအမြင့်မရှိ၍ အလင်းရောင်ကောင်းခြင်း နှင့် သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်ကို ရှုရှိုက်နိုင်သောအခွင့်အရေးကိုရရှိစေပါမည်။
• အသင့်တက်ရောက်နေထိုင်နိုင်ရန်ပြင်ဆင်ထားပြီး လုံခြုံစိတ်ချရသောလျှပ်စစ်စနစ်နှင့် (၁) နှစ်အာမခံပါရှိသော ပစ္စည်းများကိုသာအသုံးပြုတပ်ဆင်ထားရှိပါသည်။
• လှေကားခွင်ကျယ်ဝန်းပြီး လှေကားထစ်များ ပြေပြစ်ချောမွေ့မှုကြောင့် လူကြီးလူငယ်မရွေး မမောမပန်း အဆင်ပြေစွာ တက်ရောက်နေထိုင်နိုင်သော နေချင့်စဖွယ်တိုက်ခန်းလေးတစ်ခန်းပါခင်ဗျာ...

ဈေးနှုန်း --- ညှိနှိုင်း

အကျိုးဆောင်ခ ၂% ချီးမြှင့်ပါမည်။

တောင်ဒဂုံမြို့နယ်သည် ရန်ကုန်မြို့၏အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး (၇၉.၁၁)ကီလိုမီတာကျယ်ဝန်းပါသည်။မြို့နယ်၏မြောက်ဖက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၊ အရှေ့ပိုင်း ၊အနောက်ဖက်တွင်ပုဇွန်တောင်ချောင်းနှင့်သင်္ဃန်းကျွန်းမြို့နယ် ၊ အရှေ့ဖက်တွင်ပဲခူးမြစ် ၊ တောင်ဖက်တွင် ဒဂုံဆိပ်ကမ်းတို့တည်ရှိပါသည်။
ရပ်ကွက်ပေါင်း(၂၆)ခုနှင့်ကျေးရွာပေါင်း (၃)ခုဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။
မူလတန်းကျောင်း (၃၁) ကျောင်း ၊ အလယ်တန်းကျောင်း(၇)ကျောင်း ၊ အထက်တန်းကျောင်း (၃) ကျောင်းရှိပြီး ရန်ကုန်အမျိုးသားယာဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တည်ရှိသည့်မြို့နယ်လည်းဖြစ်သည်။ တိုးချဲ့မြို့နယ်ဖြစ်သည်နှင့်အညီ မြေကွက်လွတ်များ ၊ စက်မှုလက်မှုလုပ်ငန်းများ ၊စက်မှုဇုံများ လည်းတည်ရှိသည်။
လုပ်ငန်းရှင်များမြေကွက်များကိုဝယ်ယူရင်းနှီးမြုတ်နှံသော မြို့နယ်လည်းဖြစ်သည့်အပြင် လူနေထူထပ်မှုမရှိသေးသောမြို့နယ်လည်းဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးလွယ်ကူကောင်းမွန်ပြီး အိမ်ခြံမြေများ ရင်းနှီးမြုတ်နှံလိုသောလုပ်ငန်းရှင်များနှင့်နေထိုင်လိုသူများအဖို့ အနာဂတ်အလားအလာကောင်းသော မြို့နယ်တစ်ခုလည်းဖြစ်သည်။

အချက်အလက်များ

  • ဆောက်လုပ်ပြီး
  • အလုံးစုံ ပြင်ဆင်ပြီး
 ကြော်ငြာပိုင်ရှင်သို့ ဖုန်းဖြင့် ဆက်သွယ်ရန်
 ကြော်ငြာပိုင်ရှင်နှင့် Chatting စကားပြောရန်
နှိုင်းယှဥ်ရန် နှစ်သက် မျှဝေရန် Report

အခြား ရောင်းရန် အိမ်ခြံမြေများ

Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရောင်းရန် အိမ်ခြံမြေများ