3800 MMK(LAKHS)
တောင်ဥက္ကလာပမြို့နယ် ၁၄/၁ ရပ်ကွက်ရှိ မြေကွက်အရောင်းလေးပါ
တောင်ဥက္ကလာပမြို့နယ် ၁၄/၁ ရပ်ကွက်ရှိ မြေကွက်ရောင်းမည်။ အကျယ်အဝန်းပေ- 30X60 ကျယ်ဝန်းပါသည်။ ပိုင်ဆိုင်မှုအနေနဲ့ကတော့ ဂရန်အမည်ပေါက်လေးပိုင်ဆိုင်ထားပါတယ်ရှင့်။ သံသုမာလမ်းမကြီး /ဗြဟ္မစိုရ်လမ်းမကြီးတို့နှင့်လဲ နီးပါသေးတယ်နော်။ ခြံခတ်ပြီးသားမြေကွက်လေးဖြစ်တာမို့ Investment လုပ်ချင်သူများအနေဖြင့်လဲ ဝယ်ယူသင့်သလို /ဆောက်ရောင်းလူကြီးမင်းများအတွက်လဲ သင့်တော်ပါတယ်။ အတွင်းလမ်းမကျယ်ကို ကားနှစ်စီးစာအလွတ်ရှောင်မောင်းလို့ရပါသေးတယ်။ ရပ်ကွက်ကောင်း၊ ပတ်ဝန်းကျင်သန့်တဲ့နေရာလေးမို့ နေထိုင်ဖို့ ရွေးချယ်ရွေးချယ် ပြန်ဆောက်ပြီးဘဲရောင်းရောင်း ဈေးတန်တန်နဲ့ရမှာပါနော်။ ကျောင်းနဲ့လဲနီးတာမို့ ကျောင်းနေအရွယ်သားသားမီးမီးရှိသူများအတွက် လဲ ကျောင်းကိစ္စအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ဒါ့အပြင် စိတ်ကြိုက်ဆောက်ပြီး မှနေထိုင်ချင်လိုသူများအနေဖြင့်လဲ အဆင်ပြေပါသေးတယ်။ ဈေးနှုန်း- သိန်း 3800(ညှိနှိုင်း)
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး