Contact Number Share on Facebook
Tuscan Village ဆိုတာ အီတလီမှာရှိတဲ့ မြို့လေးတစ်ခုပါ အဲဒီလို မြို့လေးတစ်ခု ကိုရောက်သွားသလို မြန်မာနိုင်ငံရဲ့အလှဆုံးနဲ့ နေလို့အကောင်းဆုံးမြို့ဖြစ်တဲ့ တောင်ကြီးမြို့မှာ Tuscan Village Taunggyi ဆိုတဲ့ စီမံကိန်းကြီးတစ်ခုကို Green Stone Realty Company မှ ဖော်ဆောင်နေတဲ့ စီမံကိန်းကြီး တစ်ခုဖြစ်သည်။
♦ ရှမ်းပြည်နယ်၏ အလှဆုံးနှင့်အကောင်းဆုံးလမ်းဖြစ်သည့် ဂျာမနီလမ်းမကြီးမေးတင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက် ဘေးကပ်တွင် တည်ရှိသည်။
♦ (၅၈.၉၄) ဧကအကျယ်ရှိ Developer ပိုင်သည့်မြေပေါ်တွင် ဖော်ဆောင်နေသည့် အကောင်းဆုံး အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။
♦ 2500 sqft မှ 15000 sqft အထိ ကျယ်ဝန်းသောမြေကွက်များကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မည်။
♦ Typical Villa ၊ Villas ၊ Town Centre ၊ Horse Riding Club စသည်ဖြင့် Zone (၄) ခုပါရှိမည်။
♦ မြေကွက်များကို ခြံစည်းရိုးခတ်ပေးခြင်း ၊ လျှပ်စစ်မီးခြံရှေ့အရောက် သွယ်တန်းပေးခြင်း ၊ ခြံရှေ့အရောက် ကတ္တရာလမ်းခင်းပေးခြင်း ၊ ကျောက်လမ်းများခင်းပေးခြင်း၊ တို့ ပြုလုပ်ပေးမည်ဖြစ်ပြီး မိမိခြံဝန်းအတွင်း အဝီစိတွင်းများလည်း တူးနိုင်မည်။
♦ ဘုရားဖြူဈေး ၊ ILBC ၊ Total Brainwork ၊ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းများ ၊ ခိုင်မေတ္တာဆေးရုံ ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် စသည်တို့အနီးတွင်ရှိသည်။
♦ အေးချမ်းတိတ်ဆိတ်၍ ရင်သပ်ရှုမောဖွယ်လှပပြီး ထင်ရှားကျော်ကြားသည့် ဂျာမဏီလမ်းမပေါ်တွင်ရှိပြီး ဟဲဟိုးလေဆိပ်သို့လည်း မိနစ်(၄၀) ခန့်လောက်နှင့် သွားလာနိုင်တာကြောင့် သွားလာရေး လွယ်ကူအဆင်ပြေသည့် နေရာတစ်ခုဖြစ်သည်။
Green Stone Realty Company သည်
- Royal Zawgyi Garden Resort (Aung Ban)
- Zawgyi Garden (Taunggyi)
- Zawgyi Hospitality
- F&B လုပ်ငန်းများ
- Cafe Zawgyi (Taunggyi)
- Latt Saat Juicery and Nourishment
- Cafe ( Ygn & Taunggyi ) စသည့်လုပ်ငန်းများကို လုပ်ကိုင်နေသည့် ယုံကြည်စိတ်ချရသည့် Developer တစ်ဦးဖြစ်သည်။
Tuscan Village Taunggyi ၏အားသာချက်များ
- Green Stone Realty Company မှ ဖော်ဆောင်နေသည့် အိမ်ရာစီမံကိန်းဖြစ်သောကြောင့် ယုံကြည်စိတ်ချရခြင်း
- ဂရန်ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာခြင်း
- Return ပြန်ရစေရန် Holiday Home အဖြစ် ငှားရမ်းပေးခြင်း ဝန်ဆောင်မှုကို Developer ဘက်မှ ဆောင်ရွက်ပေးခြင်း
- Second Home အတွက်ဝယ်လိုသူများ ၊ ရင်းနှီးမြုပ်နှံလိုသူများအတွက် တန်ဖိုးတက်နှုန်းအလွန်မြန်မည့် စီမံကိန်းဖြစ်တာကြောင့် ရင်းနှီးမြုပ်နှံရန်အတွက် အထူးသင့်တော်ခြင်း
- ကောင်းမွန်ပြည့်စုံတဲ့ Facilities များ ၊ အလှဆုံး အကောင်းဆုံး ရင်သက်ရှုမောဖွယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားတဲ့ Tuscan Village Taunggyi မှ မြေကွက်တွေကို ပရိုမိုးရှင်းကာလအတွင်း အထူဈေးနှုန်းများဖြင့် ဝယ်ယူလိုက်ပါ
ပါဝင်သည့် Facilities များ
- အဆင့်မြင့်အပန်းဖြေဟိုတယ်
- မြင်းစီးကွင်း
- ရေပူ/ရေအေး ရေကူးကန်
- ချယ်ရီပန်းပင် တစ်သောင်းကျော်စိုက်ထားသော ပျော်ပွဲစားထွက်နိုင်သည့် အပန်းဖြေဧရိယာနေရာ
- လှပသော ရှုခင်းများကို ရှုစားရင်း အပန်းဖြေနိုင်မည့် Coffee ဆိုင်
- အားကစားခန်းမ
- မီးဖိုချောင်သုံးပစ္စည်းများကို အလွယ်တကူရရှိနိုင်မည့် Mini Mart
- ဆေးပေးခန်း
- TVT ဧရိယာအတွင်း ကားလမ်းတစ်လျှောက်တွင် ထင်းရှုးပင်အပါအဝင်လှပသော သစ်ပင်ပန်းပင်များဖြင့် မြေယာရှုခင်းအလှဆင်ပေးခြင်း
- မိုးရာသီအတွင်း သစ်ပင် ၊ ပန်းပင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးပေးသည့် ဝန်ဆောင်မှုတို့ပါရှိခြင်း
စသည်တို့ပါဝင်တာကြောင့် မြန်မာနိုင်ငံ၏ Facilities အများဆုံးနှင့် အကောင်းဆုံး စီမံကိန်းတစ်ခုဖြစ်ပါသည်။
စီမံကိန်းတည်နေရာမြေပုံ
Taunggyi, Myanmar
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။