Contact Number Share on Facebook
Brilliance Mansion ကွန်ဒိုသည် မင်းရဲကျော်စွာလမ်း ၊ လမ်းမတော်မြို့နယ်တွင် Singapore Yao Hua Group Co.,Ltd မှ တာဝန်ယူတည်ဆောက်ထားသည်။ ရန်ကုန်မြို့၏အဓိက CBD ဧရိယာတွင် တည်ရှိနေသောကြောင့် ကောင်းမွန်သောလမ်းပန်းဆက်သွယ်ရေး အထောက်အပံ့များဖြင့် ပြီးပြည့်စုံသော ပတ်ဝန်းကျင်ကြောင့် သင့်အားဗဟိုမြို့ပြနေထိုင်မှုစနစ်ကို အပြည့်အဝခံစားစေနိုင်မည်။
ရန်ကုန်မြို့၏စစ်မှန်သော CBD တွင်တည်ရှိပြီး ဘက်စုံပံ့ပိုးမှုစနစ်ဖြင့် ဝန်းရံထားခြင်း
- Brilliance Mansion သည် လမ်းမတော်မြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မြို့၏အဓိက CBD ဧရိယာတွင် တည်ရှိနေသောကြောင့် ကောင်းမွန်သောလမ်းပန်းဆက်သွယ်ရေးနှင့် အထောက်အပံ့များဖြင့် ပြီးပြည့်စုံသော ပတ်ဝန်းကျင်ကြောင့် သင့်အားဗဟိုမြို့ပြနေထိုင်မှုစနစ်ကို အပြည့်အဝခံစားစေနိုင်မည်။
၁၅ မိနစ်အတွင်းအဆင်ပြေနိုင်သောနေထိုင်မှုစနစ်
- နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အစရှိသည်များကို ပေါင်းစပ်ထားသော ရန်ကုန်မြို့ဟောင်းလမ်းမတော်မြို့နယ်သည် အဓိကအချက်အချာကျသောနယ်မြေဖြစ်သည်။
- Brilliance Mansion သည်အိမ်ရှင်များအား ၁၅ မိနစ် နေထိုင်မှုစနစ် တည်ဆောက်ထားပေးခြင်းဖြစ်သည်။ စီမံကိန်းတည်နေရာမှ City Mall / Sein Gay Har / Taw Win Center အစရှိသည့် Shopping Center များ ၊ Junction City ၊ ဆူးလေ နှင့် စီပွားရေးနယ်မြေ သို့သွားလာနိုင်မည်။
- နိုင်ငံခြားကျောင်းများ ၊ အစိုးရအထက်တန်းကျောင်းများနှင့် အစိုးရတက္ကသိုလ်များသို့ ကားဖြင့် ၁၅ မိနစ်ခန့်လောက်ဖြင့် သွားရောက်နိုင်မည်။
ကိုယ်ပိုင်အိမ်ရာဥယျာဉ်တော်
- အိမ်ရှင်အား သက်သောင့်သက်သာရှိစေသော နေထိုင်မှုပတ်ဝန်းကျင်ကို ပေးဆပ်လိုသည့် ရည်ရွယ်ချက်အား အဓိကထားပြီး ရေကူးကန် ၊ Fitness Center ၊ အဆင်ပြေလွယ်ကူသော Super Market များအားထားရှိပေးထားခြင်း။
- စီမံကိန်းအိမ်ရာသည် ရန်ကုန်မြို့တွင်နည်းပါးသည့် ဥယျာဉ်တော်ပူးတွဲထားသည့် အိမ်ရာပုံစံဖြစ်ပြီး လူနေအိမ်သီးသန့်စီမံကိန်း ဖြစ်သည်။
- အိမ်ရှင်ဧည့်သည်တော်များသည် ဥယျာဉ်တော်၌မိမိတို့ အားလပ်ချိန်များတွင် လမ်းလျှောက် အပန်းဖြေနိုင်ပြီးမြို့ပြ၏ ဆူညံခြင်းကင်းမဲ့ပြီး တိတ်ဆိတ်သော နူးညံသိမ်မွေ့သောအစီမ်းရောင်အပင်များဖြင့် နေထိုင်မှုဘဝကို ပျော်ရွှင်အေးချမ်းစေနိုင်သည်။
စမတ်လုံခြုံရေးစနစ်(၅)မျိုး
- အိမ်ရာတွင်နေထိုင်သော အိမ်ရှင်များ၏ လုံခြုံမှုကို အဓိကထားပြီး Brilliance Mansion သည် ကာကွယ်မှုစနစ်(၅)မျိုးကိုတည်ဆောက်ထားသည်။
- အိမ်ရာပတ်ဝန်းကျင်တွင် Probers များနှင့် CCTV များတပ်ဆင်ထားခြင်း ၊ ဧည့်ခန်းဝင်ခွင့်ထိန်းချုပ်ရေးစနစ်များ ၊ နှင့်
Color visual System ၊ ဓါတ်လှေကား စီမံခန့်ခွဲမှုစနစ်များနှင့် Self-motion ခေါ်ဆိုမှုစနစ်များ ၊ အိမ်ရာအားလုံးကို လက်ဗွေတံခါးသော့စနစ်များနှင့် လုံခြုံမှုဆိုင်ရာစနစ်များ ၊ Alarm ပေးစနစ်များအားတပ်ဆင်ဆောင်ရွက်ထားခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့်ညီညွတ်သော အသက်၏အရင်းအမြစ် - ရေ
- နေထိုင်အိမ်ရာများအတွက် ရေသန့်စင်စနစ်ကို အသုံးပြုပြီး အိမ်ရာများအတွက် အသန့်ရှင်းဆုံးရေကို ကျွန်တော်တို့၏ ကြီးမားသောတာဝန်အဖြစ် အာရုံစိုက်ထားခြင်းဖြင့် အိမ်ရှင်များ၏ ကျန်းမာရေးကို ပြုစုစောင့်ထိန်းပေးခြင်းဖြစ်သည်။
ကြယ်ငါးပွင့်ဝန်ဆောင်မှုစနစ်
- အရည်အသွေးမြင့်မားသော Property Management Co.,Ltd ကိုခန့်အပ်ထားခြင်း- ကျွမ်းကျင်သောအိမ်ခြံမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် စနစ်ကျသော ဝန်ဆောင်မှုတို့ကို အိမ်ရှင်များအတွက် ပြီးပြည့်စုံသော အိမ်ခြံမြေဝန်ဆောင်မှုကို ဖန်တီးပေးပြီး ဂုဏ်ကျက်သရေနှင့် သန့်ရှင်းလုံခြုံသော နေထိုင်မှုပတ်ဝန်းကျင်ကို လုပ်ဆောင်ပေးခြင်း
- တစ်ပြိုင်နက်နေရာထိုင်ခင်း ထိန်းသိမ်းရေးဝန်ဆောင်မှုပေးသော Butler Service များ ၊ ၂၄ နာရီ အဆင့်မြင့်လုံခြုံရေးစနစ်ဖြင့် ကာကွယ်ပေးပြီး အရည်အသွေးနှင့် နွေးထွေးမှုရှိသည့် ပျော်ရွှင်သောဘဝကိုဖန်တီးပေးခြင်း
Location Map
Min Ye Kyaw Zwa RD, Lanmadaw Tsp,Yangon.
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။