GEMS Garden Condominiums

20233 ကြိမ် ကြည့်ရှု့ပြီး
 

                  GEMS Garden Condominiums သည် Capital Development Limited မှလက်ရှိဆောက်လုပ်ပြီးစီးပြီး ဖြစ်သော Brand New Condominiums အသစ်တစ်ခုဖြစ်ပါသည်။ ရန်ကုန်မြို့၏ လူစည်ကား၍ စီးပွားရေး အချက်အချာကျသော လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီး သုခမှတ်တိုင်အနီးတွင် တည်ရှိပါသည်။ အဆောက်အဦး နေထိုင်ရန်ပါမစ် BCC ရရှိထားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၆ ကီလိုမီတာသာကွာဝေးပြီး အင်းယားကန်နှင့်ရွှေတိဂုံစေတီတော်တို့ကိုလည်း ထင်ရှားစွာ လှမ်းမျှော်တွေ့မြင်နိုင်ပါသည်။

                      GEMS ကွန်ဒိုတည်နေရာသည် သွားရေးလာရေးလွယ်ကူသည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကိစ္စအဝဝတို့အတွက် အကောင်းမွန်ဆုံး နေရာတစ်ခုဖြစ်ပါသည်။ဂရန်မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သောကြောင့် မြေအမျိုးအစားခိုင်မာမှုရှိပြီး ၂၁ ထပ်မြင့်သော အဆောက်အဦးပေါ်မှ သာယာလှပသော ရန်ကုန်မြို့၏ ရှုခင်းများကို ခံစားနိုင်ပါသည်။ ကွန်ဒို၏ကျွမ်းကျင်သောစီမံခန့်ခွဲမှုအဖွဲ့မှ နေထိုင်မည့်သူအားလုံး အတွက် စိတ်ကျေနပ်မှုအပြည့်ဝဆုံးရရှိစေရန် နေ့စဉ်အကောင်းဆုံးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမည်ဖြစ်ပါသည်။

 

GEMS Garden Condominiums

GEMS Garden Condominiums

 

အဆင့်မြင့်အဆောက်အဦး နှင့် လှပသပ်ရပ်သော အိပ်ခန်းများပါဝင်ခြင်း

အထပ်ပေါင်း ၂၁ ထပ်အဆောက်အဦးလေးလုံးတွင် အခန်းပေါင်း (၅၈၄) ခန်းပါဝင် ပါသည်။

GEMSကွန်ဒိုတွင် တစ်ယောက်အိပ်ခန်း၊ နှစ်ယောက်အိပ်ခန်း 897 sqft (2 Bed rooms) သုံးယောက်အိပ်ခန်း 1505 sqft (3 Bedrooms) နှင့်အထပ်မြင့် Penthouse 3458 sqft (4 Bedrooms) အသီးသီးပါရှိပြီး အခန်းတိုင်းတွင် လှပသော မျက်နှာစာများ၊ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်ခြင်း၊ စသည့် နေထိုင်ရန်အသေးစိတ်လိုအပ်ချက်များကိုထည့်သွင်းစဉ်းစားဆောက်လုပ်ထားခြင်း၊ ခေတ်မီ ပရိဘောဂများကိုပါတစ်ပါတည်း ထည့်သွင်းထားခြင်းတို့အပြင် အပြင်ပိုင်းအပန်းဖြေ ဝန်ဆောင်မှုများအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားပါသည်။

 

GEMS Garden Condominiums

GEMS Garden Condominiums

 

GEMS ကွန်ဒို၏ အခန်းတိုင်းတွင် Air-con များ၊ ရေချိုးခန်းတိုင်းတွင် ရေပူရေအေး တပ်ဆင်ပေးထားသည့်အပြင် High Speed Internet Satellite တို့ကိုလည်း တပ်ဆင်ထားပါသည်။

လုံခြုံရေးအနေဖြင့် ၂၄ နာရီ CCTV လုံခြုံရေးစနစ်၊ ၂၄ နာရီအလိုအလျောက် ဓါတ်အားပေး စနစ်များထားရှိပြီး မီးဘေးအန္တရာယ်အတွက် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသည့် အတိုင်း Fire Protection များပြုလုပ်ပေးထားပါသည်။

စွန့်ပစ်ပစ္စည်းများ ပစ်ရာတွင် Centralized Refuse Disposal စနစ်ကို အသုံးပြုထား ပါသည်။ Water Treatment နှင့် Sewage Treatment များပါရှိပါသည်။ အခန်းပေါင်း (584) ခန်းအတွက် Car Parking (700) ကျော်ဆန့်သော ကားပါကင် 4 လွှာပါရှိပါသည်။

အပြင်ပိုင်းဝန်ဆောင်မှုများအဖြစ် GEMS Garden Condominiums တွင်နေထိုင်သူများ အနားယူနိုင်ရန်

  • ရေကူးကန် နှင့် အပန်းဖြေဧရိယာ
  • BBQ ပြုလုပ်ရန်ကျယ်ဝန်းသောနေရာ
  • ကလေးကစားကွင်း
  • အထွေထွေသုံးခန်းမ
  • ကျန်းမာရေးအတွက်အပြေးလမ်းမ
  • အားကစားခန်းမ (GYM)
  • ကော်ဖီဆိုင်များ၊ မုန့်ဆိုင်များ

 

GEMS Garden Condominiums

 

GEMS Garden Condominiums ၏ (၁)မိုင် ပတ်လည်အတွင်းတွင် ဈေးဝယ် စင်တာများ Market Place (ပြည်လမ်း), City Mart (သမိုင်း), လှည်းတန်းစင်တာ၊ ဂမုန်းပွင့် (စံရိပ်ငြိမ်)၊ လှည်းတန်းဈေး၊ ဒဂုံစင်တာ (မြေနီကုန်း)၊ ဆေးရုံ၊ ဆေးခန်းများ၊ သုခကမ္ဘာဆေးရုံ၊ Victoria (ဝိတိုရိယ) ဆေးရုံ၊ ကျောင်းများ၊ သင်တန်းများ၊ ရန်ကုန်တက္ကသိုလ်၊ Myanmar Info Tech, British School of Yangon သင်တန်းမျိုးစုံတည်ရှိသော လှည်းတန်း အနားယူအပန်းဖြေရန်နေရာများ၊ အင်းလျားကန်၊ စိမ်းလန်းစိုပြည်၊ အားကစားကွင်းများ၊ ရန်ကုန်အသင်းဘောလုံးကစားကွင်း၊ အမျိုးသား ကစားကွင်း (MICT Park) တို့နှင့်နီးပါသည်။

 

Location Map

 

GEMS Garden Condominiums

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Capital Development Co.,Ltd

လိပ်စာ
No.113,Insein Road,9th Quarter,Hlaing Township,Yangon.