KBZ TOWER

17719 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

KBZ Tower ကိုတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Naing Group Capital Co., Ltd. ကနေ တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ ပြောင်းလဲလာတဲ့လူနေမှုပုံစံတွေထဲမှာ အိမ်ရာဝယ်ယူမှုပုံစံကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တိုးတက်လာတဲ့ လူဦးရေ ၊ လျော့နည်းလာတဲ့ မြေလွတ်ပမာဏ နဲ့ သုံးစွဲတဲ့ ငွေကြေးအနေအထားတို့ကလည်း အိမ်ရာဝယ်မှုပုံစံတွေကို ပြောင်းလဲလာစေတဲ့ အဓိက တွန်းအားတွေအဖြစ် မြင်တွေ့ရပါတယ်။

ဒီလိုပြောင်းလဲလာတဲ့ ပုံစံတွေထဲမှာမှ ကွန်ဒိုတွေကိုဝယ်ယူတာဟာ နေထိုင်ဖို့အတွက် အဆင့်တစ်ခုမှာ စိတ်အေးချမ်းသာစွာနေထိုင်နိုင်တဲ့ အခွင့်အရေးရှိသလို ရင်းနှီးမြုပ်နှံဖို့ ဝယ်ယူသူတွေအတွက်ကလည်း တွက်ခြေကိုက်စေတဲ့ ရင်းနှီးမှုမျိူးအဖြစ် ရှုမြင်လာကြပါတယ်။ နေထိုင်ဖို့အတွက်ပဲ ဖြစ်ဖြစ်၊ ရင်းနှီးမြုပ်နှံဖို့အတွက် ပဲ ဖြစ်ဖြစ် ကွန်ဒိုခန်းတစ်ခန်းကို ဝယ်ယူတော့မယ်ဆိုရင် မြန်မာနိုင်ငံက ကွန်ဒိုအများစုဟာ ဈေးကွက်မှာ မျက်နှာပန်းလှအောင် တည်ဆောက်မှုအပိုင်း၊ လုံခြုံရေးအပိုင်းနဲ့ ဝန်ဆောင်မှုအပိုင်းတွေမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို မီအောင်တည်ဆောက်ကြတာကြောင့် တစ်ခုနဲ့တစ်ခု သိပ်အကွာ ကြီး မဖြစ်ပေမယ့် အရေးကြီးတဲ့ တည်နေရာ (ဘယ်နေရာမှာတည်ဆောက်တယ်ဆိုတာ) ကြောင့်သာ သူ့တန်ဖိုးနဲ့ အသုံးတည့်ပုံက ကွာခြားသွားတတ်ပါတယ်။

ဒါကြောင့် ဒီလအတွက် ကွန်ဒို Review ကဏ္ဍအတွက်ကိုတော့ ဘိုးဘွားပိုင်မြေအမျိုးအစားဖြစ်ပြီး နောက်ထပ် ထပ်မရတော့မယ့်မြေနေရာဖြစ်တဲ့ မြေနီကုန်းလို နေရာမျိူးမှာ တည်ဆောက်ထားတဲ့ KBZ Tower နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

KBZ TOWER

KBZ TOWER

KBZ TOWER

KBZ TOWER

KBZ TOWER

             

တည်နေရာ

  • တည်နေရာကတော့ ပြောစရာမလိုလောက်အောင်ကိုကောင်းမွန်တဲ့စမ်းချောင်းမြို့နယ် မြေနီကုန်း ဂုံးကျော် တံတား အနီး ဒဂုံစင်တာ မျက်စောင်းထိုး က ပြည်လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတာပါ။ အနီးအနားမှာဆိုရင်လည်းရန်ကုန်မြို့ရဲ့ အထင်ကရ ကျက်သရေဆောင် ဖြစ်တဲ့ ရွှေတိဂုံစေတီတော်၊ Dagon Center (1 ) (2 )၊ ဂမုန်းပွင့်ကုန်တိုက် ၊ City Mart ( Myaynigone ) စသည့် စူပါမားကတ်တွေ ရှိတဲ့အပြင်မဟာမြိုင် အထူးကုဆေးရုံ ၊ Asia Royal ဆေးရုံတွေလည်း ရှိနေပါတယ် ။
  • People’s park & People square အစရှိတဲ့ အပန်းဖြေကစားကွင်းများရဲ့အနီး မှာရှိတာကြောင့်လည်း ရန်ကုန်မြို့ရဲ့အချက်အချာနေရာတစ်ခုဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုလောက်အောင် ကောင်းမွန်တဲ့ တည်နေမှာတည်ရှိတာ ဖြစ်ပါတယ်။
    ထူးခြားချက်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ရုံးချုပ်အဖြစ် အခြေပြုမယ့် အဆောက်အဦးဖြစ်တာကြောင့်စီးပွားရေးအရ ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်တဲ့ အဆောက်အဦးလည်းဖြစ်ပါတယ်။

 

အဆောက်အဦး နှင့် မြေအမျိုးအစား

  • အထပ်အမြင့် စုစုပေါင်း (၁၆)ထပ် အမြင့်တည်ဆောက်ထားတဲ့ KBZ Tower ဟာ မြေအမျိုးအစားကလည်း ဝယ်ယူသူတွေအတွက် ထာဝရ ပိုင်ဆိုင်မှု အာမခံချက် ရှိစေတဲ့ “ဘိုးဘွားပိုင်မြေ” အမျိုးအစားဖြစ်တာကြောင့် နောင်တစ်ချိန် ပိုင်ဆိုင်မှုအတွက် ရတက်မအေးဖြစ်ရမယ့် အခြေအနေကနေ လွတ်ကင်းစိတ်ချမ်းသာစေနိုင်တာကလည်း ဝယ်ယူရင်းနှီးမြုပ်နှံသူတွေအတွက် အားသာချက်တစ်ခု ဖြစ်စေပါတယ်။

 

KBZ TOWER

KBZ TOWER

KBZ TOWER

 

ထူးခြားသည့် Facilities များ

  • အခန်းဝယ်ယူသူတိုင်းအတွက် ကျန်းမာရေးနဲ့ အားကစားအတွက် ရွှေတိဂုံဘုရားကို လှမ်းမြင်ရတဲ့ ယောဂ ကျင့်စဉ် အခန်း (Yoga room with Pagoda View) ၊ ချွေးထုတ်ခန်း (Sauna Room) ၊ နိုင်ငံတကာ အဆင့်မီအားကစားခန်းမ (Gym Room) ၊ စိတ်လက်အပန်းဖြေအနားယူဖို့အတွက် ရွှေတိဂုံဘုရားကို လှမ်းမြင် ရတဲ့ အလွန်ကောင်းမွန်တဲ့ Infinity Pool (Pagoda View) ၊ လူ (၅၀) ဆန့် ရုပ်ရှင်ရုံ (Cinema for 50 pax) ၊
  • Coffee Corner ၊ Restaurant & Bar ၊ Beauty Saloon နဲ့ 24Hour Store စတာတွေအပြင် ကိုယ်ပိုင်မော်တာ၊ ကိုယ်ပိုင်မီတာ၊ ၂၄နာရီဓါတ်အားပေးစနစ် ၊ Central Type Water Supply System ၊Video Intercom Security Door Lock System ၊ CCTV လုံခြုံရေးစနစ် နဲ့ ၂၄နာရီအသုံးပြုနိုင်တဲ့ Otis အမှတ်တံဆိပ် ဓါတ်လှေကား(၄)စီး ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ကိုယ်ပိုင်မော်တော်ယာဉ်များအတွက် လုံခြုံစိတ်ချရတဲ့ ကိုယ်ပိုင် ကားပါကင်ပါရှိတာကလည်း လက်ရှိ ရန်ကုန်မြို့မှာ စိတ်ညစ်နေရတဲ့ ပြသနာတစ်ခုဖြစ်တဲ့ ကားပါကင်ကိစ္စအတွက်တော့ လုံး၀ စိတ်အေးရစေမှာဖြစ်ပါတယ်။

 

အခန်းအကျယ်အဝန်း

  • အခန်းတိုင်းမှာ မျက်နှာကျက်အမြင့် (၁၂)ပေ စီမြင့်တဲ့ ဒီ KBZ Tower က အခန်းတွေဟာ အကျယ်အဝန်းအနေနဲ့ ကတော့ Residence အခန်းတွေဆိုစတုရန်းပေ (၁၃၀၄) ကနေ( ၁၇၁၁) အထိ စုစုပေါင်းအခန်း (၁၃)ခန်းနဲ့ OFFICE အခန်းအနေနဲ့ စတုရန်းပေ(၁၄၄၃) ကနေ (၁၉၇၀) အထိ စုစုပေါင်းအခန်း (၇)ခန်း ကျန်ရှိပါတယ်။ အဆောက်အဦးတည်နေရာနဲ့ အခန်းဖွဲ့စည်းပုံအရ လူနေထိုင်ဖို့အပြင် သင်တန်းကျောင်းတွေ၊ ရုံးခန်းတွေပါ ဖွင့်လှစ်ဖို့ သင့်လျော်တဲ့ အဆောက်အဦးဖြစ်ပါတယ်။

 

KBZ TOWER

KBZ TOWER

 

Location Map

 

KBZ TOWER

 

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

Naing Group Capital Co., Ltd. မှ ဆောက်လုပ်သော အခြား Project များ

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Naing Group Capital Co., Ltd.

Naing Group Capital Co., Ltd.

လိပ်စာ
အမှတ် ၂ ၊ မိုးကောင်းလမ်း ၊ စကားဝါကွန်ဒို ၊ ရန်ကင်းမြို့နယ်