မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အလိုအလျောက်ကုန်စည်ရှင်းလင်းစနစ်ကို ၂၀၂၁ ဇန်နဝါရီတွင် စတင်အသုံးပြုတော့မည်

မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အလိုအလျောက်ကုန်စည်ရှင်းလင်းစနစ်ကို ၂၀၂၁ ဇန်နဝါရီတွင် စတင်အသုံးပြုတော့မည် - Property News in Myanmar from iMyanmarHouse.com
15 Jul 2020 10:50 am တွင် တင်ခဲ့သည်
1090 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အလိုအလျောက်ကုန်စည်ရှင်းလင်းစနစ် (MACCS) ကို ၂၀၂၁ ဇန်နဝါရီတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း တာဝန်ရှိသူများကပြောသည်။

သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများ ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး အထောက်အပံ့ဖြစ်စေမည့် Myanmar Automated Cargo Clearance System (MACCS) စနစ်ဖြစ်ပြီး မူဆယ် နယ်စပ်ဂိတ်သည် တတိယမြောက် ထိုစနစ်သုံးသည့် ကုန်သွယ်ရေးဂိတ် ဖြစ်လာမည်ဖြစ်သည်။

“ပုံမှန်ကုန်သွယ်မူအတွက် သင့်တော်တဲ့ စနစ်တခုဖြစ်ပါတယ်၊ ကုန်စည်စီးဆင်းမူတွေမှာ ကြန့်ကြာမူ မရှိနိုင်တော့ဘူး၊ အစပိုင်းတော့ အခက်အခဲတွေတော့ ရှိနိုင်တာပေါ့” ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အတွင်းရေးမှူး ဦးသန်းထိုက်ကပြောသည်။

ထိုစနစ်အသုံးပြုရန်အတွက် ၂၀၂၀ ဧပြီတွင် စတင်အကြောင်းကြာခဲ့ပြီး ကုန်သည်များကို ထိုစနစ်အသုံးပြုရန် သင်ကြားပေးနေခြင်းဖြစ်သည်။ Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ၂၀၁၆ တွင် မြန်မာနိုင်ငံတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုစနစ်ကို ၂၀၁၆ တွင် ရန်ကုန်တွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၁၈ ဇွန်လတွင် မြဝတီမြို့တွင် စတင်အသုံးပြုခဲ့သည်။

မြဝတီနယ်စပ်ဒေသတွင်လည်း MACCS စနစ်ကို ၂၀၁၈ ခုနှစ် မတ်လမှ မေလကုန်အထိ စမ်းသပ်ဆောင်ရွက်မှု အောင်မြင်သောကြောင့် ဇွန်လ ၅ ရက်နေ့မှစကာ စတင်ဆောင်ရွက်နေပြီး မြန်မာ-တရုတ် အဓိက ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် ၁၀၅ မိုင်တွင်လည်း တိုးချဲ့ဆောင်ရွက်ရန်စီစဉ်ခြင်းဖြစ်သည်။

အဆိုပါစနစ်သည် ကုန်သွယ်ရေးအတွက် အကောက်ခွန် ရုံးတွင် လာရောက်လုပ်ဆောင်ရသော လုပ်ငန်းစဉ်များကို များစွာ လျှော့ချနိုင်ကာ အခွန်အခများ၊စာရင်းဇယားများမှာလည်း ကွန်ပျူတာစနစ်ဖြစ်သွားခြင်း ဖြစ်သည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကုန်သွယ်ရေးစခန်းဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံဖိုးဝန်းကျင် ကုန်သွယ်မှု ရှိနေသည်။

MACCS စနစ်ကို နယ်စပ်ကုန်သွယ်ရေးဇုန်အားလုံးတွင် တပ်ဆင်ဆောင်ရွက်နိုင်ရန် အစိုးရက ရည်ရွယ်ထား သည်။

MACCS စနစ်ကို ဂျပန်နိုင်ငံ၏နည်းပညာနှင့် ငွေကြေးပံ့ပိုးမှု ဂျပန်ယန်းငွေသန်း ၃၉၉၀ ဖြင့် ရန်ကုန်ဧရိယာအတွင်းရှိ လေဆိပ်၊ ဆိပ်ကမ်းနှင့် သီလဝါအထူးစီးပွားရေးဇုန်တို့တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းတြင္ အလိုအေလ်ာက္ကုန္စည္ရွင္းလင္းစနစ္ကို ၂၀၂၁ ဇန္နဝါရီတြင္ စတင္အသုံးျပဳေတာ့မည္

မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းတြင္ အလိုအေလ်ာက္ကုန္စည္ရွင္းလင္းစနစ္ (MACCS) ကို ၂၀၂၁ ဇန္နဝါရီတြင္ စတင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း မူဆယ္-နမ့္ခမ္းနယ္စပ္ကုန္သြယ္ေရးကုန္သည္မ်ားအသင္း တာဝန္ရွိသူမ်ားကေျပာသည္။

သြင္းကုန္၊ ထုတ္ကုန္လုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ အေကာက္ခြန္ဆိုင္ရာ လုပ္ငန္းမ်ား ထိေရာက္လ်င္ျမန္စြာ ေဆာင္႐ြက္ေပးႏိုင္ေရး အေထာက္အပံ့ျဖစ္ေစမည့္ Myanmar Automated Cargo Clearance System (MACCS) စနစ္ျဖစ္ၿပီး မူဆယ္ နယ္စပ္ဂိတ္သည္ တတိယေျမာက္ ထိုစနစ္သုံးသည့္ ကုန္သြယ္ေရးဂိတ္ ျဖစ္လာမည္ျဖစ္သည္။

“ပုံမွန္ကုန္သြယ္မူအတြက္ သင့္ေတာ္တဲ့ စနစ္တခုျဖစ္ပါတယ္၊ ကုန္စည္စီးဆင္းမူေတြမွာ ၾကန႔္ၾကာမူ မရွိႏိုင္ေတာ့ဘူး၊ အစပိုင္းေတာ့ အခက္အခဲေတြေတာ့ ရွိႏိုင္တာေပါ့” ဟု မူဆယ္-နမ့္ခမ္းနယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္း အတြင္းေရးမႉး ဦးသန္းထိုက္ကေျပာသည္။

ထိုစနစ္အသုံးျပဳရန္အတြက္ ၂၀၂၀ ဧၿပီတြင္ စတင္အေၾကာင္းၾကာခဲ့ၿပီး ကုန္သည္မ်ားကို ထိုစနစ္အသုံးျပဳရန္ သင္ၾကားေပးေနျခင္းျဖစ္သည္။ Myanmar Automated Cargo Clearance System (MACCS) စနစ္ကို ၂၀၁၆ တြင္ ျမန္မာႏိုင္ငံတြင္ စတင္အသုံးျပဳခဲ့ျခင္းျဖစ္သည္။ ထိုစနစ္ကို ၂၀၁၆ တြင္ ရန္ကုန္တြင္ စတင္က်င့္သုံးခဲ့ၿပီး ၂၀၁၈ ဇြန္လတြင္ ျမဝတီၿမိဳ႕တြင္ စတင္အသုံးျပဳခဲ့သည္။

ျမဝတီနယ္စပ္ေဒသတြင္လည္း MACCS စနစ္ကို ၂၀၁၈ ခုႏွစ္ မတ္လမွ ေမလကုန္အထိ စမ္းသပ္ေဆာင္႐ြက္မႈ ေအာင္ျမင္ေသာေၾကာင့္ ဇြန္လ ၅ ရက္ေန႔မွစကာ စတင္ေဆာင္႐ြက္ေနၿပီး ျမန္မာ-တ႐ုတ္ အဓိက ကုန္သြယ္ေရးဇုန္ျဖစ္သည့္ မူဆယ္ ၁၀၅ မိုင္တြင္လည္း တိုးခ်ဲ႕ေဆာင္႐ြက္ရန္စီစဥ္ျခင္းျဖစ္သည္။

အဆိုပါစနစ္သည္ ကုန္သြယ္ေရးအတြက္ အေကာက္ခြန္ ႐ုံးတြင္ လာေရာက္လုပ္ေဆာင္ရေသာ လုပ္ငန္းစဥ္မ်ားကို မ်ားစြာ ေလွ်ာ့ခ်ႏိုင္ကာ အခြန္အခမ်ား၊စာရင္းဇယားမ်ားမွာလည္း ကြန္ပ်ဴတာစနစ္ျဖစ္သြားျခင္း ျဖစ္သည္။

မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းသည္ ျမန္မာႏိုင္ငံတြင္ အႀကီးမားဆုံး ကုန္သြယ္ေရးစခန္းျဖစ္ၿပီး ႏွစ္စဥ္ ေဒၚလာ ၅ ဘီလီယံဖိုးဝန္းက်င္ ကုန္သြယ္မႈ ရွိေနသည္။

MACCS စနစ္ကို နယ္စပ္ကုန္သြယ္ေရးဇုန္အားလုံးတြင္ တပ္ဆင္ေဆာင္႐ြက္ႏိုင္ရန္ အစိုးရက ရည္႐ြယ္ထား သည္။

MACCS စနစ္ကို ဂ်ပန္ႏိုင္ငံ၏နည္းပညာႏွင့္ ေငြေၾကးပံ့ပိုးမႈ ဂ်ပန္ယန္းေငြသန္း ၃၉၉၀ ျဖင့္ ရန္ကုန္ဧရိယာအတြင္းရွိ ေလဆိပ္၊ ဆိပ္ကမ္းႏွင့္ သီလဝါအထူးစီးပြားေရးဇုန္တို႔တြင္ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ ၁၂ ရက္ေန႔က စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service