တစ်နှစ်လျှင် ကျပ်၂၅၀ ဘီလီယံဖြင့် စတုရန်းပေ ၆၅၀ ရှိသည့် တိုက်ခန်း ၁၀၀၀၀ တည်ဆောက်နိုင်ဟုဆို

တစ်နှစ်လျှင် ကျပ်၂၅၀ ဘီလီယံဖြင့် စတုရန်းပေ ၆၅၀ ရှိသည့် တိုက်ခန်း ၁၀၀၀၀ တည်ဆောက်နိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Jul 2020 11:11 am တွင် တင်ခဲ့သည်
849 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အငှားအိမ်ရာစီမံကိန်းများကို ရန်ကုန် ၊မန္တလေး နှင့် နေပြည်တော် တွင် တည်ဆောက်ပေးရန်နှင့် တစ်နှစ်လျှင် ကျပ် ၂၅၀ ဘီလီယံ အသုံးပြုပါက အငှားတိုက်ခန်း ၁၀၀၀၀ တည်ဆောက်နိုင်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းကပြောသည်။

ထိုသိုဆောက်ရွက်ပေးရန် ဒုတိယဝန်ကြီးဦးကျော်လင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံတင်ပြခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံတင်ပြရာတွင် အချက်သုံးချက်ပါဝင်ပြီး ၎င်းတို့ထဲတွင် အိမ်ရာဝယ်လိုအား တက်လာစေရန် ဘဏ်များနှင့် ချိတ်ဆက်ရောင်းချသည့် အရစ်ချချေးငွေစံနှုန်းများ ဖော်ဆောင်ပေးရန်၊ နိုင်ငံတော် အစီအစဉ်ဖြင့် ပြည်သူအငှားအိမ်ရာစီမံကိန်းများ ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးတို့တွင်ဖော်ဆောင်ရန်နှင့် တစ်နှစ်လျှင် ဘတ်ဂျတ် ကျပ် ၂၅၀ ဘီလီယံ ခွင့်ပြုပေးနိုင်ပါက စတုရန်းပေ ၆၅၀နှင့် အခန်း ၂ ခန်းပါ အငှားတိုက်ခန်း ၁၀၀၀၀ ကိုဖော်ဆောင်ပေးနိုင်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်း အိုးပိုင်အိမ်ပိုင်မရှိသူများအား အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ပြုမည့် မဟာဗန္ဓုလအငှား အိမ်ရာကိုလည်း အစိုးရက အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါ မဟာဗန္ဓုလအငှားအိမ်ရာကို ဒဂုံမြို့သစ် တောင်ပိုင်းတွင် စီစဉ်ဆောက်လုပ်နေခြင်းဖြစ်ပြီး တိုက်ခန်း စုစုပေါင်း (၁၂၀၀) ပါရှိကာ တစ်ခန်းလျှင် (၅၆၉.၅) စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်သည်။ လစဉ်ငှားရမ်းခ သုံးသောင်းဖြင့် နှစ်ရှည် ငှားရမ်းနေထိုင်ခွင့် ပြုမည်ဟုလည်း ထုတ်ပြန်ထားသည်။

ကျပ်ငါးဘီလီယံနှင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဝန်းထမ်းအိမ်ယာ အငှားအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက ၂၀၁၈ တွင် ဆိုထားသည်။ တည်ဆောက်ရန်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်းကြီးဌာနနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ဝန်ထမ်းအိမ်ရာ၊ အဌားအိမ်ရာများ တည်ဆောက်ရန် စီမံချက် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်းကြီး ဌာန ဘတ်ချက်ဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

မန္တလေးတွင် ၁၀၀ ရာခိုင်နှုန်းခန့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးသွားပြီး ရန်ကုန်တွင် ဒဂုံဆိပ်ကမ်း မြေ ၁၈၃ ဧကမှာ တည်ဆောက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရ အငှားအိမ်ရာဟောင်းများကို ဖြိုချပြီး အထပ်မြင့် ကွန်ဒိုတိုက်များနှင့် အစားထိုးရန် ဆောင်ရွက်နေသည်များရှိသည်။ ပုဇွန်တောင် ညောင်တန်းရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာနှင့် လမ်းသစ်ရိပ်သာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း၁၂ လုံးတန်း၊ ဝေဠုဝန်ရပ်ကွက်နှင့် ကြို့ကုန်း အိမ်ရာစသည့် အစိုးရအငှားအိမ်ရာစီမံကိန်းသည် ၁၉၅၂ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တစ္ႏွစ္လွ်င္ က်ပ္၂၅၀ ဘီလီယံျဖင့္ စတုရန္းေပ ၆၅၀ ရွိသည့္ တိုက္ခန္း ၁၀၀၀၀ တည္ေဆာက္ႏိုင္ဟုဆို

အငွားအိမ္ရာစီမံကိန္းမ်ားကို ရန္ကုန္ ၊မႏၲေလး ႏွင့္ ေနျပည္ေတာ္ တြင္ တည္ေဆာက္ေပးရန္ႏွင့္ တစ္ႏွစ္လွ်င္ က်ပ္ ၂၅၀ ဘီလီယံ အသုံးျပဳပါက အငွားတိုက္ခန္း ၁၀၀၀၀ တည္ေဆာက္ႏိုင္သည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းကေျပာသည္။

ထိုသိုေဆာက္႐ြက္ေပးရန္ ဒုတိယဝန္ႀကီးဦးေက်ာ္လင္းက ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ထံတင္ျပခဲ့ျခင္းျဖစ္သည္။

ဒုတိယဝန္ႀကီးက အတိုင္ပင္ခံပုဂၢိဳလ္ထံတင္ျပရာတြင္ အခ်က္သုံးခ်က္ပါဝင္ၿပီး ၎တို႔ထဲတြင္ အိမ္ရာဝယ္လိုအား တက္လာေစရန္ ဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္ေရာင္းခ်သည့္ အရစ္ခ်ေခ်းေငြစံႏႈန္းမ်ား ေဖာ္ေဆာင္ေပးရန္၊ ႏိုင္ငံေတာ္ အစီအစဥ္ျဖင့္ ျပည္သူအငွားအိမ္ရာစီမံကိန္းမ်ား ရန္ကုန္၊ေနျပည္ေတာ္ႏွင့္ မႏၲေလးတို႔တြင္ေဖာ္ေဆာင္ရန္ႏွင့္ တစ္ႏွစ္လွ်င္ ဘတ္ဂ်တ္ က်ပ္ ၂၅၀ ဘီလီယံ ခြင့္ျပဳေပးႏိုင္ပါက စတုရန္းေပ ၆၅၀ႏွင့္ အခန္း ၂ ခန္းပါ အငွားတိုက္ခန္း ၁၀၀၀၀ ကိုေဖာ္ေဆာင္ေပးႏိုင္မည္ဟု ဆိုသည္။

ရန္ကုန္တိုင္းအတြင္း အိုးပိုင္အိမ္ပိုင္မရွိသူမ်ားအား အိမ္ခန္းငွားရမ္းေနထိုင္ခြင့္ျပဳမည့္ မဟာဗႏၶဳလအငွား အိမ္ရာကိုလည္း အစိုးရက အေကာင္အထည္ေဖာ္ခဲ့သည္။ အဆိုပါ မဟာဗႏၶဳလအငွားအိမ္ရာကို ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းတြင္ စီစဥ္ေဆာက္လုပ္ေနျခင္းျဖစ္ၿပီး တိုက္ခန္း စုစုေပါင္း (၁၂၀၀) ပါရွိကာ တစ္ခန္းလွ်င္ (၅၆၉.၅) စတုရန္းေပ က်ယ္ဝန္းမည္ျဖစ္သည္။ လစဥ္ငွားရမ္းခ သုံးေသာင္းျဖင့္ ႏွစ္ရွည္ ငွားရမ္းေနထိုင္ခြင့္ ျပဳမည္ဟုလည္း ထုတ္ျပန္ထားသည္။

က်ပ္ငါးဘီလီယံႏွင့္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔တြင္ ဝန္းထမ္းအိမ္ယာ အငွားအိမ္ရာမ်ား ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းက ၂၀၁၈ တြင္ ဆိုထားသည္။ တည္ေဆာက္ရန္စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္းႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ား အသင္းတို႔ ပူးေပါင္း၍ ဝန္ထမ္းအိမ္ရာ၊ အဌားအိမ္ရာမ်ား တည္ေဆာက္ရန္ စီမံခ်က္ ေရးဆြဲခဲ့ျခင္းျဖစ္ၿပီး စီမံကိန္းႏွင့္ ဘ႑ာေရးဝန္းႀကီး ဌာန ဘတ္ခ်က္ျဖင့္ တည္ေဆာက္ျခင္းျဖစ္သည္။

မႏၲေလးတြင္ ၁၀၀ ရာခိုင္ႏႈန္းခန႔္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ၿပီးစီးသြားၿပီး ရန္ကုန္တြင္ ဒဂုံဆိပ္ကမ္း ေျမ ၁၈၃ ဧကမွာ တည္ေဆာက္ျခင္းျဖစ္သည္။

ရန္ကုန္တိုင္းအစိုးရ အငွားအိမ္ရာေဟာင္းမ်ားကို ၿဖိဳခ်ၿပီး အထပ္ျမင့္ ကြန္ဒိုတိုက္မ်ားႏွင့္ အစားထိုးရန္ ေဆာင္႐ြက္ေနသည္မ်ားရွိသည္။ ပုဇြန္ေတာင္ ေညာင္တန္းရပ္ကြက္၊ ျပည္ေတာ္သစ္အိမ္ရာႏွင့္ လမ္းသစ္ရိပ္သာစီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည္။ ဦးဝိစာရအိမ္ရာ၊ ဖဆပလအိမ္ရာ၊ ရန္ကင္း၁၂ လုံးတန္း၊ ေဝဠဳဝန္ရပ္ကြက္ႏွင့္ ႀကိဳ႕ကုန္း အိမ္ရာစသည့္ အစိုးရအငွားအိမ္ရာစီမံကိန္းသည္ ၁၉၅၂ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service