iMyanmarHouse.com ၏ ၂၀၂၀ ခုနှစ် ပထမ (၃) လပတ်အစီရင်ခံစာ နှင့် ကမ္ဘာ့ကပ်ရောဂါ Covid-19 အပြီး မြန်မာ့အိမ်ခြံမြေလောကအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု့များ ပေးနိုင်ရန် ပြင်ဆင်နေမှု့
iMyanmarHouse.com ၏ ၂၀၂၀ ခုနှစ် ပထမ (၃) လပတ်အစီရင်ခံစာ နှင့် ကမ္ဘာ့ကပ်ရောဂါ Covid-19 အပြီး မြန်မာ့အိမ်ခြံမြေလောကအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု့များ ပေးနိုင်ရန် ပြင်ဆင်နေမှု့ - Property News in Myanmar from iMyanmarHouse.com
21 May 2020 12:06 pm တွင် တင်ခဲ့သည်
2594 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com သည် ၂၀၂၀ ခုနှစ်၏ ပထမ (၃)လ အတွင်း အိမ်ခြံမြေအရောင်းပြပွဲကြီး (၂) ပွဲ နှင့် သီးသန့်အိမ်ခြံမြေအရောင်းပြပွဲပေါင်း (၂၆) ပွဲ တိတိကို ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။ ထိုအရောင်းပြပွဲများအတွင်း အိမ်ခြံမြေစုစုပေါင်း (၇၃၀) ကျော် ရောင်းချပေးနိုင်ခဲ့ရာ တန်ဖိုးငွေအားဖြင့် ကျပ်ငွေ (၂၇.၈) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ (၁၉)သန်းကျော်) တန်ဖိုးရှိကြောင်း သတင်းရရှိသည်။
အိမ်ခြံမြေအရောင်းပြပွဲကြီး (၂) ပွဲအနက် (၁)ပွဲမှာ စင်ကာပူနိုင်ငံတွင် သွားရောက်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျန် (၁) ပွဲမှာ AGD Bank နှင့် ပူးပေါင်း၍ ရန်ကုန်မြို့ရှိ Pullman Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ သီးသန့်အိမ်ခြံမြေအရောင်းပြပွဲပေါင်း (၂၆) ပွဲမှာ ဟိုတယ်များတွင်သော်လည်းကောင်း ၊ စီမံကိန်းများတည်ရှိရာ နေရာများတွင်သော်လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
" ယခုနှစ် ၂၀၂၀ ဟာ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ့်ဒေါ့ကွန်းအတွက် တာထွက်ကောင်းတဲ့ နှစ်ပါ။ ၂၀၁၉ နဲ့ ပထမ (၃)လပတ်ခြင်း ယှဉ်မယ်ဆိုရင် ရောင်းအားက (၆၀%) ကျော် တက်လာပါတယ်။ ပထမ (၃)လပတ်အပြီး ဧပရယ်လမှာ ကမ္ဘာ့ကပ်ရောဂါနဲ့ ကြုံခဲ့ရလို့ အရောင်းပြပွဲများ ရက်ရွေ့ဆိုင်းထားရပေမဲ့ ကျွန်တော်တို့ iMyanmarHouse.com ကတော့ အွန်လိုင်းကနေ အရောင်းအဝယ်ဆက်လုပ်လို့ ရအောင် ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။ အဓိကကတော့ iMyanmarHouse.com က မြန်မာ့အိမ်ခြံမြေလောကအတွက် ဘယ်လိုအခြေအနေမျိုးမှာမဆို အားထားရတဲ့ Platform အဖြစ် အမြဲရပ်တည်ပေးနေချင်တာပါ " ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။
Covid-19 ကြောင့် Lockdown ကာလများတွင် အွန်လိုင်းသုံးစွဲသူ ပိုမိုများပြားလာရာ iMyanmarHouse.com ဝဘ်ဆိုက်အား ဝင်ရောက်ကြည့်ရှု့နှုန်း စုစုပေါင်း (၅ သန်း) ကျော်ရှိခဲ့ပြီး၊ ပုံမှန်ထက် (၃၅%) ကျော်များပြားခဲ့သည့်အပြင် တချို့ရက်များတွင် ပုံမှန်ထက် ၂ ဆ နီးပါး လူဝင်ကြည့်နှုန်းများခဲ့ကြောင်း အွန်လိုင်းဒေတာအချက်အလက်များအရ သိရသည်။
" အခုလို ကပ်ရောဂါဖြစ်နေချိန်မှာ အိမ်ခြံမြေရောင်းသူ ၊ ဝယ်သူတွေ အဆင်ပြေအောင် ကျွန်တော်တို့ iMyanmarHouse.com မှ မြန်မာနိုင်ငံရဲ့ ပထမဆုံးအွန်လိုင်းအိမ်ခြံမြေ အရောင်းပြပွဲ ကို စတင်ကျင်းပနိုင်ခဲ့ပါတယ်။ အိမ်ခြံမြေ စိတ်ဝင်စားသူတွေအတွက် အပြင်ထွက်စရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တကူနဲ့ ကြည့်ရှုနိုင်၊ ဝယ်ယူနိုင်အောင်လို့ စီစဉ်ပေးခဲ့ပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းအပေါ် အများပြည်သူက ထားရှိတဲ့ ယုံကြည်ချက်ကြောင့် စတင်အရောင်းဖွင့်တဲ့ (၂) နာရီအတွင်း ဈေးဦးပေါက်ခဲ့ပြီး (၁) ပတ်အတွင်းမှာပဲ ပရိုမိုးရှင်းနဲ့ ရောင်းချပေးတဲ့ မြေကွက်တွေ ကုန်ခဲ့တာကြောင့် ပရိုမိုးရှင်း ထပ်မံပေးဖို့တောင် Developer နဲ့ ပြန်ညှိနှိုင်းခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ် " ဟု ကိုဗစ်ကာလအတွင်း အိမ်ခြံမြေလောကအတွက် ကြိုးစားလုပ်ကိုင်ခဲ့ရပုံကို ဦးနေမင်းသူမှ ပြောပြခဲ့သည်။
ကိုဗစ်အလွန်ကာလအတွက် ပြင်ဆင်နေမှုကိုလည်း အောက်ပါအတိုင်း ဆက်လက် ပြောကြားခဲ့သည်။ " ကိုဗစ်ရဲ့ ရိုက်ချက်ဟာ မြန်မာတင်မက ကမ္ဘာ့ စီးပွားရေးအပေါ် အတိုင်းအတာတစ်ခုအထိ ပြင်းထန်ခဲ့ပါတယ်။ မြန်မာနိုင်ငံစီပွားရေးလောကအနေနဲ့ ပုံမှန် အခြေအနေ ပြန်ရောက်ဖို့ လအနည်းငယ် အချိန်ယူရမယ်လို့ မှန်းထားပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ iMyanmarHouse.com ကတော့ အိမ်ခြံမြေကဏ္ဍ မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်တိုးတက်ကောင်းမွန်အောင် နည်းပညာပိုင်းရော ၊ ဝန်ဆောင်မှုပိုင်းမှာပါ ပိုအားထည့်ပြီး အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒီထက်ပိုမိုကောင်းမွန်ပြီး ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ အစဉ်တစိုက်ပေးနိုင်အောင် ကြိုးစားနေပါတယ် " ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
area-one-business-complex
mya-nandar
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service