ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တန္ဖိုးနည္းတိုက္ခန္းေပါင္း (၂၂၀၈) ခန္းကို အၿပီးအပိုင္ေရာင္းစနစ္ျဖင့္ ေရာင္းခ်ေပးျခင္းျဖစ္

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တန္ဖိုးနည္းတိုက္ခန္းေပါင္း (၂၂၀၈) ခန္းကို အၿပီးအပိုင္ေရာင္းစနစ္ျဖင့္ ေရာင္းခ်ေပးျခင္းျဖစ္ - Property News in Myanmar from iMyanmarHouse.com
30 Jan 2020 10:45 am တွင် တင်ခဲ့သည်
1029 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တန္ဖိုးနည္းတိုက္ခန္းေပါင္း (၂၂၀၈) ခန္းကို အၿပီးအပိုင္ေရာင္းစနစ္ျဖင့္ ေရာင္းခ်ေပးျခင္းျဖစ္ေၾကာင္း လၽွပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး၊ ေဒၚနီလာေက်ာ္က ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ (၁၁) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ဒသမေန႔တြင္ ဒဂုံၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂) ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်၏ ေမးျမန္းထားမႈကိုေျဖၾကားခဲ့ျခင္းျဖစ္သည္။

လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္ေဇယ်က ရန္ကုန္တိုင္းအတြင္းရွိ က်ဴးေက်ာ္အိမ္ရာေန ျပည္သူမ်ား ေနထိုင္ရန္အတြက္ ေဆာက္လုပ္ၿပီးစီးခဲ့သည့္ တိုက္ခန္းေပါင္း (၂၂၀၈) ခန္းႏွင့္ ေဆာင္လုပ္ဆဲတိုက္ခန္း(၈၀၀၀) အားမည္ကဲ့သို႔ ဆက္လက္စီမံေဆာင္ရြက္ထားသည္ကို သိရွိလိုပါေၾကာင္းေမးျမန္းခဲ့ျခင္းျဖစ္သည္။

လၽွပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး၊ ေဒၚနီလာေက်ာ္က “ရန္ကုန္တိုင္းေဒသႀကီးအတြင္း အိမ္ပိုင္မရွိေသးဘဲ အိမ္ငွားေနထိုင္ရသူမ်ားအတြက္ အိမ္ရာလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးနိုင္ရန္ တန္ဖိုးနည္းအိမ္ရာတိုက္ခန္းေပါင္း (၂၂၀၈) ခန္းကို ရန္ကုန္တိုင္း ေဒသႀကီး ျပည္သူ႔အိမ္ရာစီမံကိန္းမ်ားေရာင္းခ်ေရး ေကာ္မတီကစိစစ္ေရာင္းခ်ေပးခဲ့ပါေၾကာင္း၊ တန္ဖိုးနည္းအိမ္ရာမ်ားကို အၿပီးအပိုင္ေရာင္းစနစ္ျဖင့္ ေရာင္းခ်ေပးျခင္းျဖစ္ပါေၾကာင္း၊ ဝင္ေငြနည္းပါးေသာမိသားစုမ်ား ဝယ္ယူနိုင္စြမ္းရွိလာေအာင္ CHID Bank မွ အိမ္ဝယ္ ေခ်းေငြထုတ္ေခ်းေပးသည့္စနစ္ႏွင့္ ခ်ိတ္ဆက္ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ဘဏ္ေခ်းေငြအား (၁၅) ႏွစ္အရစ္က်ေပးဆပ္နိုင္ရန္စီစဥ္ထားရွိၿပီး၊ အတိုးႏႈန္းသက္သာမႈရွိေစရန္ဂ်ပန္နိုင္ငံအစိုးရ၏ ODA Loan ကိုဘဏ္မ်ားကေခ်းေငြရယူၿပီး တန္ဖိုးနည္းအိမ္ရာ ဝယ္ယူသူမ်ား ကို အတိုးႏႈန္း၈.၅ရာခိုင္ႏႈန္းျဖင့္ ျပန္လည္ ထုတ္ေခ်းေပးျခင္းကိုေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ ျပည္သူလူထုအတြက္ အိမ္ရာလိုအပ္ခ်က္မ်ားျပားသျဖင့္ ေဆာက္လုက္ေရးဝန္ႀကီးဌာနက ႏွစ္(၂၀) ႏွစ္ရွည္စီမံကိန္းေရးဆြဲၿပီး တစ္ႏွစ္လၽွင္တန္ဖိုးနည္း/တန္ဖိုးသင့္ အိမ္ရာ(၈၀၀၀)ယူနစ္ ေဆာက္လုပ္ေရာင္းခ်ေပးရန္ လ်ာထားေဆာင္ရြက္ခဲ့ပါေၾကာင္း၊ လ်ာထားခ်က္အတိုင္း ေဆာင္ ရြက္ရာတြင္ အိမ္ရာသစ္မ်ား တည္ေဆာက္ခ်ိန္ကာလမွာ (၂) ႏွစ္ခန္႔ၾကာျမင့္ပါေၾကာင္း၊ ႏွစ္စဥ္တည္ေဆာက္ၿပီးစီးသြားသည့္ တန္ဖိုးနည္း/ တန္ဖိုးသင့္တိုက္ခန္းမ်ားကို အတိုးႏႈန္းသက္သာမႈရွိေသာ JICA ODA Loan အစီအစဥ္ျဖင့္ CHID Bank သာမကအျခားပုဂၢလိက Bank မ်ားကလည္း ODA Loan ျဖင့္ အတိုးႏႈန္းသက္သာစြာ အိမ္ဝယ္ေခ်းေငြထုတ္ေခ်းေပးနိုင္ရန္ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း ေျဖၾကားသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တန်ဖိုးနည်းတိုက်ခန်းပေါင်း (၂၂၀၈) ခန်းကို အပြီးအပိုင်ရောင်းစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဒေါ်နီလာကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မေးမြန်းထားမှုကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်အိမ်ရာနေ ပြည်သူများ နေထိုင်ရန်အတွက် ဆောက်လုပ် ပြီးစီးခဲ့သည့် တိုက်ခန်းပေါင်း (၂၂၀၈) ခန်းနှင့် ဆောင်လုပ်ဆဲတိုက်ခန်း(၈၀၀၀) အား မည်ကဲ့သို့ ဆက်လက်စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဒေါ်နီလာကျော်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ပိုင်မရှိသေးဘဲ အိမ် ငှားနေထိုင်ရသူများအတွက် အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းပေါင်း (၂၂၀၈)ခန်းကို ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့အိမ်ရာစီမံကိန်းများရောင်းချရေး ကော်မတီကစိစစ်ရောင်းချပေးခဲ့ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာများကို အပြီးအပိုင်ရောင်းစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပါကြောင်း၊ ဝင်ငွေနည်းပါးသောမိသားစုများ ဝယ်ယူနိုင်စွမ်းရှိလာအောင် CHID Bank မှ အိမ်ဝယ် ချေးငွေထုတ်ချေးပေးသည့်စနစ်နှင့် ချိတ်ဆက်ရောင်းချ ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဘဏ်ချေးငွေအား (၁၅) နှစ်အရစ်ကျပေးဆပ်နိုင်ရန်စီစဉ်ထားရှိပြီး၊ အတိုးနှုန်းသက်သာမှုရှိစေရန်ဂျပန်နိုင်ငံအစိုးရ၏ ODA Loan ကိုဘဏ်များကချေးငွေရယူပြီး တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူများ ကို အတိုးနှုန်း၈.၅ရာခိုင်နှုန်းဖြင့် ပြန်လည် ထုတ်ချေးပေးခြင်းကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူလူထု အတွက် အိမ်ရာလိုအပ်ချက်များပြားသဖြင့် ဆောက်လုက်ရေးဝန်ကြီး ဌာနက နှစ်(၂၀) နှစ်ရှည်စီမံကိန်းရေးဆွဲပြီး တစ်နှစ်လျှင်တန်ဖိုး နည်း/တန်ဖိုးသင့် အိမ်ရာ(၈၀၀၀)ယူနစ် ဆောက်လုပ်ရောင်းချပေးရန် လျာထားဆောင်ရွက်ခဲ့ပါကြောင်း၊ လျာထားချက်အတိုင်း ဆောင် ရွက်ရာတွင် အိမ်ရာသစ်များ တည်ဆောက်ချိန်ကာလမှာ (၂)နှစ်ခန့်ကြာမြင့်ပါကြောင်း၊ နှစ်စဉ်တည်ဆောက်ပြီးစီးသွားသည့် တန်ဖိုးနည်း/ တန်ဖိုးသင့်တိုက်ခန်းများကို အတိုးနှုန်းသက်သာမှုရှိသော JICA ODA Loan အစီအစဉ်ဖြင့် CHID Bank သာမကအခြားပုဂ္ဂလိက Bank များ ကလည်း ODA Loan ဖြင့် အတိုးနှုန်းသက်သာစွာ အိမ်ဝယ်ချေးငွေထုတ်ချေးပေးနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
ဒလအိမ်ခြံမြေဈေးကွက် သုံးရေရရှိမှုပေါ်မူတည်နေ
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
မိုးရာသီမှာ မိုးစက်ပွင့်များ ကိုယ်ပေါ်မခအောင် ထီးသဖွယ် အုပ်မိုးပေးနိုင်တဲ့ မိုးမခပင်
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service