အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော အွန်လိုင်း အိမ်ခြံမြေလုပ်ငန်းစုဖြစ်သည့် PropertyGuru နှင့် iMyanmarHouse.com တို့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
4521 ကြိမ် ကြည့်ရှု့ ပြီး
အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော အွန်လိုင်း အိမ်ခြံမြေလုပ်ငန်းစုဖြစ်သည့် PropertyGuru နှင့် iMyanmarHouse.com တို့ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူလက်မှတ်ရေးထိုး
ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)
### Zawgyi Version ###
### Unicode Version ###
အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော အွန်လိုင်း အိမ်ခြံမြေလုပ်ငန်းစုဖြစ်သည့် PropertyGuru က တရားဝင် အွန်လိုင်းဝက်ဘ်ဆိုက် မိတ်ဘက်အဖြစ် မြန်မာနိုင်ငံ၏ နံပါတ် (၁) အိမ်ခြံမြေဝက်ဘ်ဆိုက်ကြီးဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံအခြေစိုက် PropertyGuru သည် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အစရှိသည့် အရှေ့တောင်အာရှဒေသအတွင်း အွန်လိုင်း အိမ်ခြံမြေလုပ်ငန်းများနှင့် အိမ်ခြံမြေဆုပေးပွဲများကို ကမကထပြုလုပ်ကျင်းပပေးနေသည့် အာရှထိပ်သီး ဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ၏ နံပါတ် (၁) အိမ်ခြံမြေဝက်ဘ်ဆိုက်ဖြစ်သော iMyanmarHouse.com နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းလာခြင်းအားဖြင့် အရှေ့တောင်အာရှ၏ အရေးပါအရာရောက်သော ရှေ့တန်းဈေးကွက်များမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် အခိုင်အမာ နေရာယူရန် ကြိုးပမ်းလာပြီ ဖြစ်သည်။
အာရှတိုက်တွင် အကြီးမားဆုံးနှင့် သြဇာအရှိဆုံး အိမ်ခြံမြေဆုပေးပွဲများ ကျင်းပနေသည့် ကုမ္ပဏီကြီးက အိုင်မြန်မာဟောက်စ် ဒေါ့ကွန်းကို ၂၀၁၉ ခုနှစ် မြန်မာ့အိမ်ခြံမြေဆုပေးပွဲကြီးဖြစ်သော 2019 PropertyGuru Myanmar Property Awards အတွက် တရားဝင် ဝက်ဘ်ပေါ်တယ် မိတ်ဖက်အဖြစ် လက်တွဲလိုက်ကြောင်းလည်း သိရသည်။
PropertyGuru က ကျင်းပမည့် ပဉ္စမအကြိမ်မြောက် မြန်မာ့အိမ်ခြံမြေဆုပေးပွဲကို ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်၌ ကျင်းပသွားရန် စီစဉ်ထားသည်။
လစဉ်ဝင်ရောက်အသုံးပြုသူပေါင်း ၃.၈ သန်းကျော်ရှိသည့် iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးသည် မြန်မာ့အိမ်ခြံမြေလောကရှိ စံနမူနာပြု ချီးမွမ်းဖွယ်ရာ အိမ်ခြံမြေ Developer များနှင့် ဆောက်လုပ်ရေးစီမံကိန်းများအတွက် ဈေးကွက်ပိုမိုထိုးဖောက်နိုင်စေရန် စွမ်းဆောင်မှုများ ပေးနိုင်မည် ဖြစ်သည်။
“PropertyGuru မြန်မာ့အိမ်ခြံမြေဆု” ရရှိသူများကို iMyanmarHouse.com တွင် အထူးကဏ္ဍတစ်ရပ်အနေဖြင့် ဖော်ပြပေးထားမည်ဖြစ်ရာ အိမ်ခြံမြေရှာဖွေသူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် တန်ဖိုးမဖြတ်နိုင်သော ကိုးကားစရာတစ်ခု ဖြစ်လာစေမည် ဖြစ်သည်။ PropertyGuru ၏ ဆုရရှိသော ဆောက်လုပ်ရေးစီမံကိန်းများကိုလည်း iMyanmarHouse.com ၏ အထူးကြော်ငြာကဏ္ဍများတွင် အခမဲ့ ထည့်သွင်းကြော်ငြာနိုင်ရန် အခွင့်အရေးများ ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“iMyanmarHouse.com နဲ့ မိတ်ဖက်အဖြစ် ဒီနှစ်မှာ ပိုမိုနက်ရှိုင်းစွာ လက်တွဲခွင့်ရတဲ့အပေါ် ကျွန်တော်တို့ များစွာဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ တရားဝင် မိတ်ဖက်အဖြစ်နဲ့ iMyanmarHouse.com ဟာ မြန်မာနိုင်ငံရဲ့ဈေးကွက်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်အောင် ကူညီပေးမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက အကောင်းဆုံး စီမံကိန်းတွေနဲ့ ကုမ္ပဏီတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပြသခွင့်ရအောင် ကျွန်တော်တို့ကို ကူညီသွားမှာ ဖြစ်ပါတယ်။ We are delighted to take our partnership with iMyanmarHouse.com to the next level this year. As our official portal partner, iMyanmarHouse.com gives us a deeper understanding of the local market, allowing us to showcase the country’s most deserving developments and companies in the domestic and international stage” ဟု PropertyGuru ၏ Asia Property Awards ဒါရိုက်တာ မစ္စတာဂျူးစ်ကေ (Mr. Jules Kay) က ပြောကြားသည်။
iMyanmarHouse.com မှ စင်္ကာပူနိုင်ငံတွင် ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးများတွင်လည်း PropertyGuru မှ ပါဝင်ကာ ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
အာရှ၏ အယုံကြည်ရဆုံး အွန်လိုင်း အိမ်ခြံမြေ ရောင်းဝယ်ရေး ပလက်ဖောင်း (Asia’s Most Trusted Online Property Platform) ဟူသော ဂုဏ်ကို ထိန်းသိမ်းထားသော PropertyGuru က မိတ်ဖက်အဖြစ် လက်တွဲပါဝင်လာမည့် iMyanmarHouse.com ၏ စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် အိမ်ခြံမြေ ပြပွဲကြီးများအတွက် စင်္ကာပူအခြေစိုက် မြန်မာဝယ်လက်များနှင့် စင်္ကာပူနိုင်ငံသားများ အတွက် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ရာ တန်ဖိုးမဖြတ်နိုင်သော အခွင့်အလမ်းများ ရရှိစေမည် ဖြစ်သည်။
“PropertyGuru နဲ့ အပြန်အလှန် အကျိုးရှိစေမယ့် မိတ်ဖက်အဖြစ် လက်တွဲခွင့်ရတဲ့အပေါ် ကျွန်တော်တို့ များစွာ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး ဖွံ့ဖြိုးလာတာနဲ့အမျှ အရည်အသွေး မြင့်မားတဲ့ အိမ်ခြံမြေ စီမံကိန်းတွေလည်း ပိုမိုများပြားလာနေပါတယ်။ အရှေ့တောင်အာရှရဲ့ သြဇာအရှိဆုံး အိမ်ခြံမြေဆုနဲ့ အသိအမှတ်ပြုခံရခြင်းဟာ ဒီစီမံကိန်းတွေအတွက် ဈေးကွက်ထိုးဖောက်မှု ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ဒီလို မိတ်ဖက်အဖြစ် လက်တွဲမှုနဲ့အတူ ကျွန်တော်တို့ရဲ့ Customer တွေဖြစ်တဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်မှာဖြစ်တဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်။ We are excited for this mutually beneficial partnership with PropertyGuru. As the market develops further in Myanmar, there have been more and more quality property development projects. It will be a boost and a strong visibility for them to be recognized by the region’s most prestigious property awards. With this partnership, we are extremely delighted to be adding exceptional value to our customers” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောကြားသည်။
“ဒီလိုအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ မြန်မာနိုင်ငံအိမ်ခြံမြေလောက ဖွံ့ဖြိုးတိုးတက်ဖို့တွက် တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်ပက ဝင်ရောက်လာမဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ထိထိရောက်ရောက် ချိတ်ဆက်ပေးနိုင်မယ်။ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ပတ်သတ်လာရင် အဆင့်မြင့်စီမံကိန်းတွေနဲ့ နိုင်ငံတကာအဆင့်မှီ ဝန်ဆောင်မှုတွေကို အများပြည်သူတွေအတွက် ယူဆောင်လာနိုင်မှာဖြစ်ပါတယ်” ဟု ဦးနေမင်းသူက ဖြည့်စွက်ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
“Expendables,” “Transporter” နှင့် “Fast & Furious” ဇာတ်ကားများ၏ သရုပ်ဆောင် ဂျေဆင် စတာသမ်နှင့် ချစ်သူတို့က လော့စ်အိန်ဂျလိအိမ်ကို ရောင်းချလိုက်ပြီ...
“Expendables,” “Transporter” နှင့် “Fast & Furious” ဇာတ်ကားများ၏ သရုပ်ဆောင် ဂျေဆင် စတာသမ်နှင့် ချစ်သူတို့က လော့စ်အိန်ဂျလိအိမ်ကို ရောင်းချလိုက်ပြီ...
မေ့မေတ္တာ အိမ်ရာစီမံကိန်းပြီးစီးတော့မည်ဖြစ်ရာ စမတ်ကတ်ရရှိထားသူများ ဧပြီလအတွင်းနေထိုင်ခွင့်ရရန်လျာထား...
မေ့မေတ္တာ အိမ်ရာစီမံကိန်းပြီးစီးတော့မည်ဖြစ်ရာ စမတ်ကတ်ရရှိထားသူများ ဧပြီလအတွင်းနေထိုင်ခွင့်ရရန်လျာထား...
ကမ္ဘာကျော် အမေရိကန်ဘောလုံးသမား လန်ဒန် ဒိုနိုဗန်က နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ စံအိမ်ကို အရောင်းဈေးကွက်တင်...
ကမ္ဘာကျော် အမေရိကန်ဘောလုံးသမား လန်ဒန် ဒိုနိုဗန်က နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ စံအိမ်ကို အရောင်းဈေးကွက်တင်...
ဒလဈေးနေရာအဖြစ်ကောင်အထည်ဖော်မည့် သိမ်းဆည်းခံလယ်ယာမြေအတွက် မြေယာလျော်ကြေးပေးအပ်
ဒလဈေးနေရာအဖြစ်ကောင်အထည်ဖော်မည့် သိမ်းဆည်းခံလယ်ယာမြေအတွက် မြေယာလျော်ကြေးပေးအပ်
နိုင်ငံအသီးသီးက Help Desk တွေ ပါဝင်မယ့် ကုန်သွယ်မှုဗဟိုဌာန ဖွင့်တော့မယ်
နိုင်ငံအသီးသီးက Help Desk တွေ ပါဝင်မယ့် ကုန်သွယ်မှုဗဟိုဌာန ဖွင့်တော့မယ်
အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နှင့် ဇနီးဖြစ်သူ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီးတို့၏ လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၆ ဒ သမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နှင့် ဇနီးဖြစ်သူ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီးတို့၏ လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၆ ဒ သမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဂျပန်အစိုးရက မြို့ပြဖွံဖြိုးရေးစီမံကိန်း (၄) ခုအတွက် ဒေါ်လာ ၁ ဘီလီယံကျော်ချေးငွေပေး
ဂျပန်အစိုးရက မြို့ပြဖွံဖြိုးရေးစီမံကိန်း (၄) ခုအတွက် ဒေါ်လာ ၁ ဘီလီယံကျော်ချေးငွေပေး
ဂျပန်ရင်းနှီးမြှုပ်နှံသူများအား ဖိလစ်ပိုင်တန်ဖိုးသင့်အိမ်ခြံမြေဈေးကွက် ဆွဲဆောင်
ဂျပန်ရင်းနှီးမြှုပ်နှံသူများအား ဖိလစ်ပိုင်တန်ဖိုးသင့်အိမ်ခြံမြေဈေးကွက် ဆွဲဆောင်
Business Visa အတွက် ကုန်သွယ်ရေးဌာန ထောက်ခံချက် အွန်လိုင်းကယူနိုင်တော့မယ်
Business Visa အတွက် ကုန်သွယ်ရေးဌာန ထောက်ခံချက် အွန်လိုင်းကယူနိုင်တော့မယ်
အလုံသဘာဝဓာတ်ငွေ့လျှပ်စစ်စက်ရုံသစ်က မတ်လကစပြီး ဓာတ်အားပေးနိုင်ပြီ
အလုံသဘာဝဓာတ်ငွေ့လျှပ်စစ်စက်ရုံသစ်က မတ်လကစပြီး ဓာတ်အားပေးနိုင်ပြီ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)