ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်စ်က ကွတ်ကီ မာရိုနေးနှင့် စေ့စပ်ပြီးနောက် မန်ဟက်တန်တွင် တိုက်ခန်းလိုက်လံရှာဖွေလျက်ရှိ

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်စ်က ကွတ်ကီ မာရိုနေးနှင့် စေ့စပ်ပြီးနောက် မန်ဟက်တန်တွင် တိုက်ခန်းလိုက်လံရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
20 May 2019 11:28 am တွင် တင်ခဲ့သည်
943 ကြိမ် ကြည့်ရှု့ပြီး

ဂျနီဖာလောရင့်စ်သည် ပန်းချီပြခန်းပိုင်ရှင် ကွတ်ကီ မာရိုနေးနှင့် စေ့စပ်ခဲ့ရာတွင် နယူးယောက်မြို့ ၊ ဘရွတ်ကလင်းရှိ နာမည်ကျော် River Café တွင် ပါတီပွဲ ကျင်းပခဲ့ပြီးနောက် ယခုအခါ မန်ဟက်တန်အရပ်တွင် လူနေခန်း လိုက်လံရှာဖွေလျက်ရှိသည်။

ဂျနီဖာလောရင့်စ်သည် ၂၀၁၂ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Silver Linings Playbook အချစ်ဟာသဇာတ်မြူးဖြင့် အကောင်းဆုံးဇာတ်ဆောင် အော်စကာဆုရရှိခဲ့သူ ဖြစ်သည်။

ဂျနီဖာလောရင့်စ်သည် ကမ္ဘာကျော်ကြယ်ပွင့်များစုဝေးရာ ထရိုင်ဘက်ကာအရပ်၊ အမှတ် ၄၄၃ ဂရင်းဝစ်ခ်ျလမ်းတွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသော်လည်း အဆိုပါနေအိမ်ကို အငှားချထားထားခြင်းဖြစ်သည်။

အနောက် ၁၂ လမ်း၊ အမှတ် ၃၉၇ တွင် တည်ရှိသော ကန်ဒေါ်လာ ၁၃ ဒသမ ၉၉ သန်းတန် လူနေခန်းကိုလည်း စုံစမ်းနေသည်ဟု ဆိုသည်။

West Village ရှိ အဆိုပါ duplex ခန်းသည် ဗိသုကာပညာရှင် ကာရီ တာမာကင်က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးထားသော အဆောက်အအုံတွင်တည်ရှိသည်။

အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်း ပါဝင်ပြီး အကျယ်အဝန်းအားဖြင့် ၆၁၆၆ စတုရန်းပေ ရှိသည်။

သော့စနစ်ပါဝင်သော ဓာတ်လှေကားမှ တက်လျှင် အဝင်ခန်းမှသို့ ရောက်ရှိမည်ဖြစ်ပြီး နေအိမ်အတွင်း စာကြည့်တိုက်၊ ကြီးမားသော ညစာစားခန်း၊ မြင့်မားသော မျက်နှာကြက်များရှိသည့် ဧည့်ခန်းနှင့် စတီးဘောင် ပြတင်းများ တွေ့ရမည် ဖြစ်သည်။

မီးဖိုဆောင်မှာ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် ကျယ်ဝန်းသော မီးဖိုဆောင်ဖြစ်ကာ ဧည့်ခန်းနှင့် တွဲလျက်တ်ွင လသာဆောင် ၂ ခု ပါဝင်သည်။

အပေါ်ထပ်တွင် သီးသန့်ခန်း ၁ ခန်းနှင့် master bedroom တို့ တည်ရှိသည်။

အဆိုပါ အခန်းကို ဈေးကွက်တင်ပေးထားသည့် အိမ်ခြံမြေအကျိုးဆောင် လီယိုနတ် စတိန်းဘာ့ဂ်ျကမူ မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service