ဘီယွန်းစေး၏ ကလေးဘဝနေအိမ်မှာ တစ်ပတ်တာအတွင်း အိမ်ခြံမြေဈေးကွက်၌ ရေပန်းအစားဆုံးနေအိမ်ဖြစ်လျက်ရှိ

ဘီယွန်းစေး၏ ကလေးဘဝနေအိမ်မှာ တစ်ပတ်တာအတွင်း အိမ်ခြံမြေဈေးကွက်၌ ရေပန်းအစားဆုံးနေအိမ်ဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
16 Jan 2019 12:34 pm တွင် တင်ခဲ့သည်
868 ကြိမ် ကြည့်ရှု့ပြီး

ယခု ရက်သတ္တပတ်တာကာလအတွင်း ကမ္ဘာကျော်တေးသံရှင် ဘီယွန်းစေး၏ ကလေးဘဝနေအိမ်မှာ အိမ်ခြံမြေဈေးကွက်တွင် ရေပန်းအစားဆုံးနေအိမ်ဖြစ်လျက်ရှိနေသည်။

အဆိုတော်၊ တေးရေး၊ ရုပ်ရှင်သရုပ်ဆောင်၊ တေးထုတ်လုပ်သူ၊ အကသမားတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသူ ဘီယွန်းစေးသည် ငယ်စဉ်ဘဝကာလများကို တက္ကဆပ်ပြည်နယ်၊ ဟတ်စတန်မြို့ရှိ နေအိမ်ကလေးတွင် နေထိုင်ကြီးပြင်းခဲ့သည်။

တစ်ပတ်တာအတွင်း ရေပန်းအစားဆုံးအဖြစ် ဒုတိယနေရာတွင် ရပ်တည်နေသည်မှာ အော်ရီဂွန်ပြည်နယ်ရှိ သာယာလှပသော ရေကန်ကြီးတစ်ခုဘေးတွင် တည်ရှိကာ ၁၉၂၀ ပြည့်လွန်ကာလများက ကျော်ကြားခဲ့သည့် ဗိသုကာဟန်မျိုးဖြင့် ဆောက်လုပ်ခဲ့သည့် နေအိမ်တစ်လုံးဖြစ်သည်။

တတိယနေရာတွင် ရပ်တည်နေသည့် နေအိမ်သည်ကား ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေသည် ပရစ်စီလာနှင့်အတူ ပျားရည်ဆမ်းခရီးထွက်ခဲ့ဖူးသော နေအိမ်ဖြစ်သည်။

ယခုရက်သတ္တပတ်အတွင်း အကျော်ကြားဆုံးဖြစ်နေသည့် နေအိမ်များမှ ထိပ်ဆုံး နေအိမ် ၃ လုံးကို ရွေးချယ်ဖော်ပြအပ်ပါသည်။

၁။ တက္ကဆပ်ပြည်နယ်၊ ဟတ်စတန်မြို့၊ ရို့စ်ဒေးလ်လမ်း၊ အမှတ် ၂၄၁၄ ဈေးနှုန်း- ကန်ဒေါ်လာ ၅၀၀၀၀၀

ကျော်ကြားမှုအကြောင်းရင်း- မီဂါစတား ဘီယွန်းစေး၏ ကလေးဘဝနေအိမ်ဖြစ်နေခြင်း

၁၉၄၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အိပ်ခန်း ၃ ခန်းပါဝင်ကာ သစ်မာသား ကြမ်းခင်းများမှာ မူရင်းလက်ရာများဖြစ်သည်။

မီးဖိုဆောင်ကို နှမ်းဖတ်ကျောက် စားပွဲမျက်နှာပြင်များ၊ စတီးအသုံးအဆောင်ပစ္စည်းများဖြင့် အဆင့်မြှင့်တင်ထားပြီး ကျယ်ဝန်းသော ဧည့်ခန်းတွင် မီးလင်းဖိုပါဝင်ကာ မီဒီယာခန်းမတစ်ခုလည်း ပါဝင်သည်။

master bedroom တွင် ကုတင်ဖရိန်ပေါ်တွင် မွေ့ယာထားသိုသည့် platform bed ဟုခေါ်သော အိပ်ယာတစ်ခု ထည့်သွင်းပေး ထားသည်။

ယခုနေအိမ်ကို လူစိတ်ဝင်စားမှု များပြားရသည့် အကြောင်းရင်းကား ဘီယွန်းစေး၏ ငယ်ဘဝနေအိမ်ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ဈေးကွက်တင်ခဲ့သည့် အိမ်ခြံမြေအကျိုးဆောင် ဘရက်ဒ် အပ်ရှော၏ ပြောကြားချက်အရ အဆိုပါနေအိမ်ကို ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလတွင် Knowles မိသားစုက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်က ဘီယွန်းစေးမှာ ၅ လသမီးအရွယ်သာရှိသေးကြောင်း ၊ ဝယ်ယူပြီးနောက်ပိုင်း ဘီယွန်စေး ၅ နှစ်သမီးအရွယ်ရောက်သည်အထိ အဆိုပါနေအိမ်တွင် နေထိုင်ခဲ့ကြကြောင်း ပြောကြားသည်။

၂။ အော်ရီဂွန်ပြည်နယ်၊ ဂိတ်စ်မြို့၊ Dogwood Dr လမ်း၊ အမှတ် ၂၃၁ ဈေးနှုန်း- ကန်ဒေါ်လာ ၃၅၉၀၀၀

ကျော်ကြားမှုအကြောင်းရင်း- ၁၉၂၀ ပြည့်လွန်ကာလများက ကျော်ကြားခဲ့သည့် ပုံပြင်ဆန်ဆန်နေအိမ်မျိုး ဆောက်လုပ်ကြသည့် ဗိသုကာဟန်ကြောင့်ဖြစ်သည် နေအိမ်တွင် အိပ်ခန်း ၂ ခန်းပါဝင်ပြီး တောအုပ်အတွင်း ဆောက်လုပ်ထားကာ ခမ်းနားလှသော နော့သ် ဆန်တီယမ်မြစ်ကြီးကို စီးမိုးတွေ့မြင်နေရသည့်နေရာတွင် တည်ရှိသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဧည့်ခန်းတွင် ကျောက်တုံးမီးလင်းဖိုပါဝင်ကာ နှစ်ထပ်နေအိမ်ဖြစ်ကာ ထင်းရှူးသားကြမ်းခင်း ခင်းကျင်းထားသည်။

၃။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ ဆိုနိုရန် သဲကန္တာရအတွင်းရှိ ပမ်စပရင်းစ်မြို့၊ Ladera Cir လမ်း၊ အမှတ် ၁၃၅၀ ဈေးနှုန်း- ကန်ဒေါ်လာ ၂၉၇၅၀၀၀

ကျော်ကြားမှု အကြောင်းရင်း- အဲလ်ဗစ်ပရက်စလေနှင့် ပရစ်စီလာတို့၏ ပျားရည်ဆမ်းကာလနေအိမ်ဖြစ်ခဲ့ခြင်း၁၉၆၀ ပြည့်လွန်ကာလများက အဆိုပါနေအိမ်ကြီးကို “မနက်ဖြန်၏နေအိမ်”ဟု ခေါ်ဆိုခဲ့ကြသည်။ ၂၀၁၄ ခုနှစ်ကတည်းက ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ခဲ့ပြီး အွန်လိုင်းတွင် စိတ်ဝင်စားသူ အလွန်များပြားခဲ့သော်လည်း ယနေ့တိုင် ဝယ်လက်မပေါ်ပေါက်သေးချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service