နာမည်ကျော် ဟောင်ကောင်အိမ်ခြံမြေ developer ကြီး၏ သားနှစ်ဦး ကန်ဒေါ်လာ ၃ ဘီလီယံခန့် အမွေရ

နာမည်ကျော် ဟောင်ကောင်အိမ်ခြံမြေ developer ကြီး၏ သားနှစ်ဦး ကန်ဒေါ်လာ ၃ ဘီလီယံခန့် အမွေရ - Property News in Myanmar from iMyanmarHouse.com
11 Dec 2018 11:41 am တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်အခြေစိုက် နာမည်ကျော် အိမ်ခြံမြေ developer ဖြစ်သော Sun Hung Kai Properties Ltd ပိုင်ရှင်သူဌေးကြီး ဝေါလ်တာ ကွာ့ခ်၏ သား ၂ ဦးသည် ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံခန့် အမွေရရှိသွားကြသည်။

ဝေါလ်တာ ကွာ့ခ်၏ သား ၂ ဦးဖြစ်သော ဂျော့ဖရီကွာ့ခ်နှင့် ဂျိုနသန်ကွာ့ခ်တို့သည် ရှယ်ယာပေါင်း ၂၁၁ သန်း အမွေရခဲ့ခြင်းဖြစ်ပြီး တစ်ဦးချင်းရရှိခဲ့သည့် အသေးစိတ်ပမာဏကိုမူ မသိရှိရသေးချေ။

Sun Hung Kai သည် ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်ပြီး ဈေးကွက်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၁ ဘီလီယံဖိုးခန့် ရှိသည်။

ဝေါလ်တာကွာ့ခ်ကို တရုတ်ပြည်တွင် ပင်ရွှမ်ဟု ခေါ်ဆိုကြပြီး ပြီးခဲ့သော အောက်တိုဘာလအတွင်း နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်သာ ရှိသေးသည်။

ဝေါလ်တာကွာ့ခ်သည်၁၉၉၇ ခုနှစ်အတွင်း ဟောင်ကောင်လူဆိုးဂိုဏ်းခေါင်ဆောင် “Big Spender” ၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရဖူးသည်။

“Big Spender” သည် ကမ္ဘာကျော်ဟောင်ကောင်သူဌေးကြီး လီကာရှင်း၏သားကိုလည်း ပြန်ပေးဆွဲခဲ့ဖူးသည်။

ဂျော့ဖရီကွာ့ခ်သည် စတန်းဖို့ဒ်တက္ကသိုလ်တွင် မဟာဘွဲ့ရရှိခဲ့ပြီး ဂျိုနသန်မှာမူ နယူးယောက်တွင် ပညာဆည်းပူးခဲ့သူဖြစ်သည်။

၎င်းတို့၏ ဖခင်ဝေါလ်တာကွာ့ခ်သည် ကုန်စည်လက်ကားရောင်းချသူ ကွာ့ခ်တိတ်စန်၏ သား ၃ ဦးရှိသည့်အနက် အကြီးဆုံးသား ဖြစ်သည်။

ကွာ့ခ်တိတ်စန်သည် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်ပိုင်း တရုတ်ပြည်၊ ကွမ်တုံမှ ဟောင်ကောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် ကွာ့ခ်တိတ်စန်သည် ဖုန်ကင်ဟေး၊ လီရှောက်ကီတို့နှင့်အတူ Sun Hung Kai Properties ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဈေးကွက်တန်ဖိုးအရ ကမ္ဘာ့အကြီးမားဆုံး အိမ်ခြံမြေ DEVELOPER များတွင် အပါအဝင်ဖြစ်လာသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်

ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်

စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ

ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး

ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service