ဂျပန်နိုင်ငံ၊ တိုကျိုရှိ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ မကြာသေးမီကာလများ၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသို့ စံချိန်တင် ထိုးတက်

ဂျပန်နိုင်ငံ၊ တိုကျိုရှိ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ မကြာသေးမီကာလများ၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသို့ စံချိန်တင် ထိုးတက် - Property News in Myanmar from iMyanmarHouse.com
21 Sep 2018 11:19 am တွင် တင်ခဲ့သည်
1187 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ရှိ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ မကြာသေးမီကာလများ၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသို့ စံချိန်တင် ထိုးတက်လျက်ရှိကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံနှင့် အိမ်ခြံမြေအထွေထွေဝန်ဆောင်မှုကုမ္ပဏီ REINS မှ ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သော သြဂုတ်လအတွင်း တိုကျိုမြို့လယ်တွင် လူနေပြီးနေအိမ်ပေါင်း ၂၃၀၃ အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြီးခဲ့သော ၂၀၁၇ ခုနှစ်ကထက် ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ ယန်းငွေ ၃၃၁၈၀၀၀၀ ဖြစ်ရာ ယခင် ၂၀၁၇ ခုနှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

တစ်စတုရန်းပေ ပျှမ်းမျှပေါက်ဈေးမှာ ယန်းငွေ ၅၂၁၀၀၀ ဖြစ်ရာ ပြီးခဲ့သောနှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာသည်။

ယခု စက်တင်ဘာလဆိုလျှင် တိုကျိုတွင် အိမ်ခြံမြေဈေးများ မြင့်တက်နေသည်မှာ ၆၈ လမြောက် ရှိခဲ့ပြီ ဖြစ်သည်။

တိုကျိုရှိ မြို့နယ်များအတွင်း လူနေပြီး လူနေခန်းပေါင်း ၁၁၈၆ အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြီးခဲ့သောနှစ် သြဂုတ်လထက် ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်မားသည်။

တိုကျိုရှိ ရပ်ကွက်ပေါင်း ၂၃ ခုတွင် ပျှမ်းမျှအိမ်ခြံမြေပေါက်ဈေးမှာ တစ်စတုရန်းမီတာလျှင် ယန်းငွေ ၇၆၄၀၀၀ ဖြစ်ပြီး ယခင်နှစ်ထက် ၂ ရာခိုင်နှုန်း မြင့်တက်လာသည်။

တိုကျို၏ အချက်အခြာကျသော ချီယိုဒါ၊ ချူယိုနှင့် မီနာတို ရပ်ကွက်တို့တွင် ရောင်းချခဲ့သည့် အိမ်ခြံမြေတို့၏ ပျှမ်းမျှပေါက်ဈေးမှာ ယန်းငွေ ၆၆၇၉၀၀၀၀ ဖြစ်ပြီး ပြီးခဲ့သောနှစ်ကထက် ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။

အဆိုပါရပ်ကွက်တို့၏ တစ်စတုရန်းမီတာ ပေါက်ဈေးမျာ ယန်းငွေ ၁၁၉၃၇၀၀ ဖြစ်ကာ ၂၀၁၇ ခုနှစ်ကထက် ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်

ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ

ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်

အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်

ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်

စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service