ထိုင်း၊ ကိုရီးယား ကုမ္ပဏီများနှင့် တိုင်းဒေသကြီးအစိုးရ၏ စက်မှုဇုန်စီမံကိန်းများ

ထိုင်း၊ ကိုရီးယား ကုမ္ပဏီများနှင့် တိုင်းဒေသကြီးအစိုးရ၏ စက်မှုဇုန်စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
15 Aug 2018 11:20 am တွင် တင်ခဲ့သည်
1443 ကြိမ် ကြည့်ရှု့ပြီး
သြဂုတ်လဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ကိုရီးယားနှင့်ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူနှင့် စက်မှုနယ်မြေဖော်ဆောင်သူ ကုမ္ပဏီကြီးနှစ်ခုတို့ဖြင့် တွေ့ဆုံပြီး စက်မှုနယ်မြေအသစ်များဖော်ထုတ်ရန်အတွက် ကြိုးပမ်းအားထုတ်နေသည်ကို တွေ့ရသည်။

သြဂုတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ Myanmar Wooree ကုမ္ပဏီတို့အကြား စက်မှုဖွံ့ဖြိုးမှုနယ်မြေတည်ဆောက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့သည်။ အဆိုပါစီမံကိန်းသည် တိုင်းဒေသကြီးအစိုးရမှ နောက်ဆုံးဖော်ထုတ်လာသော စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သည့် စီမံကိန်းအသစ်တစ်ခုဖြစ်လာသည်။ ယခုစီမံကိန်းမတိုင်မီတွင် တိုင်းဒေသကြီးအစိုးရသည် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက်ရည်ရွယ်သည့် စီမံကိန်းများဖြစ်သော Smart & Eco City ဟူသည့် စက်မှုဇုန်မြို့တော်စီမံကိန်းနှင့် စည်ပင်သာယာနယ်နိမိတ်ပြင်ပ (၁၁) မြို့နယ်ရှိ စက်မှုဇုန် (၁၁) ဇုန် စီမံကိန်းတို့ကိုလည်း လွှတ်တော်သို့ အဆိုပြုထားသည်။

တိုင်းဒေသကြီးအစိုးရနှင့် ကိုးရီးယားနိုင်ငံမှ Myanmar Wooree ကုမ္ပဏီတို့ ဖော်ဆောင်ရန်ရည်ရွယ်သော စက်မှုဖွံ့ဖြိုးမှုနယ်မြေသည် ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင်တည်ရှိပြီး မြန်မာ-ကိုးရီးယား ချစ်ကြည်ရေးတံတားဖြစ်သော ဒလဘက်ခြမ်း တံတားအဆင်းဧရိယာတွင်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

'' MoU(နားလည်မှုစာချွန်လွာ) အဆင့်မှာတော့ Feasibility Study (စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း) သွားလုပ်ကြမယ်။ ဒီအဆင့်မှာ လုပ်နိုင်တဲ့ မြေဧရိယာတွေ ထွက်လာမယ်။ လေ့လာဆန်းစစ်မှုတွေပြီးရင် ရင်းနှီးမြှုပ်နှံမှုပုံစံတွေကို အစိုးရနဲ့ ညှိနှိုင်းတာတွေလုပ်မယ်''ဟု ဦးမြင့်သောင်းက ပြောသည်။

စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အကြိုလေ့လာခြင်း ဆောင်ရွက်ပြီးနောက်တွင် လုပ်ငန်းဖော်ဆောင်မည့် အစီအစဉ်များကို ညှိနှိုင်း၍ စီမံကိန်းဆိုင်ရာမူဘောင်သဘောတူညီချက်စာချုပ် (Framework Agreement) ချုပ်ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်း စသည့်အဆင့်များကို တစ်ဆင့်ချင်းဆောင်ရွက်မည်ဟု ဦးမြင့်သောင်းက ပြောသည်။

မြန်မာ-ကိုးရီးယား ချစ်ကြည်ရေးတံတားဖြစ်သော ဒလတံတားကို ၂ဝ၂ဝ-၂၁ ခုနှစ်တွင် စတင်သွားလာနိုင်ရန် ရည်ရွယ်ကာ ဆောင်ရွက်နေပြီဖြစ်ပြီး တံတားတည်ဆောက်လိုက်ပါက ယခုဆောင်ရွက်မည့် စက်မှုဇုန် ဧရိယာသည် အလွန်ကောင်းမွန်သော နေရာတစ်ခုဖြစ်လာမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

Wooree ကုမ္ပဏီသည် ကိုရီးယားနိုင်ငံမှ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် Myanmar Wooree အမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ထားသည်။

၎င်းကုမ္ပဏီသည် စက်မှုနယ်မြေတွင် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ အဓိကတင်ပို့မည်ဟု တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

''လောလောဆယ် MoU အဆင့်ပဲ ရှိသေးတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က ဘာမှပြောစရာ မရှိသေးဘူး။ လွှတ်တော်ကို တင်ပြလာတဲ့ အချိန်ကျရင်တော့ ဒါကိုစိစစ်မယ်၊ ဖြစ်သင့်၊ မဖြစ်သင့်ကို စဉ်းစားပြီးတော့ဆုံးဖြတ်ချက်ချကြမယ်''ဟု ဒလမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထွန်းရင်က ပြောသည်။

ထို့ပြင် သြဂုတ် ၇ ရက်တွင် တိုင်းဒေသကြီးအစိုးရသည် ထိုင်းနိုင်ငံအခြေစိုက် Amata Corporation PCL နှင့်တွေ့ဆုံခဲ့ပြီး Yangon Amata Smart and Eco City စက်မှုဇုန်မြို့တော်စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် Amata Corporation PCL မှ တာဝန်ရှိသူများသည် Yangon Amata Smart & Eco City နှင့်ပတ်သက်၍ စီမံကိန်းပထမအဆင့်အနေဖြင့် ဆောင်ရွက်ရန် လျာထားသည့် အစီအစဉ်များနှင့် စီမံကိန်းအတွင်း တည်ဆောက်မည့် မဂ္ဂါဝပ် ၁၅ဝ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အစီအစဉ်တို့အတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တင်ပြသော တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း ၂၃ ခုအနက် Smart & Eco City စီမံကိန်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။ စီမံကိန်းတည်နေရာသည် ဒဂုံမြို့သစ် (အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်) တွင်ဖြစ်ပြီး စီမံကိန်းဧရိယာသည် ၁၆,ဝဝဝ ဧက ရှိသည်။ စီမံကိန်းအမျိုးအစားသည် စက်မှုဇုန်မြို့တော်စီမံကိန်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရသည် စီမံကိန်းကို ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖော်ဆောင်ရန် ရည်မှန်းထားသည်။ စီမံကိန်းကာလသည် ၂ဝ၁၈-၂ဝ၂၆ ဟု ဖော်ပြထားပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍မူ လေ့လာတွက်ချက်ဆဲဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရကမူ ၄င်း၏ Smart & Eco City စီမံကိန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင် စက်မှုဇုန်၂၉ ဇုန်ရှိသော်လည်း မြေဈေးကြီးမြင့်မှု၊ အခြေခံအဆောက်အအုံ မလုံလောက်မှုတို့ကြောင့် နိုင်ငံတကာအဆင့်ရှိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု နည်းပါးနေရာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ဖော်ဆောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် မျှော်လင့်ပြီး Smart & Eco City စီမံကိန်းကို ဖော်ဆောင်ရန် အဆိုပြုခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီးလွှတ်တော်သည် အစိုးရက တင်ပြသော Smart & Eco City အပါအဝင် စီမံကိန်း ၂၃ ခု ကိုစီမံကိန်းတစ်ခုချင်းစီအလိုက် အသေးစိတ်ပြန်လည်တင်ပြရန် ဆုံးဖြတ်ထားပြီး လက်ရှိတွင် လွှတ်တော်က အဆိုပါစီမံကိန်း ၂၃ ခုကို သဘောတူထားခြင်းမရှိသေးဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေဘုန်းလတ်က ပြောသည်။

စီမံကိန်းဖြစ်တန်စွမ်း အကြိုလေ့လာခြင်းအတွက် နားလည်မှုစာချွန်လွှာကို ၂ဝ၁၇ ခုနှစ်၊ မေလတွင် ချုပ်ဆိုထားပြီး စီမံကိန်းဆိုင်ရာ မူဘောင်သဘောတူညီချက်စာချုပ် (Framework Agreement) ကို ချုပ်ဆိုရန်ဆွေးနွေးထားသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရမှသိရသည်။

ရန်ကုန်တိုင်းအစိုးရသည် မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် ၁၁ ခုဖော်ဆောင်မည့် စီမံကိန်းကို ပြီးခဲ့သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် အဆိုပြုတင်ပြထားသည်။

တိုင်းဒေသကြီးအစိုးရ၏ စက်မှုဇုန်အသစ် စီမံကိန်းများနှင့်ပတ်သက်၍ လွှတ်တော်အမတ်အချို့က လက်ရှိ စက်မှုဇုန် ၂၉ ဇုန်တွင် အခြေခံအဆောက်အအုံများပြီး ပြည့်စုံမှုမရှိသေးသည့် အခြေအနေအပေါ် မေးခွန်းထုတ်မှုများရှိသလို ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းအသစ်များကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ဆောင်မှုများအပေါ်လည်း ပြန်လည်သုံးသပ်ရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေးထားသည်။

Credit: The Myanmar Times
ထိုင်း၊ ကိုရီးယား ကုမ္ပဏီများနှင့် တိုင်းဒေသကြီးအစိုးရ၏ စက်မှုဇုန်စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

kt
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service