အုတ်သဲကျောက် ရောင်းအားကျ အခွန်အခများ အခက်ကြုံ

အုတ်သဲကျောက် ရောင်းအားကျ အခွန်အခများ အခက်ကြုံ - Property News in Myanmar from iMyanmarHouse.com
8 Jun 2018 10:58 am တွင် တင်ခဲ့သည်
5472 ကြိမ် ကြည့်ရှု့ပြီး
အုတ်၊ သဲ၊ ကျောက်ဈေးကွက်မှာ အရောင်းအဝယ်ကျပြီး အရှုံးနဲ့ရင်ဆိုင်နေရပေမဲ့ ပေးနေရတဲ့ အခွန်အခတွေ များနေတယ်လို့ သိရပါတယ်။ လက်ရှိ အုတ်သဲကျောက် အရောင်းအဝယ် (၃၀)ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး ဆိုင်းဘုတ်ခွန်တွေ၊ စည်ပင်ခွန်တွေ၊ ဆိုင်ခန်းခတွေ ပေးဆောင်နေရတာတွေ၊ အလုပ်သမား
ခတွေ ဖြေရှင်းနေရတာကြောင့် အခက်အခဲတွေ ကြုံနေရပါတယ်။

' အရောင်းအဝယ်မကောင်းတာက (၂)နှစ်လောက်ရှိပြီ၊ (၃၀)ရာခိုင်နှုန်းလောက် ကျသွားတာ၊ ခုက အများအားဖြင့် စတီးစထရပ်ချာ(Steel Structure)နဲ့ ဆောက်နေတာတွေ များနေတယ်၊ အဲဒါကြောင့် သဲပဲရောင်းရတော့တာ ' လို့ ဟိန်းမင်းတိုး အုတ်သဲကျောက်၊ ဘိလပ်မြေ ရောင်းဝယ်ရေး ဒိုင် မချိချိုကပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်ဆောက်တဲ့သူတွေကလည်း နည်းပါးလာပြီး ဆိုက်တွေဆိုရင်လည်း ရပ်ထားတာတွေများနေတယ်။ အစိုးရကလည်း စည်းမျဉ်းတွေ အမျိုးမျိုးပြောင်းလဲနေတော့ ရှိတဲ့တိုက်ခန်းကိုပဲ ရောင်းနေကြပြီး ရောင်းမထွက်တော့ အလုပ်က မဖြစ်ကြဘူး။ ဆောက်လုပ်ရေးကိုမှီခိုနေပြီး ရောင်းနေတဲ့ အုတ်၊ သဲ၊ ကျောက် အရောင်းအဝယ်ကလည်း အလုပ်မဖြစ်တဲ့ သဘောပဲဖြစ်တယ်လို့ အုတ်သဲကျောက် ရောင်းဝယ်ရေး ဆိုင်တွေက ဆိုပါတယ်။

၂၀၁၈ ဆောက်လုပ်ရေးကဏ္ဍမှာဆိုရင် ပုဂ္ဂလိက ဆောက်လုပ်ရေးကဏ္ဍရပ်ဆိုင်းမှုတွေရှိနေပြီး ရန်ကုန်မှာရှိတဲ့ ဆောက်လုပ်ရေးကဏ္ဍရဲ့ (၅၀)ရာခိုင်နှုန်းအထိ ပြိုကွဲသွားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက ' အစိုးရသစ် အပြောင်းအလဲလုပ်တဲ့အချိန်မှာ ဘတ်ဂျက်မရှိတဲ့အတွက် တစ်နိုင်ငံလုံး ဆောက်လုပ်ရေး ကျဆင်းပါတယ်၊ ဆောက်လုပ်ရေး ကဏ္ဍမှာဆိုရင် အမြဲစဉ်ဆက်လုပ်နိုင်မှ ရပ်တည်နိုင်မှာ ဖြစ်ပါတယ် ' လို့ ပြောပါတယ်။ ဆောက်လုပ်ရေးကဏ္ဍ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဘတ်ဂျက်တွေအများကြီး လုပ်နိုင်ခဲ့ပေမဲ့ ပုဂ္ဂလိက ကဏ္ဍမှာ မလုပ်ပေးနိုင်ခဲ့ဘူးလို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

' အုတ်၊ သဲ၊ ကျောက် အရောင်းအဝယ်မကောင်းတော့ အလုပ်သမားတွေလဲ ဒုက္ခရောက်တယ်၊ ကိုယ်တွေက အဆင်မပြေပေမဲ့ အမြတ်အခွန်ရှိသေးတယ်၊ အလုပ်သမားတွေမှာလဲ မိသားစုတွေနဲ့ဆိုတော့ တစ်ရက်ကို အနည်းဆုံး (၅၀၀၀၊ ၆၀၀၀)အနည်းဆုံးပေးရတယ် ' လို့ မချိုချိုက ပြောပါတယ်။ လက်ရှိမှာ
အုတ်၊ သဲ၊ ဘိလပ်မြေတချို့မှာ အနည်းငယ် ရောင်းနေရပြီး အုတ်ဈေးမှာ အနည်းငယ်တက်သွားတယ်လို့ သိရပါတယ်။ အရင်က အုတ်ခဲဈေးမှာ ရောင်းဈေးက (၁၀၈)ကျပ် ရှိခဲ့ပေမဲ့ ခုချိန်မှာ မိုးရာသီရောက်လာတာကြောင့် (၁၁၅)ကျပ်အထိ တက်သွားပါတယ်။ အုတ်ဈေးက (၄)လပိုင်းလောက်ကပဲ တက်နေတာ ဖြစ်ပါတယ်။

အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင် တစ်ဦးက ' မိုးရွာတော့ အုတ်ဖုတ်လို့ မရတော့ဘူး၊ အဲဒီတော့ ဈေးတက်သွားတယ်၊ အုတ်ကို သီတင်းကျွတ်လောက်မှာပဲစပြီးဖုတ်ကြတာ ဖြစ်ပါတယ် ' လို့ ပြောပါတယ်။ ဘိလပ်မြေမှာဆိုရင်လည်း မြန်မာဆင်က (၅၈၀၀)ကျပ်အယ်လ်ဖာက (၅၇၀၀)ကျပ်၊ အုတ်က KBZ ကို(၁၂၅)ကျပ်၊ လက်ဝါးဆိုတဲ့ အုတ်က (၁၁၅)ကျပ်၊ ကျောက်စရစ်က တစ်ကျင်းကို (၅၀,၀၀၀) ဖြစ်ပါတယ်။ ဝါဆို၊ ဝါခေါင်မှာဆိုရင် ကျောက်ဈေးတက်နိုင်ပါတယ်။

ဆောက်လုပ်ရေး ကဏ္ဍပြန်လည် တိုးတက်လာဖို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း MCEA အနေနဲ့ ကြိုးစားဆောင်ရွက်နေပြီးတော့ ဆောက်လုပ်ရေးကဏ္ဍအသစ်ဝင်လာမှသာ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေအရောင်းအဝယ်က ပြန်ကောင်းလာနိုင်မှာ ဖြစ်ပါတယ်။

Credit:The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ...
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

kt
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service