ပင်လယ်မျက်နှာမူ ကွန်ဒို မြိတ်မြို့မှာ ဆောက်လုပ်မည်

ပင်လယ်မျက်နှာမူ ကွန်ဒို မြိတ်မြို့မှာ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
19 Jan 2018 11:26 am တွင် တင်ခဲ့သည်
8679 ကြိမ် ကြည့်ရှု့ပြီး
ပင်လယ်ကို မျက်နှာမူထားပြီး လမ်းလျှောက်ဈေး၊ ကမ်းနားပန်းခြံတွေနဲ့ ပေါင်းစပ်ထားတဲ့ Sea View ကွန်ဒို အထပ်မြင့်အိမ်ရာ စီမံကိန်းကို မြိတ်မြို့မှာ အခုလအတွင်း စတင်အကောင်အထည်ဖော်နိုင်မယ်လို့ Myanmar Builders Gried က သိရပါတယ်။

မြိတ်မြို့ ရေပုန်းရပ်ကွက်၊ ကမ်းနားလမ်း sea view ကွန်ဒို စီမံကိန်းမှာ အဆင့်မြင့်လူနေအိမ် တိုက်ခန်းတွေ ပါဝင်မှာဖြစ်ပြီး မြိတ်မြို့ရဲ့ ပထမဆုံး မိုးမျှော်အဆောက်အအုံ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကွန်ဒို အဆောက်အအုံကို ခွင့်ပြုချက်ရတာနဲ့ Phase One ဖြစ်တဲ့ အဆောက်အအုံလေးလုံး ၂၂ ထပ်၊ ၂၈ ထပ် ပါဝင်တဲ့ လေးလုံးကို နှစ်နှစ်အတွင်း အပြီးသတ် ဆောက်လုပ်မှာပါ။

အမြင့်ဆုံး ၃၂ ထပ်အထိ ပါဝင်မယ့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို ယန်စီမြစ် အင်တာနေရှင်နယ် ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေပြီး ၂၂ ထပ်ကနေ ၃၂ ထပ် အထိပါဝင်ပါမယ့် အဆောက်အအုံပေါင်း ၁၂ လုံး ရှိမှာ ဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သတ်ပြီး EIA, SIA (ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုရာ အသိပေးခြင်း)ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး မကြာမီ လုပ်ငန်း စတင်မှာ ဖြစ်တယ်။

ကွန်ဒို တည်ဆောက်မယ့်နေရာကို စုပေါင်းမြေအဖြစ် ပြောင်းရမှာပါ။ စာရွက်စာတမ်း စုံလင်နေပြီ ဖြစ်တာကြောင့် တိုင်းဒေသကြီး စီမံခန့်ခွဲမှုကော်မတီကို အချိန်နဲ့တစ်ပြေးညီ ဆက်လက်တင်ပြမှာဖြစ်ပြီး သည်လထဲမှာ ခွင့်ပြုမယ်လို့ ယူဆထားပါတယ်။

ခောတ်မီဆန်းသစ်တဲ့ နည်းပညာတွေ၊ ရေကူးကန်၊ ကစားကွင်းနဲ့ လုံခြုံရေးစနစ်တွေကြောင့် မြို့နေလူထုကြားမှာ စိတ်ဝင်စားမှုရှိနေတဲ့ စီမံကိန်းဖြစ်ပြီး စတင်ဆောက်လုပ်မယ့် ယခုလမှ နှစ်နှစ်အတွင်း အဆောက်အအုံလေးလုံးကို အပြီးသတ်တည်ဆောက်မှာဖြစ်ပါတယ်။

Credit: The kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာမ ဒရူးဘယ်ရီမိုး နယူးယောက်မှစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ရောင်းချရန် စီစဉ်...

အသက် ၂၀ အရွယ်တွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကာ အင်္ဂလိပ်စာဆရာ လုပ်ကိုင်ခဲ့ရင်း ထိုင်းကို နှစ်သက်သွားခဲ့သော သြစတေးလျနိုင်ငံသား အသက် ၄၀ အရွယ်၌ ထိုင်းသို့ ပြန်လာကာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ စံအိမ်ကြီးမျိုး ဆောက်လုပ်ကာ အခြေချနေ...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးကြီးက ဒေါ်လာ ၁၀၀၀ စီ လက်ဆောင်ပေး...

ဗြိတိန်၏ တစ်ခုတည်းသော ကန္တာရအလယ်တွင် တည်ရှိသော ဗြိတိန်၏ အထီးအကျန်ဆုံးနေအိမ် အရောင်းဈေးကွက်ဝင်လာ...

အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ်ခဲ့ကြ...

တရုတ်ပြည်တွင် အကျပ်ဆိုက်နေသော အိမ်ခြံမြေကဏ္ဍကို ကယ်တင်ရန်အတွက် ရောင်းမထွက်သော အိမ်များကို အစိုးရက ယွမ်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁ ဘီလီယံ) သုံးစွဲကာ ဝယ်ယူပေးရန် စီစဉ်...

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အတူနေထိုင်နေရသော အင်္ဂလန်နိုင်ငံသား...

အသက်ကြီးသူများ အလွန်များပြားနေသော ဂျပန်နိုင်ငံတွင် လူမနေသော အိမ်လွတ်များ ၉ သန်းခန့်အထိ ရှိလာ...

မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ

မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ

အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK

မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

shwe-wutthmone
golden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service