ရန်ကုန်မြို့တော်တွင် အထပ် ၂၉ ထပ် ကုန်သွယ်မှုစင်တာ တည်ဆောက်မည်

ရန်ကုန်မြို့တော်တွင် အထပ် ၂၉ ထပ် ကုန်သွယ်မှုစင်တာ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
9 Jan 2018 10:39 am တွင် တင်ခဲ့သည်
4880 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်တွင် အထပ် ၂၉ ထပ်ပါရှိသည့် Myanmar International Business Center ကို စက်မှုဝန်ကြီးဌာန ရုံးဟောင်းများနေရာတွင် တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။

အသစ်တည်ဆောက်မည့် TMIBC တွင် နိုင်ငံခြားကုမ္ပဏီများ၏ အရောင်းပြခန်းများ၊ စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများ၏ ထုတ်ကုန်ပြခန်းများ နိုင်ငံတကာ အစည်းအဝေးများ လက်ခံကျင်းပနိုင်သည့် ညီလာခံခန်းမများ၊ ပြည်တွင်းထုတ်ကုန်များ ပြသမည့်ပြခန်းများ ပါဝင်မည်ဖြစ်ပြီး အဆောက်အအုံ တည်ဆောက်ရန်အတွက် ကုမ္ပဏီများကို တင်ဒါခေါ်ယူ၍ ရွေးချယ်ထားကြောင်း၊ အဆောက်အအုံဒီဇိုင်းနှင့် ဆောက်လုပ်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးကော်မတီသို့ ခွင့်ပြုချက်တောင်းခံထားကြောင်း ဦးကိုကိုလွင်က ဆိုသည်။

“ဒီအဆောက်အအုံကြီးကို လာမယ့် ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မှာပါ။ စက်မှုဝန်ကြီးဌာန ဘတ်ဂျက်နဲ့ တည်ဆောက်မှာ မဟုတ်ပါဘူး၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် မြန်မာ့ကုန်သွယ်မြှင့်တင်ရေးအဖွဲ့က ကုန်သွယ်ဗဟိုဌာနကို ရန်ကုန်မြို့ရှိ စီးပွားကူသန်းဝန်ကြီးရုံးဟောင်းတွင် ဖွင့်လှစ်ထားပြီး ၎င်းဗဟိုဌာနတွင် ထွက်ကုန်ဆိုင်ရာ ပြခန်းများ၊ အီးယူသို့ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ပြည်တွင်းကုန်သည်များကို ပေးသည့်ဌာနများ ဖွင့်ထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...

အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...

အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...

ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ

နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက

ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ

၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက

မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင

၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ

ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

yatanar-mall
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service