ရန်ကုန်မြို့တော်တွင် မိုးပျံတံတားစီမံကိန်းနှင့် မြေပေါ်မြေအောက်လျှပ်စစ်ရထား စတင်မည်ဟုဆို

ရန်ကုန်မြို့တော်တွင် မိုးပျံတံတားစီမံကိန်းနှင့် မြေပေါ်မြေအောက်လျှပ်စစ်ရထား စတင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
30 Nov 2017 10:15 am တွင် တင်ခဲ့သည်
5346 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တော်တွင် မိုးပျံတံတား စီမံကိန်းနှင့် မြေပေါ်မြေအောက် လျှပ်စစ်ရထား စီမံကိန်းများကို အကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့်
စက်မှုလက်မှုရေးရာ ကော်မတီထံမှ သိရသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၂၄ ရက်နေ့က ပြုလုပ်သော ဆောက်လုပ်ရေး ဝန်ကြီးဌာန တည်ထောင်သည့် ၁၃၁ နှစ်မြောက် အခမ်းအနား ကျင်းပရေးလုပ်ငန်း ညှိနှိုင်းပွဲအပြီးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းတင့်က ရန်ကုန်မြို့တော်တွင် လူဦးရေ များပြားလာသည့်အတွက် အိမ်ရာစီမံ
ကိန်များနှင့် ယာဉ်ကြော ပြဿနာများ ဖြေရှင်းရန် ကားလမ်းပါသည့် မိုးပျံတံတား စီမံကိန်းကို ၂၀၂၀ ခုတွင် စတင် အကောင်အထည်ဖော်ရန် ဂျပန် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်နေသည်ဟု အသိပေး ပြောကြားသည်။

မိုးပျံတံတား စီမံကိန်းကို ဗိုလ်တထောင် ဘုရားဘက်ခြမ်းမှစပြီး သုဝဏ္ဏနှင့် တောင်ဥက္ကလာ မြောက်ဥက္ကလာဘက်သို့ ပတ်ထွက်သွားမှာဖြစ်ကြောင်း လမ်းဖောက်ရန်အတွက် လမ်းအကျယ် သွားမည်ကား အစီးရေ တံတား စီမံကိန်းတွင် ပါဝင်လုပ်ဆောင်နိုင်သော ပုဂ္ဂလိက ကဏ္ဍများကို ထည့်သွင်းတွက်ချက်နေသည့်အပြင် ချေးငွေများ ရရှိလာလျှင် အမြန်ဆုံး အကောင်အထည်ဖော်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ထပ်လောင်း ပြောကြားသည်။

အလားတူ ရန်ကုန်မြို့တော်တွင် နိုင်ငံတကာ အဆင့်မီ မြေပေါ်မြေအောက် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် Shwe YandanarAung ကုမ္ပဏီ တာဝန်ရှိသူများက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ လာရောက် ရှင်းလင်းတင်ပြခဲ့ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

“ဒီမြေပေါ် မြေအောက် လျှပ်စစ်ရထား ပြေးဆွဲမယ့် အစီအစဉ်က မြို့သစ် စီမံကိန်း မဟာဗျူဟာ လုပ်ငန်းစဉ်အရ ရေးဆွဲထားပြီးဖြစ်တယ်။ အစိုးရဘတ်ဂျက် အပါအဝင် အကျိုးတူ ပူးပေါင်း လုပ်ပါမယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီဝင် တွံတေးမြို့နယ် မဲဆန္ဒနယ် အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးတွင် မော်တော်ကားဖြင့် ရေရှည်မည်သို့မျှ ဖြေရှင်းနိုင်မည်မဟုတ်ရာ ရထားဖြင့် ပို့ဆောင်ရေး လုပ်ငန်းကိုသာ တွင်ကျယ်လာအောင် ကြိုးပမ်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မြေပေါ်မြေအောက် လျှပ်စစ်ရထား ပြေးဆွဲချိန်တွင် မြို့ပတ်ရထား၊ ခရီးသည်တင် ဘတ်စ်ကားလိုင်းများနှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းများနှင့်လည်း ချိတ်ဆက် ပြေးဆွဲရန် လုပ်ဆောင်မည်ဖြစ်ကြောင်း လက်ရှိတွင် မြေပေါ်မြေအောက် လျှပ်စစ်ရထား ပြေးဆွဲခြင်းအတွက် အဆိုပါပြုလွှာ တင်သွင်းခြင်းကိစ္စကို ကုမ္ပဏီနှင့် ဆွေးနွေးသည့် အဆင့်သာရှိပြီး တင်ဒါ ခေါ်ယူခြင်း မရှိသေးကြောင်း မြန်မာ့မီးရထား အကြီးတန်း အရာရှိကတစ်ဦး ဆိုသည်။

“ရန်ကုန်မြို့ အနေအထားက သွားလာရေးမှာ တော်တော် ကြပ်တည်းလာပြီ။ တခြား တိုင်းပြည်မှာလည်း မြို့ကြီးလာပြီဆိုရင် အခုလိုပဲ သွားလာရေးအတွက် တခြား အစီအစဉ်တွေ စဉ်းစားရတယ်။ လူဦးရေ ၁၀ သန်းလောက် ရှိလာပြီးဆိုရင် မြေအောက်ရထားက မဖြစ်မနေ ရှိမှဖြစ်မှာ။ ၁၀ သန်းက မလိုတော့ဘူး။ လူတွေ ထူထပ်နေရာတွေမှာလည်း ရောက်အောင် လုပ်ဖို့ လိုအပ်တယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏက အရမ်းကြီးပါတယ်။ မြေအောက်မှာ သွားမယ်ဆိုရင် တိုင်တူးစရာ မလိုဘူး။ မြေပေါ်ဆိုရင်တော့ တိုင်တူးဖို့ နေရာဂရုစိုက် ရှာရမယ်”ဟု လျှပ်စစ်သာရမယ်ဆိုရင် အကောင်အထည် ဖော်နိုင်ပြီ”ဟု အဆိုပါ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ စီမံကိန်းအနေနှင့် ၂၀၁၈ -၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် စတင်ရန်လျာထားပြီး ၂၀၄၀ ခုနှစ်အပြီး လုပ်ဆောင်ရန် မြို့သစ် စီမံကိန်း မဟာဗျူဟာတွင် ပါရှိကြောင်း ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်ရထားကို DC 600 V လျှပ်စစ်ဓာတ်အား DC Motor များ အသုံးပြု၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က ဝါးတန်းလမ်းမှ လင်းစဒေါင်းအထိ လက်မှတ်ခကျပ် ၁၀ဝ ဖြင့် တစ်ရက်ကို နှစ်ခေါက်နှုန်းဖြင့် စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲခဲ့သည့်အချိန်မှစ၍ ငါးလတာ ကာလအတွင်း ခရီးသွားပြည်သူ စီးနင်းမှု နည်းပါးခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်းများကြောင့် လျှပ်စစ်ရထားကို ဇူလိုင်လ ၁ ရက်တွင် ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ West Corporation တို့ ပူးပေါင်းဆောင်ရွက်သော ကမ်းနားလမ်းပိုင်း၌ လျှပ်စစ်ရထား Phase-1 ကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး Phase-2, 3 ကိုထပ်မံ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန လျှပ်စစ်ရထား ပြေးဆွဲခြင်းဆိုင်ရာ စီမံကိန်းဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service