မြို့သုံးမြို့ တွင် အဆင့်မီဈေးသစ်ကြီးသုံးဈေး တည်ဆောက်မည်

မြို့သုံးမြို့ တွင် အဆင့်မီဈေးသစ်ကြီးသုံးဈေး တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
13 Sep 2017 10:04 am တွင် တင်ခဲ့သည်
5976 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်အတွင်းရှိ မြို့သုံးမြို့တွင် အဆင့်မီ စည်ပင်သာယာဈေးသစ်ကြီး သုံးဈေးကို စုစုပေါင်းငွေကျပ်သိန်း ၁၅ဝဝဝအကုန်အကျခံကာ လာမည့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်း၌ အပြီးဆောက်လုပ်သွားရန်
စီစဉ်လျက်ရှိကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ရုံးမှ သိရသည်။

အဆိုပါ အဆင့်မီဈေးသစ် တည်ဆောက်ရာတွင် ဟားခါးမြို့ဈေးအတွက်
ငွေကျပ်သိန်း ၆ဝဝဝ ဖြင့်လည်းကောင်း၊မင်းတပ်မြို့ဈေးအတွက် ငွေကျပ်သိန်း
၅ဝဝဝ ဖြင့်လည်းကောင်း၊ ပလက်ဝမြို့ ဈေးအတွက် ငွေကျပ်သိန်း ၄ဝဝဝ ဖြင့်
လည်းကောင်း အသုံးပြု၍ အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ် ကြောင်း၊ ဈေးဆောက်လုပ်ရန်အတွက်
ပြည်နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်
သာယာရေးရုံးတွင် ဆိုင်ခန်းပိုင်ရှင်များနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ဈေးဆိုင်
ပိုင်ရှင်များကလည်း ဈေးသစ်ဆောက်လုပ်ရန် သဘောတူညီခဲ့ကြသဖြင့် ယင်းကဲ့သို့တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

''ဈေးတည်ဆောက်တဲ့အခါ တင်ဒါဝယ်ယူရရှိတဲ့ ကုမ္ပဏီကနေ ယခုစက်တင်
ဘာလအတွင်း စတင်ပြီးဆောက်လုပ်မှာ ဖြစ်ပါတယ်။ မြို့ပေါ်မှာနေထိုင်တဲ့ လူဦးရေက တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းတိုးပွားလာတာရယ်၊ လက်ရှိအသုံးပြုနေ တဲ့ဈေးကလည်း မြို့အင်္ဂါရပ်နဲ့ မညီညွတ်
တော့တာရယ်ကြောင့် အခုလိုဈေးသစ်ကို တည်ဆောက်ဖို့ စီစဉ်ကြရတာပါ။ နောက်ပိုင်း ဒေသဖွံ့ဖြိုးလာတဲ့ အခြေအနေပေါ်မူတည်ပြီး ဈေးအဆောက်အအုံကို ခေတ်မီ
ဈေးဒီဇိုင်းပုံစံနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့နိုင်တဲ့အနေအထားမျိုး ဆောက်လုပ်မှာ
ပါ'' ဟု ချင်းပြည်နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြော
သည်။

ဟားခါးမြို့ ပြည်တော်သာရပ်ကွက် အတွင်းရှိ မြို့ မဈေးသည်ဟောင်းနွမ်းနေပြီဖြစ်သဖြင့် အသစ်ပြန်လည်တည်ဆောက်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်းပေါင်း ၁ဝဝ ကျော် ရောင်းချနိုင်ရန် စီစဉ်ထား
ကြောင်း၊ ဈေးတည်ဆောက်နေစဉ်ကာလအတွင်း လက်ရှိမြို့ မဈေးတွင် ရောင်းချ
နေသည့် ဈေးသည်များကို ဝမ္မသူးမောင်အားကစားကွင်းနံဘေးတွင် ယာယီရောင်းချခွင့်ပြုထားမည်ဖြစ်ကြောင်း၊ မင်းတပ်မြို့မဈေးသည် သမ္မတ၏အထူးသီးသန့် ရန်ပုံငွေဖြင့် စတင်တည်ဆောက်နေပြီဖြစ်
ကြောင်း ၎င်းက ဆက်လက်ပြောကြား
သည်။

ချင်းပြည်နယ်အတွင်းရှိမြို့ နယ်များတွင်ကျယ်ဝန်းသည့် ဈေးမြေနေရာသီးခြားမရှိ ဘဲ ကျဉ်းမြောင်းသော ဈေးရုံမြေနေရာ ငယ်များသာရှိပြီး ယခုတည်ဆောက်မည့်
ဈေးမှာ ခေတ်မီဈေး ဒီဇိုင်းပုံစံဖြစ်သည့် အတွက် နောက်နောင်အဆိုပါဈေးကို ထပ်မံ၍ တိုးချဲ့ဆောက်လုပ်လိုသော် အဆင်ပြေစေနိုင်ရန် စီစဉ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...

အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...

အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...

ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...

ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ

နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ပြစ်မှုဖြင့် ထောင်ဒဏ်ကျခံရဖူးသည့်နောက်ကြောင်းကို ဖုံးကွယ်ထားကာ Penthouse ခန်း ငှားရမ်းနေထိုင်သောအမျိုးသား အရေးယူခံရ...

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် အိမ်ခြံမြေအခွန်များ အလွန်မြင့်တက်မှုကြောင့် အသက် ၆၈ နှစ် အရွယ်အထိ အိမ်ခွန်ဆောင်ရန် သက်သက်အတွက် အလုပ်လုပ်နေရသော အမျိုးသားကြီး...

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofino တစ်ခုလုံးကို ငှားရမ်းလိုက်ပြီး ပလာဇာကြီးတစ်ခုလုံးကို ပိတ်လိုက်ကာ အခမ်းအနားကျင်းပ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ

အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff

ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်

အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္

မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

myat-ingyin
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service