အကျည်းတန်တို့ လှပစေဖို့ ဖန်တီးကြပါစို့

အကျည်းတန်တို့ လှပစေဖို့ ဖန်တီးကြပါစို့ - Property News in Myanmar from iMyanmarHouse.com
11 May 2017 10:22 am တွင် တင်ခဲ့သည်
993 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်၊ ၁၉၆၂ ခုနှစ်မတိုင်ခင်က အရှေ့ တောင်အာရှရဲ့ လှပသောမြို့တော်ကြီး ဖြစ်ခဲ့ပေမယ့် ခေတ်တွေ၊ စနစ်တွေရဲ့ သားကောင်ဖြစ်ခဲ့ရတာကြောင့် အခုဆို ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ တို့နှင့်ယှဉ်ရင် တော်တော်လေးနောက်ကျကျန်ရစ်ခဲ့ပါပြီ။

မြန်မာနိုင်ငံကလာတာပါလို့ ပြောလိုက်တာနဲ့ နိုင်ငံတကာက လူအများ ဆုံးသိကြတာက Rangoo လို့ပဲခေါ် ခေါ်၊ Yangon လို့ခေါ်ကြတဲ့ ကျွန်တော် တို့ မြို့တော်ပဲဖြစ်ပါတယ်။ တစ်ချို့နိုင်ငံခြားသားတွေကတော့ ကျွန်တော် တို့ရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နာမည်ပြောလိုက်မှသိတဲ့ နိုင်ငံခြားသားတွေလည်း ရှိပါတယ် ။

ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်း တစ်လျှောက်ကို အခြေပြုတည်ဆောက်ခဲ့တဲ့ မြို့တော် ရန်ကုန်ဟာ အခုလို လူဦးရေတိုးတက်တဲ့ နှုန်းထားအရဆို ၂၀၄၀ မှာ မီဂါစီတီး ဖြစ်လာတော့မှာဖြစ်ပါတယ်။ အခုတောင် လူဦးရေက ခြောက်သန်းလောက်နေထိုင်ကြပါပြီ၊ တကယ်ပုံစံထုတ်တည်ဆောက် ထားတဲ့ မြို့တော်ဟောင်းက လူသုံးသောင်းလောက်အတွက်ပဲ အဆင်ပြေပြေနေဖို့ဖြစ်ပေမယ့် အခုဆိုဆယ်ဆမကတဲ့လူတွေ နေထိုင်နေကြပါပြီ။ ခေတ်အဆက်ဆက် အဆင်ပြေသလို နေခဲ့ကြတာကြောင့်လည်း ရန်ကုန်မြို့ကြီးက ညစ်နွမ်းခဲ့တာ အချိန်အတော်လေးကြာခဲ့ပါပြီ။

အထူးသဖြင့် ရန်ကုန်မြို့ဟောင်းရဲ့ နောက်ဖေးလမ်းကြားတွေဆိုရင် အမှိုက်ပစ်စရာ နေရာတစ်ခုလိုဖြစ်ခဲ့ပါတယ်။ တစ်ချို့နေရာတွေမှာဆို အမှိုက်ပစ်ချင်ရင် ခပ်တည်တည်နဲ့ အပေါ်ထပ်ကနေ အမှိုက်ထုတ်ကို ပစ်ချလိုက်ကြတာတွေရှိပါတယ်။ ဒါတောင် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေက နောက်ဖေးလမ်းကြားတွေ သန့်ရှင်းသာယာလှပစေဖို့၊ အမှိုက်မပစ်ချဖို့ နှိုးဆော်ကြသလို၊ အန္တရယ်ရှိ ဒုစရိုက်သမားတွေခိုအောင်း နိုင်မှာစိုးရိမ်တဲ့အတွက် နောက်ဖေးလမ်း ကြားတွေကို ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် ကို သံပန်းတွေပိတ်တဲ့အပြင် တိုက်ကြိုတိုက်ကြားက လူဝင်ထွတ်နိုင်တဲ့ နေရာတွေကိုပါ တံခါးတွေတပ်နဲ့ လုပ်နေကြဆဲဖြစ်ပါတယ် ။

နောက်ဖေးလမ်းကြားလို့ပြော လိုက်တာနဲ့ အမှိုက်ပစ်စရာ နေရာတစ်ခုလိုဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဘယ်အခန်းက ပစ်ချလိုက်မှန်းမသိတဲ့ အမှိုက်ထုတ်တွေက မြေညီထပ် တိုက်ခန်းတွေရဲ့ နောက်ဖေးပေါက်ကဲလား တွေပေါ်မှာ ဟိုတစ်စ ဒီတစ်စ တွဲလိုခိုနေတာ၊ ပလတ်စတစ်တွေ လေထဲမှာ လွင့်ပျံနေတာတွေ၊ ရေဆိုး၊ ပုပ်ဟောင် နံစော်နေတဲ့ ရွံဗွက်တွေနဲ့ မသတီစရာ နေရာတစ်ခုလိုဖြစ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ မြေညီထပ် တိုက်ခန်းပိုင်ရှင်တွေက အမှိုက်မပစ်ချဖို့အတွက် အော်ဟစ်ပြောဆိုတာ ရန်ဖြစ်တာတွေက ရန်ကုန်ရဲ့ ထူးမခြားနားမြင်ကွင်းတွေ ပဲဖြစ်ပါတယ်။ အပေါ်ထပ်ကနေ အောက်ထပ် နောက်ဖေးလမ်းကြားကို ပစ်ချလိုက်တဲ့ အမှိုက်ထုတ်တွေကလည်း ညညဆိုရင် အာဖဂန်နစ္စတန်ကို နေတိုး ကသွားပြီး ဗုံးမိုးရွာသလား အောက်မေ့ရတယ် တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနဲ့ပေါ့။ မနက်ကျရင်တော့ အမှိုက်တွေ နောက်ဖေးလမ်းကြားမှာ တိုးလာတာက ဖြစ်ရိုးဖြစ်စဉ်ပါ။

တစ်ဖက်က ပြန်ကြည့်လိုက် တော့လည်း ကန်ထရိုက်တိုက်တွေမှာ နေတဲ့လူတွေအတွက် အမှိုက်စွန့်ပစ်စရာနေရာ၊ အမှိုက်ပစ်ရမယ့် အစီအစဉ်က စနစ်တကျ မရှိသေးသလို၊ အမှိုက်ကား လာတဲ့အချိန်မှာလည်း လူတိုင်းထမင်း တစ်လုပ်အတွက် လှုပ်ရှားနေကြရလို့ အလုပ်လုပ်နေကြတဲ့အချိန်တွေ ဖြစ်တာကြောင့် လူတော်တော်များများ အိပ်ပျက်ခံ ဒုက္ခခံပြီး အမှိုက်ကားလာတဲ့အချိန်ထိ မစောင့်ကြတော့ဘဲ အလွယ်တကူနောက် ဖေးလမ်းကြားတွေထဲကို လူမမြင်ရင်ပြီး ရောဆိုတဲ့ပုံစံနဲ့ ပစ်နေတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရန်ကုန်နောက် ဖေးလမ်းကြား သန့်ရှင်းရေးစီမံချက်ဆိုပြီး လုပ်လာပေမယ့် အံဝင်ဂွင်ကျတဲ့ အမှိုက်သိမ်းစနစ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်သလို အမှိုက်နဲ့ပတ်သက်ပြီး စွန့်ပစ်ရမယ့်ပုံစံတွေ အသိပညာပေး မှုတွေကိုပါ တစ်ပါတည်းလုပ်ပေးရမှာ ဖြစ်ပါတယ် ။

အခုနောက်ပိုင်း ရန်ကုန်နောက် ဖေးလမ်းကြားတွေကိုရှင်း စီစီတီဗွီတွေ တပ်ပြီး အမှိုက်ပစ်တဲ့လူတွေကို အရေးယူမှုတွေ လုပ်လာတာ၊ လုပ်ဖို့ပြင်လာတာကို တွေ့ရပါတယ်၊ အကျည်းတန် နောက်ဖေးလမ်းကြားတွေ သာယာလှပ အနားယူစရာနေရာအဖြစ် ပြောင်းလဲ လာဖို့လုပ်တာကို ကြိုဆိုပါတယ်၊ ဒါပေမယ့်လည်း တိုက်ခန်းနေပြည်သူတွေ အတွက် အမှိုက်ပစ်ဖို့လမ်းကြောင်း၊ နည်းစနစ်၊ အမှိုက်သိမ်းတဲ့လူနဲ့ အမှိုက်ပစ်မယ့် လူတွေ အဆင်ပြေကောင်းမွန်မယ့် နည်းလမ်းတွေကို ရှာဖွေမှသာ အဖြေမှန်တစ်ခုကို ရမှာဖြစ်ပါတယ် ။

၁၉၉၀ မတိုင်ခင်ကာလတော့ ပြည်ပကို ကူးသန်းသွားလာမှုက သင်္ဘောသား အနည်းငယ်ကလွဲလို့ အရောက် အပေါက်နည်းပါတယ်၊ ရေပေါ်ဆီ လူတန်းစားတစ်ရပ်လောက်ပဲ ပြည်ပကိုထွတ် ဈေးဝယ် ဆေးကုတာလောက်ပဲ လုပ်နိုင်လို့ ကမ္ဘာကြီးနဲ့ မြန်မာပြည်ကြား အဆက်အသွယ်တွေပြတ်တောက် မျက်စိပိတ် နားပိတ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ခေတ်တွေပြောင်း၊ စနစ်တွေလည်း ပြောင်းခဲ့တာကြောင့် လူငယ်လူလတ် လူကြီးတော်တော်များများ ပြည်ပကို မရောက်ဖူး မသွားဘူးတဲ့လူတွေတော်တော်လေး နည်းပါးသွားပါပြီ၊ သွားရတဲ့အကြောင်းရင်း ကွာဟချက်တွေရှိနိုင်ပေမယ့် ပြင်ပကမ္ဘာကြီးရဲ့ တိုးတက်ပြောင်းလဲမှု၊ နောက်ဆုံးပေါ်နည်းပညာတွေကို လူတော်တော်များများ သိမြင်နိုင်ခဲ့ကြပါပြီ ။

ခေတ်မီ အမှိုက်သိမ်းကားတွေ ယခုထက်ပိုမိုများစွာ ပြေးဆွဲအမှိုက်သိမ်း ပေးဖို့လိုသလို၊ အမှိုက်သိမ်းကားလာမယ့် အချိန်ကလည်း ပြည်သူတွေ အများစု အဆင်ပြေနိုင်မယ့် မနက်စောစော သို့မဟုတ် ညနေခင်းတွေမှာဆို အဆင်ပြေမှာဖြစ်ပါတယ်၊ ဒီလောက်တင်းကျပ်တဲ့ စည်းကမ်ချက်တွေချထားတဲ့ကြားက နောက်ဖေးလမ်းကြား အမှိုက်ပစ်တဲ့လူတွေကိုလည်း အရေးယူပေးဖို့လိုပါတယ်၊ ဒါပေမယ့် တစ်အိမ်နဲ့တစ်အိမ် အမုန်းမခံချင်တဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းကြောင့်လည်း ငါ့မိသားစု ငါ့အိမ်ကို တိုက်ရိုက်လာမထိခိုက်ရင် သူတို့ဘာသူတို့ ဘာပဲလုပ်လုပ်ဆိုတဲ့ စိတ်ဓာတ်တွေကိုတော့ ပြန်လည်ပြင်ဆင်တည့်မတ်ဖို့ လိုပါတယ် ။

ချမ်းသာတဲ့ သူဌေးသူကြွယ်ပဲ ဖြစ်ဖြစ်၊ ဆင်းရဲလို့ ပြည်ပထွတ် အလုပ်လုပ်ကိုင်ရတဲ့သူပဲဖြစ်ဖြစ် အားလုံးမှာ တူညီတဲ့အချက်ကတော့ မြန်မာနိုင်ငံကြီးကို တိုးတက်ချင်ကြသလို မြို့တော် ရန်ကုန်ကိုလည်း လှပစေချင်ကြတာကတော့ တူညီကြပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့တော်လို မြေနေရာ ရှားပါးပြီး ပြည်သူတွေ အပန်းဖြေစရာနေရာတွေ နည်းနေတဲ့အခြေအနေမှာ နောက်ဖေး လမ်းကြားလေးတွေကို သန့်သန့်ရှင်း ရှင်းနဲ့ နေပျော်စရာနေရာ၊ ကလေးကစားစရာနေရာလေးအဖြစ် ပြောင်းလဲနိုင်ရင် တိုက်ခန်းနေ ပြည်သူတွေအတွက် ၊ကလေးငယ်တွေ၊ လူကြီးတွေအတွက် သာမက မြို့တော်သာယာလှပရေး အတွက်ပါ သုံးဦးသုံးဖလှယ် အကျိုးရှိ မှာဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်။


ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အကျည်းတန်တို့ လှပစေဖို့ ဖန်တီးကြပါစို့ - Property News in Myanmar from iMyanmarHouse.com
အကျည်းတန်တို့ လှပစေဖို့ ဖန်တီးကြပါစို့ - Property News in Myanmar from iMyanmarHouse.com
အကျည်းတန်တို့ လှပစေဖို့ ဖန်တီးကြပါစို့ - Property News in Myanmar from iMyanmarHouse.com
အကျည်းတန်တို့ လှပစေဖို့ ဖန်တီးကြပါစို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service