တရုတ် developer က ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးကျွန်းတွင် ကန်ဒေါ်လာ ၉၉ သန်းတန် အပန်းဖြေစခန်း တည်ဆောက်မည်

တရုတ် developer က ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးကျွန်းတွင် ကန်ဒေါ်လာ ၉၉ သန်းတန် အပန်းဖြေစခန်း တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
30 Aug 2016 11:12 am တွင် တင်ခဲ့သည်
1509 ကြိမ် ကြည့်ရှု့ပြီး
တရုတ် developer ဖြစ်သော Goldcommon Group သည် ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးကျွန်းရှိ တိုယာရေကန်ကြီးနံဘေးတွင် ဂျပန်ယန်းငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၉၉ သန်း) တန် အပန်းဖြေစခန်း တည်ဆောက်လျက်ရှိကြောင်း ဂျပန်အခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါအပန်းဖြေစခန်းတွင် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁၅၀၀ ခန့်အတွက် အခန်းပေါင်း ၅၀၀ နီးပါး ပါဝင်မည်ဖြစ်ပြီး တရုတ်နှင့် အခြား အာရှနိုင်ငံများမှ ချမ်းသာကြွယ်ဝသော ကမ္ဘာလှည့်ခရီးသည်များ ကာလကြာရှည် တည်းခိုနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက် ခြင်း ဖြစ်သည်ဟု ဆိုသည်။

အပန်းဖြေစခန်း အကျယ်အ၀န်းမှာ စတုရန်းမီတာ ၇၇၀၀၀ ရှိမည်ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။

အပန်းဖြေစခန်းတွင် အထပ်နိမ့်ဟိုတယ် အဆောက်အအုံများ၊ နေအိမ်များ၊ ကွန်ဒိုအဆောက်အအုံများစွာ ပါဝင်မည် ဖြစ်သည်။

အဆိုပါမြို့ကလေးသည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်လာရောက်မှု မြင့်တက်ခဲ့ပြီး ဟိုတယ်များတွင် တည်းခိုသည့် ဧည့်သည်ပမာဏ ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်နှစ်ပတ်လုံး လာရောက်သည့်ဦးရေမှာ ၂၀၀၀၀၀ ကျော်ရှိခဲ့သည်။

ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း အခြားတရုတ်ကုမ္ပဏီတစ်ခုကလည်း တိုယာအွန်ဆန်အမည်ရှိဟိုတယ်ကို ၀ယ်ယူခဲ့ဖူးသည်။

ယင်းဟိုတယ်သည် ၈ ထပ်အမြင့်ရှိကာ အခန်း ၇၆ ခန်းပါဝင်သော ဟိုတယ်ဖြစ်ပြီး လွန်ခဲ့သော ၆၄ နှစ်အတွင်း လည်ပတ်ရပ်တည်နိုင်ရန် ခက်ခဲစွာရုန်းကန်ရလျက်ရှိသော ဟိုတယ်တစ်ခုဖြစ်သည်။

၂၀၁၀ ခုနှစ်တွင်မူ ဒေ၀ါလီခံခဲ့ရကာ ပိတ်သိမ်းလိုက်ရသည်။

လက်ရှိဝယ်ယူလိုက်သော တရုတ်ကုမ္ပဏီက အဆိုပါဟိုတယ်ကို မွမ်းမံပြုပြင်မှုများပြန်လည်ပြုလုပ်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် မေလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ခဲ့သော်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ် developer က ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးကျွန်းတွင် ကန်ဒေါ်လာ ၉၉ သန်းတန် အပန်းဖြေစခန်း တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...

ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ

နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ

သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...

နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

pan-swal-taw
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service